အရောင်းသွက်အောင် ဘယ်လိုလုပ်ကြမလဲ

Friday, October 17, 2014


 `


 


 တရုတ်နိုင်ငံ  Zhejiang ပြည်နယ်၊ Yongkang မြို့ လမ်းဘေးဈေးသည်တယောက်ရဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်ကို ကြည့်ပါ။

 အသားကင်လည်းရောင်းတယ်၊ အကအခုန်လည်း ရတယ်။

လမ်းသွားလမ်းလာများ သူ့ကို အာရုံစိုက်၊ သူဘာရောင်းလဲ သိသွားရင် အ၀ယ်လိုက်မယ်လို့ သူက ယူဆပုံ ရပါတယ်။
သူ ယူဆတဲ့အတိုင်း အာရုံတော့ စိုက်ကြပါတယ်။
သူ့ရဲ့ အ၀တ်အစားကြောင့်လည်း အာရုံစိုက်ချင်စရာပါပဲ။

အရောင်း သွက် မသွက် ဆိုတာကတော့ မသိရပါဘူး။
ငြိမ်နေတာထက်စာရင်တော့ ပိုပြီး သွက်မယ်လို့ မျှော်လင့်ရပါတယ်။

တချို့သော ဈေးသည်တွေကတော့ သူတို့ဈေးဗန်းကို လူတွေ ခလုတ် မတိုက် တိုက်အောင် လူသွားလမ်းပေါ် ကျူးကျော် တင်ရောင်းကြ နယ်ချဲ့ကြတာ တွေ့ဖူးကြမှာပါ။

လမ်းသွားလမ်းလာတွေ လမ်းလျှောက်ရ ခက်ခဲအောင် လုပ်တာထက် စာရင် ဒီဈေးသည်လို ၀တ်ဆင်၊ ကခုန်ပြခြင်းက ပိုပြီး သင့်တော်မယ်လို့ ယူဆရပါတယ်။



 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved