မဲဆောက်က မြန်မာတို့ရဲ့ စုပေါင်းကထိန်

Friday, October 17, 2014





မြန်မာပြည်သားအများအပြား ရောက်ရှိနေထိုင်ရာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ ကထိန်ပွဲ မြင်ကွင်းတွေပါ။ အဲဒီမြို့ဟာ ကရင်ပြည်နယ် တဘက်ကမ်း မြ၀တီမြို့နဲ့ ကပ်လျက် တည်ရှိနေတာပါ။
ကထိန်ပွဲမှာ ပဒေသာပင် အစီအမံက တမျိုးတဖုံ ဖြစ်နေတာ တွေ့ရမှာပါ။
လှူဒါန်းမှုအစုစု အထူးသဖြင့် ဝတ္ထုငွေကို အလှဆင်ထားပုံက ရိုးရှင်းနေတာပါ။
အလှူလက်ခံသူအတွက် အဆင်ပြေလှပါတယ်။

 ကရင်အမျိုးသား (မီဒီယာ) မှာ တွေ့ရတဲ့ သတင်းတိုနဲ့ဓာတ်ပုံ အများအပြားကို ကူးယူ ဖော်ပြလိုက်ပါတယ်။


ထိုင်း -မြန်မာနယ်စပ် မဲဆောက်မြို့မှာ နှစ်ပေါင်း ၁၁၅ နှစ်သက်တမ်းရှိတဲ့ တောရမြန်မာဘုန်တော်ကြီးကျောင်းမှာ ဒေသတွင်းရောက်ရှိနေတဲ့မြန်မာတွေ စုပေါင်းမဟာဘုံကထိန်အလှူ တော် ကျင်းပခဲ့ကြပါတယ်။

အလှူ ရှင်အများစုက အခြေခံလူတန်းစားတွေဖြစ်ကြပြီး သူတို့သမ္မာအာဇီဝနဲ့ စုဆောင်းထားတဲ့ ချွေးနဲစာလေးတွေကို လှူခွင့်ရရှိတဲ့အတွက် ၀မ်းသာပီတိဖြစ်တယ်ဆိုပြီး ကထိန်ပွဲလာကြတဲ့ မြန်မာတွေကပြောဆိုကြပါတယ်။

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved