စစ်အုပ်ချုပ်ရေးနဲ့ စစ်ကျွန်ပညာရေး ဖျက်သိမ်းဖို့ မြေနီကုန်းမှာဆန္ဒပြ

Sunday, October 19, 2014

ရန်ကုန်မြို့ မြေနီကုန်းမှာ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက မျက်နှာဖုံးစွပ် လူငယ် ၁ဝ ဦးလောက်က စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေး ဖျက်သိမ်းဖို့ ဆန္ဒပြပွဲ တခု ဖြစ်ပွားခဲ့ပါတယ်။ 

ယနေ့ ညနေ ဆန္ဒပြမြင်ကွင်းများ၊ ဓာတ်ပုံ- Ko Gyi Myo/ ဧရာဝတီ

 လူငယ်တွေ လာပူးပေါင်းကြ ၊ တော်လှန်ရေး ရေးကိုစတင်ကြ စသဖြင့် လူငယ်တွေက လက်ကိုင် အသံချဲ့ စက်နဲ့ အော်ဟစ်ကာ ပြောက်ကြားဆန္ဒပြပွဲဆင်နွှဲခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

ကြွေးကြော်သံတွေကိုလည်း လက်ကမ်းစာရွက်တွေနဲ့ လိုက်လံ ဝေငှပြီး လမ်းမဘေးကလည်း လူအများက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါတယ်။ ဆန္ဒပြသူလူငယ်တွေဟာ ဘယ်အဖွဲ့အစည်းက ဆိုတာ မသိရ ဘူး လို့ မျက်မြင်တွေက ပြောကြပါတယ်။

မှတ်တမ်းဓာတ်ပုံတွေကိုတော့ Ko Gyi Myo က ရိုက်ကူးထားပြီး သူ့ရဲ့ ခွင့်ပြုချက်နဲ့ ဧရာဝတီက ပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။




မှတ်ချက် ။        ။ ဤဓာတ်ပုံများသည် Ko Gyi Myo ၏ ခွင့်ပြုချက်ဖြင့် ဧရာဝတီ ဘလော့ဂ် က  ဖော်ပြခဲ့တာဖြစ်တဲ့အတွက် ဧရာဝတီဘလော့၏ မူပိုင် ဓာတ်ပုံများ ဖြစ်ပါတယ်။ ဧရာဝတီ အယ်ဒီတာများ၏ ခွင့်ပြုချက်မရပဲ  ပြန်လည် ကူးယူဖော်ပြမှု မရှိပါကြောင်း အသိပေးအပ်ပါ သည်။ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved