အရည်အသွေးမြင့် နားကြပ်လှလှလေးတွေနဲ့ လမ်းသလားကြမလား

Monday, October 13, 2014

-



 
သီချင်းနားထောင်ရတာ ဝါသနာပါတဲ့ ဒီနေ့ခေတ်ရေစီးထဲက ခေတ်လူငယ်တွေအတွက် နားကြပ် ကောင်းကောင်း တလက်က မရှိမဖြစ်ပါပဲ။ စမတ်ဖုန်းကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပြီး Iphone, Ipad, Ipod တွေ ခေတ်စားနေတဲ့ ဒီနေ့ချိန်ခါမှာ အရည်အသွေး ကောင်းကောင်း၊ အသံထွက်အားကောင်းပြီး ဒီဇိုင်းလည်း လှတဲ့ Beats Audio နားကြပ် မျိုးတွေကို လူငယ်တွေ သုံးစွဲလာကြပါတယ်။

Beats Audio System ဟာ အခုနောက်ပိုင်း ထွက်ရှိလာတဲ့ HTC Smart Phone တွေမှာပါ ပါဝင်လာပြီ ဖြစ်ပါတယ်။ Beats အသံစနစ်ကို အသုံးပြုထားတဲ့ နားကြပ်တွေရဲ့ အားသာချက်ကတော့ အခြားသာမန် နားကြပ်တွေနဲ့ မတူဘဲ ဂီတ ပိုင်းဆိုင်ရာ အသံစနစ်ကို ပိုအလေးပေးပြီး ထုတ်လုပ်ထား တာကြောင့် ဘေးပတ်ဝန်းကျင်က တခြား ဆူညံသံတွေ ဝင်မလာစေနိုင်ဘဲ သာမန်နားကြပ်တွေထက် အသံအားက အဆပေါင်းများစွာ ကြည်လင် ပြတ်သားပါတယ်။

Hip Hop ဂီတသမားတွေအတွက် Beats သံကောင်းကောင်းနဲ့ Headphones တွေ Loud Speaker တွေကို စတင် ထုတ်လုပ်ခဲ့ပြီး လက်ရှိမှာလည်း ကမ္ဘာ့ဖျော်ဖြေရေး ကဏ္ဍတွေမှာ ရောင်းအား အကောင်းဆုံးနဲ့ အရည်အသွေး အမြင့်ဆုံး နေရာကို ယူထားတာကတော့ Beats by Dr.dre နားကြပ်တွေပါပဲ။

Dr.dre ဟာ အမေရိကန်က နာမည်ကြီး Hip Hop အဆိုတော်တဦး ဖြစ်ပြီးတော့ Dr.dre ရဲ့ Beat Electronics Company ကထုတ်လုပ်တဲ့ Beats by Dr.dre နားကြပ်တွေက အနိမ့်ဆုံးဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင်က စလို့ ၅၀၀ ဝန်းကျင်လောက်ထိ ဈေးနှုန်း အစားစား အမျိုးအစားစုံရှိပြီး မြန်မာငွေကျပ်နဲ့ဆိုရင်တော့ ၂ သိန်းကျော် ဝန်းကျင်ကစလို့ ၅ သိန်း နီးပါး အထိ ဈေးအစားစားရှိပါတယ်။ နားကြပ်ရဲ့ ကာလာ၊ အရည်အသွေး၊ ဒီဇိုင်းနဲ့ မော်ဒယ်လ် အပေါ်မူတည်ပြီး ဈေးနှုန်းက ကွဲပြားသွားတာပါ။

 


Dr.dre နားကြပ်တွေက သီချင်း နားထောင်ရတာ နှစ်သက်သူတွေ အတွက်သာမကဘဲ ဂီတနဲ့ ပရော်ဖက်ရှင်နယ် အသက်မွေး ဝမ်းကျောင်းပြုသူတွေ အတွက်ပါ အထူးအားထား နှစ်သက် အသုံးပြုနေရပြီး Beats by Dr.dre နားကြပ်တွေရဲ့ ထူးခြားကောင်းမွန်တဲ့ အသံစနစ်ကြောင့်လည်း နာမည်ကြီးနေရခြင်း ဖြစ်ပါတယ်။

Hip Hop, R&B, Pop, Acoustic, Jazz စတဲ့ ဂီတအမျိုးအစားတွေ ဖန်တီးသူတွေကတွေကလည်း Beats သံ မှန်မှန် ထုတ်ပေးနိုင်တဲ့ အားသာချက်ကြောင့် Dr.dre နားကြပ်တွေကို ရွေးချယ်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

Dr.dre Headphones တွေမှာ Dr.dre Beats Studio Wireless, Dr.dre Beats Excutive, Dr.dre Beats Mixr, Dr.dre Beats Pro, Dr.dre Beats by Dr.dre, Dr.dre Beats Solo စသဖြင့် အမျိုးအစားစုံရှိပြီး လူငယ်တွေက Dr.dre Beats Studio Wireless နဲ့ Dr.dre Beats Mixr ကို ပိုကြိုက်ကြတယ်လို့ ဆိုပါတယ်။
Dr.dre Beats Pro ကတော့ Hip Hop ဂီတနဲ့ ပတ်သက်ပြီး Professional လုပ်ကိုင်နေသူတွေ အထူးသဖြင့် DJ သမားတွ အသုံးပြုလေ့ရှိကြတယ်လို့ သိရပါတယ်။
Dr.dre နားကြပ်တွေရဲ့ ဈေးနှုန်းတွေကတော့ ၂ သိန်းခွဲကျော်ကစလို့ ၄ သိန်းခွဲကျော်တဲ့အထိ အစားစား ရှိတယ်လို့ သိရပါတယ်။

 


 Dr.dre က နားကြပ်အပြင် Dr.dre Beats Pill ဆိုတဲ့ Loud Speaker အသေးလေးလည်း ရှိပါသေးတယ်။ စပီကာရဲ့ ဈေးနှုန်းကတော့ ၂ သိန်းခွဲ အထက်မှာရှိပါတယ်။ အရောင်အသွေးလည်းစုံ၊ ဒီဇိုင်းလည်းလှတဲ့ Dr.dre နားကြပ်တွေက အရည်အသွေး မြင့်မားတာကြောင့် ဈေးများပေမယ့်လည်း လူကြိုက်များပြီး အဝယ်များနေရခြင်း ဖြစ်ပါတယ်။

ဒီလို Beats Audio နားကြပ်တွေဟာ မြန်မာပြည် ဈေးကွက်ထဲမှာဆိုရင် အတုတွေလည်း ရှိနိုင်ပါတယ်။ အတုတွေရဲ့ ဈေးနှုန်းကတောင် အနိမ့်ဆုံး ၃ သောင်း ဝန်းကျင်လောက်ကစလို့ တသိန်းနီးပါးအထိ ရှိနိုင်ပါတယ်။ ဒီလို နားကြပ်တွေ ကတော့ များသောအားဖြင့် တရုတ်ဘက်ကနေ ဝင်ပါတယ်။ Dr.dre အစစ်တွေလောက် အရည်အသွေးက Perfect မဖြစ်ပေမယ့် ဒီဇိုင်း၊ ကာလာ မဆိုးတာကြောင့် လူငယ်တွေ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏပေါ်မူတည်ပြီး စိတ်ကြိုက် ရွေးချယ် ဝယ်ယူသုံးစွဲကြပါတယ်။


ပုံမှာပြထားတဲ့ အမေရိကန်နိုင်ငံထုတ် Headphones တွေဖြစ်တဲ့
Dr.dre Beats Studio Wireless,
Dr.dre Beats Excutive,
Dr.dre Beats Mixr,
Dr.dre Beats Pro,
Dr.dre Beats by dr.dre,
Dr.dre Beats Solo စတဲ့ နားကြပ်တွေနဲ့
Dr.dre Beats Pill စပီကာတွေကိုတော့ အမှတ် (၂၆၂၊ စီ)၊ ပန်းဆိုးတန်းလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မှာရှိတဲ့ “Ai KON” Apple Product Sales & Services မှာ ဝယ်ယူရရှိနိုင်ရပါတယ်။

 

သီဟတိုး



 

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved