ထိုင်းပညာရှင်တဦးရဲ့ လိပ်ကျွန်းလူသတ်မှု သုံးသပ်ချက်

Sunday, October 12, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ASTV မှာ ထိုင်းပညာရှင် မစ္စတာ ချပ်ချဝန် ချပ်စူထီချိုင်း( Mr. Chachawan Chartsuthichai) ရဲ့ သုံးသပ် ဆွေးနွေးချက် ဖြစ်ပါတယ်။ 


ပြီးခဲ့တဲ့ ၂ ရက်က ထိုင်းဝန်ကြီးချုပ် မြန်မာပြည် သွားရောက်ခဲ့ပါတယ် ။ မြန်မာသမ္မတ ဦးသိန်းစိန်က လိပ်ကျွန်းက စွပ်စွဲခံ မြန်မာများနဲ့  ပါတ်သက်ပြီး မေးမြန်းခဲ့တယ်လို့  သိရပေမဲ့  ထိုင်းမီဒီယာများက အသေးစိတ် ကို စုံစမ်းလို့ မရသေးပါဖူး ။ 

 နိုင်ငံတကာက လူသတ်မှုကို စိတ်ဝင်စားနေတဲ့ အချိန်မှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ် ။ AFP သတင်း များ အရ သမ္မတ သိန်းစိန် အနေနဲ့  ထိုင်းဝန်ကြီးချုပ် ကို အမှု နဲ့  ပါတ်သက်ပြီး သန့် ရှင်းပြီး အခွင့်အရေး များနဲ့  အညီ ဆောင်ရွတ်ဖို့ ပန်ကြားခဲ့ပြီး အြ ပစ်ရှိရင်လဲ ထိုင်းနိုင်ငံဥပဒေများအရ အရေးယူဖို့  ပြောခဲ့ ပါတယ် ။ 

ထိုင်းဝန်ကြီးချုပ် က ဒီအမှုကို အထူးပြစ်မှု အနေနဲ့  ခံယူထားပြီး လုပ်ကိုင်နေပါတယ်လို့ ပြောသွားပါတယ် ။ ဒီသတင်းကို ထိုင်းနိုင်ငံက ကြိုတင် သတင်းရခဲ့ပြီး မျက်နှာဖုံး သတင်း အနေနဲ့  ရေးသားခဲ့ကြပါတယ ။ 

မနေ့   အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၁၆ မိနစ် ထိုင်းလေယာဉ်ကွင်း ရောက်တဲ့ အခါ ထိုင်း ဝန်ကြီးချုပ်က လူသတ်မှုနဲ့ ပါတ်သက်ပြီး ပြင်ပက အကူအညီပေးတဲ့ အနေနဲ့  စုံစမ်းနေတာတွေကို ရပ်ဆိုင်း ကြပြီး ထိုင်း ရဲ တပ်ဖွဲ့  ရဲ့ လုပ်ငန်းတွေကို စောင့်ဆိုင်းကြဖို့ ပြောလိုက်ပါတယ် ။ 

ထိုင်းမီဒီယာတွေက လူသတ်မှုဝန်ခံ တဲ့ သူတွေက နှိပ်စက် ရိုက်နှက် လို့ ဝန်ခံကြတာ ဖြစ်တယ် လို့  ပြော ကြတဲ့ အခါ ထိုင်းဝန်ကြီးချုပ်က ထိုင်းဥပဒေနဲ့ အညီ ဆောင်ရွတ်နေတာ ဖြစ်ပြီး အင်တာနက်က ရလာတဲ့ သတင်းတွေကို ယူလာပြီး ဘာကြောင့် ယူလာပြီးမေးနေကြတာလဲ ။ 

ထိုင်းနိုင်ငံ အတွင်းမှာ ငြင်းခုံရန်ဖြစ်နေတာ အားမရလို့  ပြင်ပ နိုင်ငံတွေပါ နဲ့ ငြင်းခုံ ရန်ဖြစ် နေရ ရင် ထိုင်းနိုင်ငံ ကို ဘယ်လို ရပ်တည်ကြမလဲ ။ 

ထိုင်းအစိုးရ အနေနဲ့  ထိုင်းနိုင်ငံကို အစအစအရာရာ ပြန်လည်ပြုပြင်နေတဲ့ ချိန်မှာ ထိုင်းနိုင်ငံ မကောင်းဖူး လို့ ထိုင်းတွေက ပြောနေကြတယ် ။ 

 ယနေ့  ထိုင်းနိုင်ငံက တနိုင်ငံတည်း ရပ်တည် လို့ မရတဲ့ အခြေအနေမှာ တော်ကြပါတော့ ။ အကျိုးဆက် က ထိုင်းနိုင်ငံကို လာတဲ့ ခရီးသွား လုပ်ငန်းတွေ နဲ့  ထိုင်းထုတ်ကုန်တွေ အတွက် ပြသနာတွေ ဖြစ် လာနိုင် ပါ တယ် ။ 

အစိုးရ အဆက်ဆက်က ဖြစ်လာတဲ့ ပြဿနာတွေကို အခုအစိုးရ လက်ထက်မှာ မှန်ကန်စွာ ဖြေရှင်းကြရင်း ထိုင်းနိုင်ငံမှာ လွတ်တော် အသစ်လည်း တည်ဆောက်ပြီးခဲ့ပါပြီ ။

 မေးခွန်း == ဒီလို ထိုင်းဝန်ကြီးချုပ်က တောင်းဆို လိုက်တဲ့ အတွက် ထိုင်းပုလိပ်တွေ လူသတ်မှုကို အစားထိုးတဲ့ သံသယ ကို ဘယ်လို ဆက်ပြီး လေ့လာကြမလဲ ။ 

 ဖြေ ==== ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံ အကျိုးအတွက် ပြောသွားကြတာပါ ။ လူသတ်မှု နဲ့ ဖြစ်ပေါ် လာတဲ့ အကျိုးဆက်က ထိုင်းနိုင်ငံရဲ့  အနာဂါတ် မကောင်းဖို့  ဖြစ်လာနေတယ် ။ 

 ဒီအပေါ်မှာ ပြစ်မှု ဆိုင်ရာ မီဒီယာ တွေကို ဝန်ကြီးချုပ် အနေနဲ့  အပြစ်ပြောလို့ မရပါဖူး ။ ပြဿနာ အစ ကို ပြန်ကြည့်ရင် ထိုင်းပုလိပ် တပ်ဖွဲ့ ရဲ့  အမှားတွေကြောင့် စခဲ့တဲ့ ပြဿနာပါ ။. ထိုင်းပုလိပ် တပ်ဖွဲ့ က ထိုင်းနိုင်ငံသားတွေ အချင်းချင်း တောင်မှ မှားတဲ့သူက မှန်နေပြီး မှန်တဲ့သူတွေ မှားအောင်လုပ်ခဲ့ကြတယ် ။ 

ဝန်ကြီးချုပ် ကျောထောက် နောက်ခံထားတဲ့ ထိုင်း တပ်မတော်က ထိုင်းနိုင်ငံ ငြိမ်ဝပ် ငြိမ်းချမ်းရေး လုပ်တာ ကို လူတွေက လူသတ်သမားတွေလို့  စွပ်စွဲခဲ့ကြတာဘဲ ။ မြင်လား ။ ထိုင်းအုပ်ချုပ်ရေး စနစ်ထဲက ထိုင်း ဝန်ထမ်းတွေမှာ အကျင့်ဆိုးကြီး အမြစ်တွယ်နေပြီ။ အထူးသဖြင့် ပုလိပ်အမှုလိုက်တပ်ဖွဲ့  တွေနဲ့  တရားရုံး ဆွဲ ချ တွေပေါ့ ။ ဒီလူတွေကို ဘယ်လိုမှ ယုံကြည်လို့ မရတော့ဖူး ။ 

ထိုင်းလူမျိုး အချင်းချင်းတောင် ယုံကြည်ရတဲ့ အခြေအနေ မရှိတော့ဖူးဆိုရင် ထိုင်းနိုင်ငံထက် အများကြီး တိုးတက်နေတဲ့ လူဖြူတိုင်းပြည်က လူတွေ သူတို့  လူထုအတွက် ဘယ်လို ယုံတော့မလဲ ။ 

ထိုင်းလူမျိုးတွေ လုပ်ကိုင်နေတာ မှန်ကန်မှုရှိရဲ့ လား ။ ဒါကို မပြောကြနဲ့  မရေးကြနဲ့  လို့  ဒီအတွက် ထိုင်းဝန်းကြီးချုပ် ပြောတာကို နားလည်ပါတယ် ။ လူကြီးက ဥာဏ်အမျှော်အမြင်နဲ့  ပြောလိုက်တာပါ . 

ကမ္ဘာကြီးက အဲဒီလို အခြေအနေ မဟုတ်တော့ပါဖူး ။ ကမ္ဘာကြီးက စူးစမ်းတဲ့ လူသားအဖွဲ့ အစည်းတွေနဲ့  ပါ အမေရိကန် ပုလိပ် က လူမည်းတယောက်ကို သေနတ်နဲ့  ပစ်တာ တကမ္ဘာလုံးက စိတ်ဝင်စားပြီး မေမြန်း ကြ စုံစမ်းနဲ့  သူတို့ လူဖြူတွေတောင် ဖြစ်နေသေးတာဘဲ ။ 

သတင်းဆိုတာ အဖြစ်မှန် နဲ့  အမှန်တရား ပေါ်က အခြေခံတာ သေချာပါတယ် ။ ပုလိပ်တွေကလည်း လုပ်ထုံး လုပ်နည်း တွေနဲ့  အဖြစ်မှန်ကို စုံစမ်းစစ်ဆေးရမှာ ဖြစ်တယ် ။ မီဒီယာတွေကို အပြစ်ပြောလို့ မရဖူး ။ 

ပုလိပ်က လူမှားပြီး ဖမ်းတယ် လို့ ယူဆ ထားတာကို ထိုင်းဝန်ချုပ်က မပြောကြနဲ့  တားလို့ မရပါဖူး ။ မြန်မာ သမ္မတ ဦးသိန်းစိန် တောင်းဆိုတာက ထိုင်းဝန်ကြီးချုပ်ကို သေချာအောင် ပြန်စစ်ခိုင်းတာ ။ 

 အင်္ဂလန်ကို ထွက်ပြေး လွတ်မြောက် သွားတဲ့ ရှောင် ဆိုသူက ဒဏ်ရာတွေ ရခဲ့တယ် ။ ဇွဲကြိုးချပြီး သတ် ဖို့ ကြိုးစားခိုင်းကြတယ် ။ ဆို ပြောတာ ထိုင်းနိုင်ငံမှာ မပြောဖူး ။ သူ့ အသက်အန္တ့ရာယ် ကင်းတဲ့ သူ့  တိုင်းပြည်ရောက်မှ ပြောတာ ။ 

 (ထိုင်းဝန်ကြီးချုပ် နေပြည်တော် ရှိနေတဲ့အချိန်) မနေ့ ကမှာ ရှောင်က ရေးလိုက်တာ ။ လူသတ်သမားကို သူမသိပါဖူး ။ သူသေသွားခဲ့ရင် အင်တပ်( Inn Touch ကလူတွေလို့ ပြောခဲ့တာပါ ။ ဦးနှောက် တဝက်
လောက်နဲ့  လူတွေ တောင် မြန်မာတွေ သတ်တယ် လို့ မစဉ်းစားပါဖူး ။ ရှောင်က ဆက်ရေးထားတာက သူ့ အနေနဲ့  ဘာမှ မတတ်နိုင်ပါဖူး ။ 

ဒီပြဿနာတွေဟာ လူသတ်သမားတွေ လိမ်ညာပြီး စတင်ဖန်တီးကြတဲ့ ပြဿနာဖြစ်ပါတယ် ။ ရှောင် ကို လူသတ်သမားတွေက လူသတ်တရားခံ အဖြစ် အစားထိုး စွပ်စွဲဖို့  ကြိုးစား ခဲ့သေးရင် ပြေးတဲ့ မြန်မာလည်း အစားထိုး ခံရမှာပေါ့ ။ 

ရှောင် ကံကောင်းသွားတာက ကူညီသူ သတင်းထောက် ခေါ်ပြီး ရဲစခန်းကို ရောက်အောင် သွားပြီး တိုင် ကြားနိုင်ခဲ့တာပါ ။ 

ဒေးဗစ် သူငယ်ချင်း ကို စစ်တော့လည်းသွေးစွန်းနေတဲ့ ဘောင်းဘီ တွေတယ် ။ ဒီဘောင်းဘီဘယ်က ရတာ လဲ ။ 

( မီဒီယာပြောချင်တာ နားမလည် ဖူး) တကယ်တန်း ထုံးတမ်းစဉ်လာ လုပ်ရမှာက ရုပ်ရှင်ထဲမှာ ကြည့်ဖူးနေ ကြတာဘဲ ။ အချင်းဖြစ်ပွားတဲ့ နေရာတွေကို ကြိုးတွေ တန်းပြီး တာဝန်ရှိသူမှ အပ ဘယ်သူမှ မဝင်ရဖူး ။

 ပြီးတော့မှ ကျွမ်းကျင်သူတွေ နဲ့  စနစ်တကျ သက်သေတွေနဲ့  မှတ်တမ်းတင်ရမှာလေ ။ 

အခုတော့ ပွေလီရှုပ်ထွေးမှုတွေ ဖြစ်နေကုန်ပြီ။ ဘယ်သူ လုပ်ခဲ့တာလဲ ။ ဝန်ကြီးချုပ် ယုံကြည်တဲ့ ထိုင်း ပုလိပ် ဘဲ။ 

အကယ်လို့ လူသတ်သမား အစစ်ကို ဖမ်းမိရင်တောင် လိုအပ်တဲ့ သက်သေ အထောက်အထားအတွက် အခက်အခဲ ရှိတယ် ။ 

မှုခင်းဆရာဝန်မကြီး ပြောခဲ့တာဘဲ ပုလိပ် ဆိုတာ ကျွမ်းကျင်သူ ပညာရှင် မဟုတ်ပါဖူး ။ လူသတ်သမား အစစ် ကို မဖမ်းနိုင်ခဲ့တဲ့ ပုလိပ်က အစားထိုး လို့ မရဖူးနော် ။ အဲဒါလည်း အပြစ် ဖြစ်တယ် ။ ထိုင်းပုလိပ်တွေ ဒါမျိုးလုပ်တဲ့ အမှုတွေ အများကြီး ဖြစ်ခဲ့တယ် ။ 

တခါက သခဲ အမှုမှာ သံသယ ရှိသူ ၅ ယောက်လောက်ဖမ်းပြီး စစ်ဆေးတာ တယောက်က အချုပ်ထဲမှာ 
သေသွားတယ် ။ လင်မယားတွေလည်း ကွဲကုန်တယ် ။ နောက်ပိုင်းတော်တော် ကြာမှ အမှုမှန် ပေါ်လာ
တော့ သံသယရှိသူတွေ အားလုံး သေကုန်ပြီ ။ 

ပုလိပ်က သက်သေခံမဲ့သူ အတုတွေကို ဘတ် ၅၀၀ ပေးပြိး သက်သေခံ ခိုင်းတယ် ။ ဘယ်သူမှ စုံစမ်းမယ့် သူ မရှိဖူး ။ တရားရုံးက တရားသူကြီးတွေ လည်း မသိလိုက်ဖူး ။ 

အခု ဒီလူသတ်မှုမှာ ထိုင်းနိုင်ငံသား ဖြစ်ခဲ့မယ် ဆိုရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဖူး ။ တရားခံကို 
သေဒဏ် ပေးလိုက်ပြီ။ 

မီဒီယာတွေ အနေနဲ့  လူသတ်သမား ဘယ်သူလဲ ဆိုတာ သိဖို့  သူတို့  အလုပ်မဟုတ်ပါဖူး ။ ဝန်ကြီးချုပ် 
ပြောတာ မှန်ပါတယ် ။ အမှုစစ်ပုလိပ် အလုပ်ပါ ။ 

အကယ်လို့  မှားဖမ်းခဲ့တယ် ဆိုရင် ပြန်လွှတ် ။ နောက်လူသစ် ပြန်ဖမ်း လို့ မရဖူး ။ ဒီအခြေအနေ က ထောက်လှမ်းရေးက သတင်းစုံစမ်း တဲ့ အခြေအနေပါ ။ 

 ဒီကနေ့  မြန်မာပြည်က အရင်ကလို မြန်မာပြည်သားကို မျက်နှာလွဲ ခဲပစ် လုပ်လို့  မရတော့ဖူး ။ သမ္မတ ဦးသိန်းစိန် ပြဿနာ ရှာမှာ သေချာတယ် ။ မြန်မာပြည် ပြောင်းလဲ သွားပြီ ။ 

 ဒီအတွက် ထိုင်းဝန်ကြီးချုပ်က ထိုင်းမီဒီယာတွေကို ငြိမ်ငြိမ် နေပါလို့  ပြောလို့ မရတော့ဖူး ။ ဒီနေ့ ထိုင်ရပ် သတင်းစာ မျက်နှာဖုံးမှာကြည့် သန့် ရှင်းစွာ မြန်မာတွေကို စုံစမ်း စစ်ဆေးဖို့ တောင်းဆို လို့ ရေးထားပါ တယ် ။ 

ထိုင်ရပ် သတင်းစာ က စုံစမ်းတဲ့ အခြေအနေကိုရေးတာ ။ စစ်ဆေးတာမှ မဟုတ်တာ ။ ဒီလို မရေးရင် ထိုင်ရပ် သတင်းစာ က အမှန်တရား ကို စုံစမ်းတဲ့ သတင်း မဟုတ်တော့ဖူး ။ 

ဝန်ကြီးချုပ်ကလဲ သူ့ အလုပ်သူလုပ်တာဘဲ ။ ကိုယ့်အလုပ် ကိုယ် လုပ်ကြပေါ့ ။ 

ဒီမှာကြည့်လေ။ ရှောင်ရေး ထားတာ ။ ရှောင်က လူသတ်သမားကို သိတယ် ။ ဘာလို့ မပြောတာလဲ ။ ထိုင်းပုလိပ်ကလည်း ဘာလို့  ရှောင်ကို မမေးတာလဲ ။ တွေ့ လား ထိုင်းပုလိပ်က ရှောင်ကို အကူအညီ
တောင်းပြီး သံသယ ရှိသူတွေကို မေးမြန်ရမှာ လေ ။ ထိုင်းပုလိပ်တွေ မလုပ်ဖူး ။ 

နယ်မြေခံပုလိပ်တွေက ရော ကူညီချင်စိတ် ရှိရဲ့ လား ။ လောလောဆယ်တော့ နယ်မြေခံ ပုလိပ်တွေ လုပ်လိုက်တာ အမှုက ရှုပ်ထွေးပြီး သက်သေခံ အထောက်အထားတွေ ပျောက်ကုန်ပြီ ။ 

အစားထိုး ဖို့ ကတော့ အရမ်းကို အဆင်ပြေတာပေါ့ ။ အထူးသဖြင့် ထိုင်းစကား မတတ်တဲ့ မြန်မာကို အစား ထိုးဖို့  အဆင်ပြေတာပေါ့ ။ 

ထိုင်းဝန်ကြီးချုပ်ကို ပြောချင်ပါတယ် ။ မီဒီယာက စုံစမ်းတာ ကို မကန့် ကွက်ပါနဲ့  ။ ထိုင်းဝန်ကြီးချုပ် လုပ်ရ မယ့် အလုပ်က ပြဿနာ စဖြစ်တဲ့ ပုလိပ်တွေကို အမိန့် ပေးရမှာက ဘယ်မှာလဲ သက်သေ အထောက် အထားတွေ ။ 

ဘယ်မှာလဲ ကျွမ်းကျင် ပညာရှင်တွေ။ အခု ဖမ်းထားတဲ့ သံသယ ရှိသူတွေ သေချာတယ်ဆိုတာ အထောက် အထားတွေနဲ့  ရှင်းကြစမ်း ။ အခုတော့ ရရှိထားတဲ့ သက်သေ အထောက်အထားတွေကို ချပြလို့ မရပါဖူး ဆိုတော့ လူထုက ရီတာပေါ့ ။ 

နောက် သက်သေ မောင်မောင် က မြန်မာသံရုံးက အဖွဲ့ ကို သူ့ သူငယ်ချင်းတွေ သတ်တာ မမြင်ဖူး ။ သူ့  အနေနဲ့ မယုံရဖူး ပြောလိုက်တာဘဲ ။ 

ထိုင်းဝန်ကြီးချုပ် အနေနဲ့  နဖူးပေါ် လက်တင်ပြီး ပြန်စဉ်းစားသင့်တယ် ။ မီဒီယာက သတင်းမှားတွေ ထုတ်ပြီး လူထု ကို ချပြနေတယ် ဆိုရင် ပုလိပ်တွေဆီက အထောက်အထား တွေနဲ့  ရှင်းပြ သင့်တာပေါ့ ။ ကျွမ်းကျင်သူ ပညာရှင်တွေက သတင်းနားထောင်ရုံနဲ့  သိပြီးသားပါ ။ 

လူသေတွေ စတွေ့ ထဲက ဖြောင့်မတ်ခဲ့မယ်ဆိုရင် အားလုံးက တက်ညီလက်ညီ နဲ့  ထိုင်းနိုင်ငံ ဂုဏ်သိက္ခာ အတွက် ကူညီကြမှာပေါ့ ။ 

 သေသွားတဲ့ လူတွေက အင်္ဂလန်သားတွေ ။ သူတို့ မှာ စကော့တလန်စုံထောက်ဆိုတာ ရှိတယ် ။ 

ထိုင်းပုလိပ်က ဟို လူ့ ကို လွှဲချ ဒီလူ့ ကို အစားထိုး လို့ မရဖူး ။ အခု ဆိုရင် BBC world မှာ စပြီး ပြောနေပြီ ။ သူတို့ ကလူသတ်သမား အစစ် လိုချင်တာ ။ မြန်မာသမ္မတ သိန်းစိန်ကို သူ့ နိုင်ငံသားက တကယ် သတ် တယ် ဆိုရင် လုံလောက်တဲ့ အထောက်နဲ့  ရှင်းပြနိုင်ရမှာပေါ့ ။ 




ထိုင်း အခြေစိုက် ASTV တွင် သုံးသပ်သွားတဲ့ Mr. Chachawan Chartsuthichai နဲ့ အင်တာဗျူးကို နယ်သာလန် နိုင်ငံနေ ကိုဌေးတင့်မှ ထိုင်းဘာသာမှ မြန်မာဘာသာသို့ ပြန်လည် ဘာသာပြန်ထား
ခြင်း ဖြစ်ပြီး ၄င်း၏ အာမခံချက်၊ ခွင့်ပြုချက်ဖြင့် ဧရာဝတီက ပြန်လည် ဖော်ပြသည်။ 


 






1 comments :

  1. MingNyo said... :

    ကြက်​ဥနှစ်​​ရောင်​ တိမ်​​တောင်​သဖွယ်​ မင်း​ရေးကြွယ်​ဧ။်​။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved