ပြည်မြို့ရဲ့ ၇ ရက် ငြိမ်းချမ်းရေးဆုတောင်း

Thursday, October 2, 2014


 ~




            ပြည်မြို့ပေါ်ရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘုန်းတော်ကြီးတွေ၊ သိက္ခာတော်ရဆရာတွေ ဦးဆောင်ပြီးတော့...  
ဘာသာရေးပိဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေး၊
 ပြည်တွင်းငြိမ်းချမ်းရေး၊
 အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ရည်ရွယ်ပြီး ၇ ရက် တိတိ ဆုတောင်းပွဲ ကျင်းပပြုလုပ်နေပါပြီ။ 

 


         

   တိုက်ပွဲများဖြစ်ပွားနေ့တဲ့ တိုင်းရင်းသားဒေသတွေနဲ့  ပိဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ
အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေရန်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေးနေတဲ့ ငြိမ်းချ
မ်းရေးဆွေးနွေးပွဲတွေ
အဆင်ပြေစေရန် ဆုတောင်းကြသလို ကမ္ဘာကြီးမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းစေရေး အတွက်လည်း ဆုတောင်းကြတာဖြစ်တယ်လို့ ပထမမြန်မာနှစ်ခြင်းအသင်းတော်မှ
သိက္ခာတော်ရ ဆရာဘကျင်လှက ပြောပါတယ်။

            “လက်ရှိ တိုက်ပွဲဖြစ်ပြီး မငြိမ်းချမ်းတဲ့ဒေသများမှာ ခရစ်ယာန်ဘာသာဝင် အများဆုံးနေထိုင်သည့် တိုင်းရင်းသားဒေသတွေဖြစ်နေတယ်။
အစိုးရနဲ့ လက်နက်ကိုင်တွေ ဆွေးနွေးနေတာကို အမြန်ဆုံး ပြေလည်စေချင်တယ်။
ဘယ်သူမှားတယ် ဘယ်သူမှန်တယ်တော့ မပြောချင်ပါဘူး။
 နှစ်ဘက်စလုံးက ဘုရားမေတ္တာကို ခံစားပြီး အလျှော့ပေးမှ အဆင်ပြေနိုင်မယ်

ငြိမ်းချမ်းရေးဆုတောင်းပွဲတွေဟာ ကနဦးခြေလှမ်းဖြစ်တယ်လို့  ဆရာဘကျင်လှက ရှင်းပြပါတယ်။
         
 “လောလောဆယ်တော့ ကျနော်တို့က UN တို့လို့ သံတမန်အနေနဲ့ ကြားဝင်ညှိနှိုင်းတာလည်း မလုပ်တတ်ဘူး။
NGO တွေလိုလည်း ငွေကြေးနဲ့ လိုအပ်တာတွေ ထောက်ပံ့ပေးနိုင်မှု မရှိသေးတော့ ပထမခြေလှမ်းအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေစုပြီး
သူတို့တွေအတွက်  ဆုတောင်းခြင်းနဲ့ ပါဝင်ကြတာပေါ့”

  အခြေအနေပေးလာတဲ့အခါ သူတို့မှာ ဒုက္ခသည်တွေအတွက် ကူညီမယ့် အစီအစဉ်ရှိကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။

“နောက်ပိုင်း ကျန်းမာရေးနဲ့ လိုအပ်တာတွေ လှူဒါန်းသွားနိုင်အောင်လည်း ကြိုးစားနေပါတယ်”

            အဲဒီလို ဆုတောင်းပွဲတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၈ ရက်နေ့)က စတင် ကျင်းပပြုလုပ်ခဲ့တာပါ။

 အောက်တိုဘာလ (၄) ရက်နေ့ (စနေနေ့)အထိ  တရက်ကို ပြည်မြို့ပေါ်ရှိ ဘုရားကျောင်းတကျောင်းစီ အလှည့်ကျ ဆုတောင်းပွဲကျင်းပပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဆုတောင်းပွဲ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 
ကောင်းမြတ်မင်း

 

 



 
 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved