ဥက္ကာမင်းသာရဲ့ စကားစမြည်

Tuesday, October 21, 2014

.
 

 


ကျနော် အခု သရုပ်ဆောင် ဇေရဲထက်၊ ဝတ်မှုံ ရွှေရည်တို့နဲ့အတူ အသက်သွင်းလိပ်ဟြဆိုတဲ့ ဗီဒီယို ဇာတ်ကားလေး ရိုက်ထားပါတယ်။
ဝတ်မှုံရွှေရည်နဲ့ စိန်သင်္ကန်းကြော်ငြာ ရိုက်ထားတယ်၊ ရေချိုးခန်းပစ္စည်း ကြော်ငြာလည်း ရိုက်ထားပါတယ်။


ဥက္ကာမင်းသာ
အသက် ၂ဝ၊
ဒုတိယနှစ်အင်္ဂလိပ်စာ၊
မန္တလေးအဝေးသင်တက္ကသိုလ်၊
မိတ်ကပ် ဆံပင် ဓာတ်ပုံ - Aroma

ကျနော်ရိုက်ခဲ့တဲ့ Sunkist အချိုရည်ကြော်ငြာက ကျနော့်ကို ပရိသတ်တွေ သတိထားမိစေခဲ့ပါတယ်။
အဲဒီကြော်ငြာ ရိုက်တုန်းကလည်း နိုင်ငံခြားက ဒါရိုက်တာတွေက ကျနော့်ကို သဘောကျကြတယ်။

ကျနော့် တကိုယ်တော် Single အခွေမှာ Miss မေမြတ်နိုးနဲ့အတူ မှော်ဆရာမနဲ့ မျက်လှည့်ဆရာ ဆိုတဲ့သီချင်း ဆိုထားပါတယ်။
 နောက်ပြီး ရတနာမိုင်နဲ့လည်း သီချင်းတပုဒ် ကျနော့်အခွေအတွက် ဆိုမှာပါ။ ကျနော့်အခွေမှာ Featuring တွေ ပါပါမယ်။
 ရတနာမိုင်ရဲ့ သီချင်းမှာလည်း ကျနော် သရုပ်ဆောင်ထားပါတယ်။

ကျနော့် တကိုယ်တော်အခွေလည်း လုပ်နေပါတယ်။ ကျနော် အနုပညာအလုပ်ကို အောင်မြင်အောင် လုပ်မှာပါ။
ဒါပေမယ့် အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ ကိုယ့်ရဲ့ ကံနဲ့စန်းနဲ့လည်း ဆိုင်သလို ပရိသတ်အားပေး လက်ခံမှုနဲ့လည်း ဆိုင်ပါတယ်။
အနုပညာအလုပ်ကို ကျနော်အသက်ရှင်နေသရွေ့ လုပ်သွားမှာပါ။
တချိန်ချိန်မှာ ပရိသတ်က ကျနော့်ကို လက်ခံလာမယ်၊ ပရိသတ်တွေရဲ့မေတ္တာကို ရမယ်လို့တော့ ကျနော်ယုံကြည်ပါတယ်။
ကျနော့်ဘဝကို ကျနော်က အနုပညာတွေနဲ့ ဖြတ်သန်းချင်ပါတယ်။
 နောက်ပြီး  ပရဟိတအလုပ်တွေလုပ်ပြီး ပရိသတ်တွေအတွက် အကျိုးရှိစေတဲ့အရာ၊
 ကျနော့်ဘက်က တတ်နိုင်တဲ့အရာလေးတွေနဲ့ ပရိသတ်ကို ကျေးဇူးဆပ်မယ်လို့ စိတ်ကူးထားပါတယ်။

ကျနော်က စာဖတ်ရတာတော့ ပျင်းတယ်။ လူ့လောကအတွက် မဖတ်မဖြစ်ဖတ်ရမယ့် စာအုပ်တွေတော့ ဖတ်ဖြစ်ပါတယ်။
ကျနော်က ဖက်ရှင်ဆိုရင်စွပ်ကျယ်နဲ့ ဘောင်းဘီအတိုပဲ ဝတ်ရတာကြိုက်တယ်။ လွတ်လွတ်လပ်လပ် ဖက်ရှင်တွေပေါ့။
ပွဲသွားမယ်ဆိုရင်တော့ ပွဲနဲ့လိုက်ဖက်မယ့် ပုံစံတွေ ဝတ်ရတာ ကြိုက်ပါတယ်။
ကျနော် ဆယ်တန်းအောင်အောင်ချင်းပဲ ရန်ကုန်တက်လာပြီး အနုပညာအလုပ် တွေလုပ်ဖြစ်တယ်၊
အနုပညာကပဲ ကျနော့်ကို ဘဝအကြောင်းတွေ၊ ပတ်ဝန်းကျင် နေထိုင်မှုအကြောင်းတွေ အားလုံးကို သင်ပေးသွားတာပါ။

အောင်မြင်မှုဆိုတာ ကျနော့်အယူအဆက ကိုယ့်အလုပ်ပေါ်မှာ အကောင်းဆုံးလုပ်မယ်၊ ကြိုးစားမယ်ဆိုရင် တချိန်ချိန်တော့ အောင်မြင်မှုရမှာပါ။
ဒါပေမယ့် အောင်မြင်မှု အစစ်အမှန်ဖြစ်ဖို့တော့ လိုပါတယ်။ ကိုယ့်အောင်မြင်မှုက ယုတ်မာပြီး ရခဲ့တာလား၊ သူများကိုနင်းပြီး ရခဲ့တာလား ဆိုတာတော့ ရှိသေးတာပေါ့။
ကျနော်က အောင်မြင်မှုကို အဲဒီလောက်ကြီးတော့ မခံစားနေပါဘူး။ ကျနော်လုပ်စရာရှိတာ လုပ်နေမယ်၊ ကြိုးစားနေမယ်။
ကိုယ်အောင်မြင်မယ့် အချိန်ရောက် လာရင်တော့ ဘယ်သူတားဆီးတားဆီး မရပါဘူး။ ကျနော့်ဘဝ ဖြတ်သန်းမှုကို ကျနော် စိတ်ကျေနပ်မှုရှိပါတယ်။

 


ဒီခေတ်မှာ လူငယ်တွေ ဘယ်လိုပဲ အခွင့်အလမ်းတွေ ရလာပါစေ၊ ကိုယ်တိုင်ကြိုးစားမှုကတော့ လိုအပ်ပါတယ်။
အခွင့်အလမ်းရပြီး ဘာမှမလုပ်ဘူး ဆိုရင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
ကိုယ်လုပ်တဲ့ အလုပ်တခုကို ရည်မှန်းချက်တခု ထားပြီးတော့ အဲဒီရည်မှန်းချက်ကို မပျောက်ကွယ်စေဘဲ ရည်မှန်းချက်အတိုင်း လုပ်မယ်ဆိုရင် အမြန်ဆုံး အောင်မြင်မှုရမှာပါ။
ကိုယ့်ဦးတည်ချက် မပျောက်ကွယ်ဘဲ ကြိုးစားရင်တော့ အမြန်ဆုံး အောင်မြင်မှာပါ။

မြတ်သူအောင်

ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာ သူတို့ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊
လန်းဆန်း တက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။
လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက်အကျတွေ တပါတည်း ပါလာတတ်စမြဲ ဖြစ်ပါတယ်။
 ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်းပုံစံ ကွဲလွဲမှု၊ ခေတ်ရေစီးအပြောင်းအလဲ စတာတွေကို လေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြနေပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved