ဘန်ကောက်မှာ ဆိုင်ကယ်စီး မြန်မာ ၂ ဦး မတော်တဆမှုကြောင့် သေဆုံး

Monday, October 20, 2014


 
.




 


တနင်္ဂနွေနေ့က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေယာဉ်ကွင်းအနီး လမ်းကျော်တံတားပေါ်ကနေ ဆိုင်ကယ်တစီး ပြုတ်ကျတဲ့အတွက် အဲဒီဆိုင်ကယ်နဲ့လိုက်ပါသွားတဲ့ မြန်မာ ၂ ဦး သေဆုံးသွားကြောင်း ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းတပုဒ်မှာ ရေးထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ  သေဆုံးသူတွေဟာ ၃၆ နှစ်အရွယ် Sor Win နဲ့ ၃၄ နှစ်အရွယ်  Ngo Muang တို့ ဖြစ်ပါတယ် တဲ့။

နာမည်တွေက ကိုစောဝင်း၊ ကိုညိုမောင်လို့ အသံထွက်ရမယ် ထင်ပါတယ်။

နေ့ခင်း ၂ နာရီဝန်းကျင် လေဆိပ်ဘက်ကို အသွား - လမ်းအကွေးမှာ ဆိုင်ကယ်က ဘေးကိုထွက်သွားပြီး တံတားအောက်ရောက်သွားကြောင်း သတင်းမှာ ရေးပါတယ်။

သူတို့ရဲ့ရုပ်အလောင်းတွေ ပူးကပ်နေပြီး ခြေ၊ လက် ကျိုးပဲ့နေတယ်လို့ ရဲက ဆိုပါတယ်။

အချက်အလက်ကတော့ ဒီလောက်ပဲ ပါပါတယ်။

သေဆုံးသူတွေအကြောင်း အချက်အလက် ထပ်ရရင် ဒီဘလော့မှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။


.


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved