ချင်းမီဒီယာတွေကို ထုတ်ဝေခွင့် ချင်းပြည်နယ် အစိုးရက တားဆီးပိတ်ပင်

Monday, October 20, 2014

ချင်း မီဒီယာများအပေါ် ချင်းပြည်နယ် အစိုးရမှ ထုတ်ဝေခွင့် တားဆီးပိတ်ပင်မှုများပြုလုပ်လာတဲ့ အပေါ်
 ချင်းမီဒီယာကွန်ယက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 




ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းမီဒီယာကွန်ယက်ရဲ့ အမြင်နှင့် ပူးပေါင်းပါဝင်ပေးရန်နှိုးဆော်ခြင်းလို့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ချက် အပြည့်အစုံကတော့ ... 



ဦးသိန်းစိန်အစိုးရတက်ပြီး အစိုးရသစ်ပြောင်းလဲလာပြီးနောက်ပိုင်းမီဒီယာအခန်း ကဏ္ဍ သည်လည်း ဆင် ဆာ ကင်းလွတ်ခွင့်၊ ထုတ်တင်စနစ်ဖြင့်ပြောင်းလဲထုတ်ဝေခွင့်များ ရှိလာခဲ့သည်။ 

တိုင်းရင်းဒေသများ တွင် လည်း အစိုးရမှ တိုင်းရင်းဘာသာစကား များသင်ကြားခွင့်ပိတ်ပင် လိုက်ပြီး  
နောက်ပိုင်း   မိမိတတ်အား သရွှေ့ ကိုယ့်စာပေကို ထိန်းသိမ်းလာသည်နည်းတူ ယခုအချိန်တွင် ဌာနေ မိမိတိုင်းရင်းဘာသာစကားများ ကို ထိန်းသိမ်းသည့်အနေဖြင့် စာစောင်များ ထုတ်ဝေလာခဲ့ကြသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈)၊ အပိုဒ် (၃၅၄)၊ အပိုဒ်ငယ် (ဃ) တွင်လည်း မိမိမြတ်နိုး တန်ဖိုးထား သည့်ဘာသာစကား၊ စာပေ၊ ယဉ်ကျေး မှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက် ခွင့်ပေးထား ပြီးဖြစ်သည်။ 

ထို့ကြောင့် မိမိတို့ချင်းတိုင်းရင်းသားများအနေဖြင့်လည်း ခေတ်အဆက်ဆက်အစိုးရမှ ပိတ် ပင်သည့်မိမိ တန်ဖိုးထား သည့်ဘာသာစကားများ မပပျောက်စေရေးနှင့် ဒေသခံများအနေဖြင့် မိမိဘာသာ စကားများ အား ထိန်းသိမ်းတတ်စေရန ရည်ရွယ် လျက် မိမိတတ်အားသရွှေ့ဒေသစကားဖြင့် စာစောင်များ ထုတ်ဝေ လျက်ရှိသည်။

 တစ်ဖက်တွင်လည်း ပြည်မမှမီဒီယာကြီးများနှင့် အလှမ်းဝေးသည့်ဒေသဖြစ် သဖြင့် ချင်းပြည်နယ် အတွင်း
ဖြစ် ပျက်သည့်အရာများအား လက်လှမ်း မမှီနိုင်ခြင်းများကို မိမိတို့ဘာသာ စကားဖြင့် သတင်း အချက် အလက် များအား ပြည်သူများသိစေရန် ရေးသားထုတ်ဝေလျက်ရှိသည်။ 

တစ်ဖက်တစ်လမ်းတွင်လည်း ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုဖြစ်သည့် စတုတ္ထမဏ္ဍိုင်အခန်းကဏ္ဍတွင် တတ်အားသရွှေ့ပူးပေါင်းကြခြင်းလည်းဖြစ်သည်။ 

ထိုသို့ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မိမိတန်ဖိုး ထား   သည့် ဘာသာစကားများဖြင့်ထုတ်ဝေနေခြင်း၊ ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုဖြစ်သည့်မီဒီယာ မဏ္ဍိုင် အားကောင်းရန်တစ်ဖက်တစ်လမ်းက ဆောင် ရွက်ခြင်း ကို အစိုးရမှ အားမပေးသည့်အပြင် ထုတ်ဝေ ခွင့်မရှိဆိုသည့်အကြောင်းပြချက်တစ်ခုတည်းဖြင့် ပိတ်ပင်မှုများကိုချင်းပြည်နယ် အစိုးရ၏ ညွှန် ကြားချက်ဖြင့်မြို့နယ်အုပ်ချုပရေးရုံးများမှပြုလုပ်လာသည်။ 

လက်ရှိအချိန်တွင် ချင်းပြည်နယ်တွင် ဂျာနယ် ဆိုဒ်ဖြင့်ပင် ဂျာနယ်ထုတ်ဝေရန် အခက်အခဲများ ရှိသည့် အတွက် A3၊ A4 ဆိုဒ်များဖြင့် သာ ထုတ် ဝေနိုင် မှုပိုများသေးသည်။ 

ပုံနှိပ်နှင့်စာပေထုတ်ဝေခွင့်ဥပဒေမပြဌန်းမီအချိန်ထိ ချင်းပြည်နယ်တွင် ဂျာနယ်အဆင့် ထုတ်ဝေနိုင်သည့် ဂျာနယ်(၄) ခုသာမှတ်ပုံတင်ရှိသည်။ အခြားစာ စောင်များမှာစာစောင် (အချို့လက် ကမ်းစာစောင်ပုံစံ) အဆင့်ဖြင့်သာ တစ်ပိုင်တစ်နိုင်ဖြင့် မိမိစာပေထိန်းသိမ်းသည့်အနေဖြင့် ကိုရေးသား ထုတ်ဝေ ကြသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်ကိုအဓိက အားကိုး ထုတ်ဝေသည့် စာစောင် များဖြစ်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ခွင့်ပြုပြီးဖြစ်သည်။

နောင် ရေရှည်တွင် မှတ်ပုံတင်ပြု လုပ်ပြီး ဂျာနယ် အဆင့် အထိပါထုတ်ဝေရန်ကြိုးပမ်းနေကြသည့် စာစောင် များဖြစ်သည်။ 

ယခုကဲ့သို့ အညွှန့်တက်ခါစ ချင်းမီဒီယာ လုပ်ငန်းလုပ်လိုသည့် စာစောင်လည်းဖြစ်၊ မိမိဘာသာစကားကို ထိမ်း သိမ်းပြီးထုတ်ဝေ သည့်စာစောင်များအား အညွှန့်ချိုးသကဲ့သို့ ချင်းပြည်နယ်အစိုးရလုပ်ရပ်သည် ယခင် စစ်အစိုးရနှင့် တူသကဲ့သို့ မိမိစာပေချစ်မြတ်နိုး သည့်စာဖတ်ပရိတ်သတ်များလည်း မကျေမ လည်ဖြစ် ကြရသည်။

 ယခုအခါ ဟားခါးမြို့အခြေစိုက် ဟားခါး(lai) ဘာသာစကားဖြင့် တစ်ပတ်လျှင်နှစ်ကြိမ် ထုတ်ဝေပြီး တစ် ပတ်လျှင် သုံးကြိမ်ထုတ်ဝေနိုင်ရန်ကြိုးပမ်းလာသည့် Hakha Post (A3 လေး မျက်နှာဖြစ်ပြီး ဟားခါးမြို့နယ် အတွင်းသတင်း update အလုပ်နိုင်ဆုံး) စာစောင်အား စက်တင်ဘာ (၂၉) ရက်နေ့မှ စတင်ပြီး မထုတ်ဝေ ရန်ပိတ်ပင်ခြင်း၊ ဖလမ်းမြို့နယ်အခြေစိုက်ကာ ဖလမ်း(laizo) ဘာသာ စကားနှင့် (A3 လေးမျက်နှာ) 
နေ့စဉ်ထုတ်ဝေသည့် Falam Post စာစောင်တို့ကို ခွင့်ပြုချက်မရှိ ဆိုသည့် အကြောင်းပြချက် တစ်ခု တည်းဖြင့် အောက်တိုဘာ(၁၅) ရက်နောက်ပိုင်းမထုတ်ဝေရန် ပိတ် ပင်ခဲ့သည်။ 

ချင်းပြည်နယ်တွင် အဆိုပါစာစောင်မျိုးဖြင့်ထုတ်ဝေသည့် စာစောင် (၄၀) ၀န်းကျင် ရှိသည်။ အဆိုပါစာစောင် များအနေဖြင့်လည်း ယခုအခါခြိမ်းခြောက်ခံရသကဲ့သို့ဖြစ်နေသဖြင့် အဖူး ထွက်ခါစ ချင်းမီဒီယာလောက အတွက် ရင်လေးစရာပင်ဖြစ်သည်။ 

ယခုကဲ့သို့ကိစ္စမျိုးကို အခြားအခြားသောဒေသ များမှ မီဒီယာလုပ်ငန်း လုပ်ဆောင် နေကြသည့် အဖွဲ့များ အနေဖြင့်သော်လည်းကောင်း၊ အနေဖြင့်သော် လည်းကောင်း၊ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့်
သော်လည်းကောင်း ဦးခေါင်းလှည့် ပူးပေါင်း အကြံပေးရန် အကူအညီတောင်းခံနှိုးဆော် အပ်ပါသည်။ 



ဆလိုင်းဟုန်းထွန်းဂေ (၀၉ ၃၃၃၄၇၄၃၀) 

ချင်းမီဒီယာကွန်ယက်အဖွဲ့ကိုယ်စား 














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved