ပါတီ တရားဝင်တည်ထောင်ခွင့်အကြောင်း လူ့ဘောင်သစ် ရှင်းမယ်

Thursday, October 30, 2014

~



လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သူတို့ရဲ့ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို သောကြာနေ့ ရန်ကုန်မှာ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

 
  • (ပါတီဖေ့စ်ဘုတ်ရဲ့ မျက်နှာစာ ဓာတ်ပုံ)

"ပါတီ တရားဝင် တည်ထောင်ခွင့်" ရရှိပြီး တပတ်အကြာမှာ ပြုလုပ်မယ့် ရှင်းလင်းပွဲဖြစ်ပါတယ်။

ဒီအမည်နဲ့ ပါတီထောင်ဖို့ ကြိုးစားမှု တခုမက ရှိနေတာကြောင့် ဒီရှင်းပွဲမှာ ဘာတွေပြောမယ်ဆိုတာကိုတော့ မြန်မာ့နိုင်ငံရေးနယ်ပယ်က စိတ်ဝင်တစား စောင့်မျှော် နားထောင်နေမယ်လို့ ယူဆရပါတယ်။

သောကြာနေ့လယ်ခင်း ပါတီဌာနချုပ်တည်ရှိရာ ဆိပ်ကမ်းသာလမ်းမှာ ရှင်းလင်းပွဲလုပ်မယ့်အကြောင်း မီဒီယာသမားများကို ဖိတ်ခေါ်ထားပါတယ်။

 



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved