ဥက္ကာကျော်၊ ဆုပန်ထွာတို့ရဲ့ ကွန်ဒိုဝယ်ခြင်းနဲ့ ဖေ့စ်ဘုတ်ကိစ္စ

Wednesday, October 1, 2014

အွန်လိုင်းလောကသားတွေကြား ပွဲဆူသွားခဲ့တဲ့ သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်မှာ ဇနီးလောင်းနဲ့ အတူနေဖို့ ကွန်ဒို တိုက်ခန်းတခန်းကို ဝယ်လိုက်ပါတယ်တဲ့။ 


ဓာတ်ပုံ- ဥက္ကာကျော်/ဖေ့စ်ဘုတ်

အိပ်ခန်း ၃ ခန်းပြီး စတုရန်းပေ ၁၄၉၀ ကျော်ကျယ်ဝန်းတဲ့ 68 Residence က ကွန်ဒိုကို ကျပ်သိန်း ၇,ဝဝဝ ကျော် ပေးပြီး ဝယ်ခဲ့တာပါ။ 

“Just bought a condo with 3 bedroom 1490.18 sqft at 68 Residence for me and my Fiancé” လို့ ကိုဥက္ကကျော်က သူ့ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေနဲ့တကွ ရေးထားပါတယ်။ 



အခုလို ဇနီးလောင်းနဲ့ အတူနေဖို့ ကွန်ဒိုဝယ်တာကို ခန့်မှန်းကြည့်ရရင် မကြာခင်မှာ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် တို့ရဲ့ မင်္ဂလာပွဲက ကျင်းပမယ့် အလားအလား ရှိနေပါပြီ။ 

တဆက်တည်းဆိုသလို ကိုဥက္ကာကျော်က သူ့ဇနီးလောင်း ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်စာမျက်နှာဟာ ဟက်ကာ လက်ချက်မိပြီး အကောင့်ပျက်နေလို့ အကောင့်အသစ်ကိုလည်း မိတ်ဆက်ပေးထားပါတယ်။ 

ပန်ပန့်ရဲ့ personal Facebook account: Supan Htwar ကို တဦးတရောက်က Hack လုပ်ပြီး password ကိုပြောင်း၍ Deactivate လုပ်ထားပါတယ်။ September 29, 2014 ရက်နေ့ 5:00pm နောက်မှ စ၍ ပန်ပန့် account ဖြင့်တင်သော Post, Likes, Comments and Chatting များသည် ပန်ပန်နှင့် မပတ်သက်ကြောင်း Facebook မှ သူငယ်ချင်းများအား အသိပေးပါသည်။ တဦးတရောက်၏ စိတ်ချမ်းသာမှုရလျှင် ပန်ပန်ပြောတဲ့ စကားလေးအတိုင်း ပန်ပန် ကုသိုလ်ရပါတယ်။” 

ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်အကောင့် အသစ်ကတော့ Hsupan Htwar ဖြစ်ပါတယ်တဲ့။ 



အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved