ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော် နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုရရှိ

Wednesday, October 1, 2014

အမေရိကန် ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းထောက်များ အကာအကွယ်ပေးရေး 
ကော်မတီ - CPJ  က ဧရာဝတီ သတင်းဌာန  အယ်ဒီတာချုပ် ဦးအောင်ဇော်ကို အခုနှစ်အတွက် နိုင်ငံတကာ သတင်း လွတ်လပ်ခွင့် ဆုကို ချီးမြင့်ကြောင်း အင်္ဂါနေ့က   ကြေညာလိုက်ပါတယ်။ 





 CPJ က နှစ်စဉ် ချီးမြင့်သည့် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ဆုကို ဦးအောင်ဇော်နှင့် အတူ အီရန်က အလွတ်သတင်း ထောက် Siamak Ghaderi, တောင်အာဖရိကနိုင်ငံက စီးတီး ပရက်စ်အယ်ဒီတာချုပ် Ferial Haffajee နှင့် ရုရှား နိုင်ငံက တီဗီချဲနယ် တခု၏ အယ်ဒီတာချုပ် Mikhail Zygar စုစုပေါင်း သတင်းသမား ၄ ဦးကို ယခုနှစ်အတွက် ဆုပေးအပ်မှာ ဖြစ်ပါတယ်။ 

ယခင် စစ်အစိုးရလက်ထက်က နိုင်ငံတော်ရန်သူအဖြစ်သတ်မှတ်ခံခဲ့ရပြီး အခု အစိုးရသစ်လက်ထက်မှာလည်း ဖိအားပေး မှုများ ခံနေရဆဲဖြစ်သည့် ဧရာဝတီသတင်းဌာနသည် သတင်းလွတ်လပ်ခွင့် ကိစ္စတွင် အရေးပါသည့် သတင်းဌာနတခု ဖြစ်တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။ 

 ဦးအောင်ဇော်ကို အခုလို CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ဆုရှင်အဖြစ် ရွေးချယ်ရခြင်းဟာ  ယခင် စစ်အစိုးရ လက်ထက် ကတည်းက ဧရာဝတီသတင်းဌာနက နှစ်ပေါင်းများစွာ သတင်းမီဒီယာ တာဝန်ကျေပွန်စွာ ဝေဖန်ပြောဆို ရေး သားနေခဲ့၍ ဖြစ်ကြောင်း စီပီဂျေ တာဝန်ရှိသူ တဦးက ပြောထားပါတယ်။ 

ယခုနှစ်အတွက် 2014 CPJ International Press Freedom Award ဆုပေးပွဲ အခမ်းအနားကို   နိုဝင်ဘာလ ၂၅ ရက် နေ့ နယူးယောက်မြို့မှာ   ကျင်းပမှာဖြစ်တယ်လို့လည်း CPJ ကြေညာချက် မှာ ရေးထားပါတယ်။

 ဝေဖန်ရေးသားမှု အများအပြား ဖော်ပြထားတဲ့ ဧရာဝတီသတင်းဌာနရဲ့ အင်တာနက် စာမျက်နှာဟာ   ဆိုက်ဘာ တိုက်ခိုက်မှုများနဲ့လည်း မကြာ ခဏ ရင်ဆိုင်ခဲ့ရပါတယ်။  


၂၀၁၀ ပြည့်နှစ်တွင် ကိုအောင်ဇော်သည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်ကြွ စွာ ဆောင်ရွက် လှုပ်ရှားသူအဖြစ် နယ်သာလန်အခြေစိုက် Prince Claus Fund ၏ Prince Claus Award ကို ချီးမြှင့်ခံရပါတယ်။

ထို့အပြင် ၂၀၁၃ ခုနှစ်ကလည်း Stanford University ၏ Walter H. Shorenstein Asia-Pacific Research Center (Shorenstein APARC) မှ ချီးမြှင့်သည့် Shorenstein Journalism Award ဆုကို ရရှိခဲ့ပါတယ်။


ဒီအကြောင်းကို ဧရာဝတီ အင်္ဂလိပိုင်း စာမျက်နှာမှာလည်း Irrawaddy Founder Among 2014 International Press Freedom Awardees ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။ 




http://www.irrawaddy.org/burma/irrawaddy-founder-among-2014-international-press-freedom-awardees.html မှာ ဖတ်ရှုနိုင်ပါတယ်။











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved