ထိုင်းရဟတ်ယာဉ်မှူးကို ရှာဖွေကယ်တင်လာ၊ မြန်မာလေယာဉ်မှူးကို ရှာဖွေဆဲ

Thursday, October 9, 2014

တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်စဉ် အဆက်အသွယ် ပြတ်တောက်သွားတဲ့ ထိုင်း B4 ရဟတ်ယာဉ်အား မောင်းနှင်ခဲ့သည့် ရဟတ်ယာဉ်မှူး မစ္စတာ Chatchawal ကို ရှာဖွေ ကယ်ဆယ် လာခဲ့ပါပြီ။ 

 ဒဏ်ရာရ ထိုင်းရဟတ်ယာဉ်မှူးကို ကယ်တင်လာစဉ်၊ ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း

မစ္စတာ Chatchawal ကို သူ့မိသားစုနဲ့ အတူ ပူတာအို၊ မန္တလေးက တဆင့် လေကြောင်းနဲ့ သယ်ယူလာ
ပြီး  အောက်တိုဘာလ ၈ ရက် ညပိုင်း မှာ ရန်ကုန်ရှိ ဝိတိုရီယဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်နေပါပြီလို့ ထူးဖောင်ဒေးရှင်းက ဆိုပါတယ်။ 

ထိုင်းရဟတ်ယာဉ်မှူး Capt Chatchawal ဟာ ဦးတေဇနဲ့ အဖွဲ့ မဒွယ်တောင် ရဟတ်ယာဉ်ပျက်ကျစဉ်တုန်း က လာရောက် ကယ်တင်ဆယ်ခဲ့တဲ့ ရဟတ်ယာဉ်မှူး တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ပျောက်ဆုံး ထိုင်းရဟတ်ယာဉ်ပေါ် ပါသွားသူ ၃ ဦးထဲက ဦးတေဇရဲ့ လက်ထောင် ရွှေရင်တော်ကြီးကို မနေ့ က တွေ့ရှိခဲ့ပြီး အခု ထိုင်းရဟတ်ယာဉ်မှူးကို ဒဏ်ရာနဲ့တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ထိုင်းလူမျိုး ရဟတ်ယာဉ်မှူးကို အသည်းအသန် ရှာဖွေ ကယ်ဆယ်နိုင်လိုက်တဲ့ တချိန်တည်း မှာ ထိုင်းနိုင်ငံမှာတော့ လိပ်ကျွန်း လူသတ်မှုနဲ့ မြန်မာ လူငယ် ၂ ဦးက လူသတ်တရားခံတွေအဖြစ် ထိုင်းရဲ က စွပ်စွဲပြီးဖမ်းဆီးထားချိန်ဖြစ်နေတယ်လို့ အဆိုပါ သတင်းရဲ့ အောက်က မှတ်ချက်တွေမှာ တွေ့ရပါ တယ်။ 

“မြန်မာရဟတ်ယာဉ်မှူး အောင်မြတ်တိုးသည် မျက်လုံးတွင် ထိခိုက်ဒဏ်ရာ ရထားသည်ဟု ကြားသိရပြီး 
တော တွင်း ရှိ ဂူတစ်ဂူထဲတွင် ရှိနေကြောင်း သိရှိရပါသည်” လို့ ထူးဖောင်ဒေးရှင်းဖေ့စ်ဘုတ်မှာ ရေးထားပါ တယ်။ 

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဒေသကျွမ်းကျင်သူ ရဝမ် အမျိုးသား ယောဆပ်နဲ့ ဒေသခံတွေရဲ့ အကူအညီ နဲ့ မြန်မာရဟတ်ယာဉ်မှူးကို ကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ သိရပါတယ်။ 

 အိမ့်သံစဉ် ~









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved