ခါကာဘိုရာဇီမှာ ပျောက်ဆုံး ရဟတ်ယာဉ်ပေါ်က လူ ၃ ဦး ပြန်တွေ့ပြီ

Wednesday, October 8, 2014

ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံး တောင်တက်သမား ၂ ဦးကို ကူညီရှာဖွေတဲ့ ဖြစ်စဉ်မှာ ထပ်
ပြီး ပျောက်ဆုံးသွားတဲ့ ထိုင်း B4 ရဟတ်ယဉ်နဲ့ပါသွားသူ ၃ ဦး အသက်ရှင်လျှက်ရှိပြီး အဆက်အသွယ် ရပြီလို့ ထူးဖောင်ဒေးရှင်းက သူ့စာမျက်နှာမှာ ရေးထားပါတယ်။ 

 ဦးတေဇနဲ့ သူရဲ့ လက်ထောက် ရွှေရင်တော်ကြီး၊ ဓာတ်ပုံ- ဦးတေဇ/ ဖေ့စ်ဘုတ်

ပျောက်ဆုံး ထိုင်း B4 ရဟတ်ယာဉ်နဲ့ ပါသွားသူတွေထဲက ထူးဖောင်ဒေးရှင်း နာယက ဦးတေဇရဲ့ လက်ထောက် ဖြစ်သူ ရွှေရင်တော်ကြီး ကို အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီလောက်က အဆက်အသွယ်ပြန်ရပြီး အခုတော့ ဦးတေဇနဲ့ လူချင်းပါ တွေ့ဆုံရပြီလို့ သိရပါတယ်။ 

အဆက်အသွယ်ရချက်အတိုင်း ကချင်ပြည်နယ် နောင်မွန်းရွာသားတဦး ညွှန်ပြတဲ့ လာဆာ ရွာဘက်ကို ဦးတေဇ နဲ့အဖွဲ့ လိုက်သွားရှာရင်း ဦးတေဇဟာ သူ့လက်ထောက် ရွှေရင်တော်ကြီးကို တွေ့ခဲ့ကြတာပါ။ 



“ရှာဖွေရင်း လန်ဆာရွာမှာ မိမိရဲ့လက်ထောက် ရွှေရင်တော်ကြီးကို စတင်တွေ့ရှိခဲ့တာကြောင့် အရမ်းကို 
ပျော် ရွှင် ခဲ့ရပါတယ်။ ကပ္ပတိန်နှစ်ယောက်ကို မတွေ့လို့မေးတော့ ရွှေရင်တော်ကြီးက သူအရှေ့က အရင် လာ တာ ဖြစ်ကြောင်း၊ တောထဲမှာ ကပ္ပတိန်နှစ်ယောက် ကျန်ခဲ့ကြောင်းနဲ့ ဒဏ်ရာလည်း ရနေကြောင်း 
ပြောတဲ့အတွက် မိမိ အပါအ၀င် ဧ၀ရတ်တောင်တက်ဖို့ လေ့ကျင့်ထားတဲ့ ထူးကုမ္ပဏီက စံဝင်းကျော်၊ စိုင်းကျော်ဝဏ္ဏစိုး၊ အောင်ဇေယျာ မျိုး၊ ရွာသား (၂၀)၊ လုံခြုံရေးရဲတွေနဲ့ အခု သူတို့ကို တွေ့ရှိဖို့ တောထဲမှာ အပူတပြင်း ရှာဖွေနေပါတယ်”လို့ ဦးတေဇ က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။ 

မကြာမီ ကပ္ပတိန် ၂ ဦးကိုလည်း ကယ်နိုင်မယ်လို့သူက ရေးထားပါတယ်။ 

 ပျောက်ဆုံး လေယာဉ်ပေါ် ပါသွားတဲ့ လူတဦးကို စတင်တွေ့ရှိခဲ့ပေမယ့် လေယာဉ်ကို ပြန်ရှာတွေ့တယ်၊ မတွေ့ခဲ့ ဘူး ဆိုတာတော့ မသိရသေးပါဘူး။ 

ခါကာဘိုရာဇီတောင်ထိပ်ပေါ် တက်ရင်း ပျောက်ဆုံးသွားတဲ့ တောင်တက်သမား ၂ ဦးကိုတော့ ရာသီဥတု ဆိုးနေ လို့ ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ပြီး ပွင့်လင်းရာသီရောက်မှပဲ ရှာဖွေရေးကို ဆက်လုပ်သွားမယ်လို့ ထူးဖောင်ဒေးရှင်း စာမျက်နှာက တလောက ရေးပြထားပါတယ်။ 

 “မိမိတို့ထူးဖောင်ဒေးရှင်းအနေနဲ့ ခါကာဘိုရာဇီတောင်တက်သမားနှစ်ဦး ရှာဖွေခြင်းကိစ္စကို Blue Sky Rescue အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံမှ တောင်တက်အဖွဲ့ဝင်များနှင့် ဒေသခံတို့အား အကူအညီဆက်လက် 
တောင်းခံထားပြီး ရှာဖွေရေးကို ခေတ္တရပ်ဆိုင်းကာ လာမည့်ပွင့်လင်းရာသီမှ ဆက်လက်ဆောင်ရွက် မှာ ဖြစ်ပါတယ်” လို့ ထူးဖောင် ဒေးရှင်းက ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved