-
ဒီမနက် အွန်လိုင်းထဲ ရောက်လာတဲ့ ကြော်ငြာ တခုပါ။
ရန်ကုန်မြို့က ဆိုင်တဆိုင်မှာ ကပ်ထားတယ်လို့ ဆိုတယ်။
နောက်ပြောင်ထားတဲ့ ကြော်ငြာ ဖြစ်နိုင်ပါတယ်။
အမည်နဲ့ ဖုန်းနံပတ်ကို ဖျက်ပြီး ပြန်လည် ဝေမျှလိုက်ပါတယ်။
အဲဒီ ၄ ယောက် လေဆိပ်မှာ ပျောက်တယ်လို့လည်း ဆိုထားပါတယ်။ လေဆိပ်လုံခြုံရေးအရာရှိတွေက သူတို့ကို ရည်ရွယ်နောက်ပြောင်တယ်လို့လည်း ထင်သွားနိုင်ပါတယ်။
အီဘိုလာဖြစ်နေတဲ့သူ ၄ ယောက် လို့ ဆိုထားတာကြောင့် အီဘိုလာရှိ မရှိ စမ်းသပ်စစ်ဆေးနိုင်တဲ့တိုင်းပြည်ဆိုပြီး ဂုဏ်ယူလက်မထောင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒီစာကြောင့် ရယ်မောသူ ရှိနိုင်သလို ရင်မောသူများလည်း အများအပြား ရှိနိုင်ပါတယ်။
ဖေ့စ်ဘုတ်လိုမျိုး ဆိုရှယ်မီဒီယာအသုံးပြုမှု အားကောင်းလာတဲ့ ဒီကာလမှာတော့ ဒီကြော်ငြာက ပိုပြီး ပြန့်နှံ့သွားမှာ သေချာပါတယ်။
.

ရယ်စရာကို ရယ်စရာလို သဘောထားရင်ကောင်းပါတယ်