လူပြောများနေတဲ့ စာရွက်

Friday, October 17, 2014

-





ဒီမနက် အွန်လိုင်းထဲ ရောက်လာတဲ့ ကြော်ငြာ တခုပါ။
ရန်ကုန်မြို့က ဆိုင်တဆိုင်မှာ ကပ်ထားတယ်လို့ ဆိုတယ်။

နောက်ပြောင်ထားတဲ့ ကြော်ငြာ ဖြစ်နိုင်ပါတယ်။

အမည်နဲ့ ဖုန်းနံပတ်ကို ဖျက်ပြီး ပြန်လည် ဝေမျှလိုက်ပါတယ်။
အဲဒီ  ၄ ယောက် လေဆိပ်မှာ ပျောက်တယ်လို့လည်း ဆိုထားပါတယ်။ လေဆိပ်လုံခြုံရေးအရာရှိတွေက သူတို့ကို ရည်ရွယ်နောက်ပြောင်တယ်လို့လည်း ထင်သွားနိုင်ပါတယ်။

အီဘိုလာဖြစ်နေတဲ့သူ ၄ ယောက် လို့ ဆိုထားတာကြောင့်   အီဘိုလာရှိ မရှိ  စမ်းသပ်စစ်ဆေးနိုင်တဲ့တိုင်းပြည်ဆိုပြီး ဂုဏ်ယူလက်မထောင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒီစာကြောင့် ရယ်မောသူ ရှိနိုင်သလို ရင်မောသူများလည်း အများအပြား ရှိနိုင်ပါတယ်။

ဖေ့စ်ဘုတ်လိုမျိုး ဆိုရှယ်မီဒီယာအသုံးပြုမှု အားကောင်းလာတဲ့ ဒီကာလမှာတော့ ဒီကြော်ငြာက ပိုပြီး ပြန့်နှံ့သွားမှာ သေချာပါတယ်။





.

2 comments :

  1. MingNyo said... :

    ရယ်​စရာကို ရယ်​စရာလို သ​ဘောထားရင်​​ကောင်းပါတယ်

  1. minmin said... :

    ဟုတ်​ပါတယ်​ ရင်​​မောစရာမဖြစ်​လာပါ​စေနဲ့​ဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved