Selfie ရိုက်တယ် ဆိုတာကတော့ ကိုယ့်ဖုန်းကင်မရာကို ကိုယ့်မျက်နှာအထက်ကနေ
၄၅ ဒီဂရီတိမ်းစောင်းလို့ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံပြန်ရိုက်ခြင်းပါပဲ။
အခုဆိုရင် ပိုမိုကောင်းမွန်တဲ့ Selfie ပုံတွေ ရရှိဖို့နဲ့ သူငယ်ချင်းတွေ အုပ်စုလိုက် Groufie ရိုက်တဲ့တခါ အားလုံး တစုတစည်း ဓာတ်ပုံထဲ ပါဝင်လာဖို့ အတွက် Selfie Stick ကိုပါ တွဲသုံးလာကြပါတယ်။
Selfie Stick တွေကို အွန်လိုင်းကလည်း ဝယ်ယူနိုင်ပါပြီ။
ဈေးကလည်း အစားစား ရနိုင်တာမို့ ကိုယ်ကြိုက်နှစ်သက်ရာ အရောင် ဒီဇိုင်း၊ ကိုယ်အဆင်ပြေရာ ဈေးနှုန်း ရွေးချယ်ပြီး ဝယ်ယူရရှိ နိုင်ပါပြီ။
ဝယ်ယူရရှိနိုင်တဲ့ ၃ မျိုး
- ရိုးရိုး ရော်ဘာ လက်ကိုင်နဲ့ Selfie Stick
- ဓာတ်ပုံရိုက်ဖို့ ခလုတ်လေးပါတဲ့ ကြိုးနဲ့ Wired Selfie Stick
- ပလတ်စတစ် လက်ကိုင်နဲ့ Bluetooth Selfie Stick
ရိုးရိုး Selfie Stick ဈေးနှုန်းက ၆,၉၀၀ ကျပ် ဖြစ်ပြီး ဘယ်ဖုန်းနဲ့မဆို သုံးလို့ရပါတယ်။
Stick ရဲ့ 130 g အလေးချိန်ပဲ ရှိတာကြောင့် ပေါ့ပေါ့ပါးပါး သယ်သွားလို့လည်း ရပါတယ်။
Bluetooth Selfie Stick ဈေးနှုန်းကတော့ ၂၂,၅၀၀ ကျပ် ဖြစ်ပြီး သူကလည်း ဘယ်ဖုန်းနဲ့မဆို သုံးနိုင်ပါတယ်။ Stick ရဲ့ အလေးချိန်က 180 g ပါ။
သူက Android ဖုန်းတွေမှာရော၊ iPhone တွေမှာပါ ဘာ Application မှ ထည့်စရာမလိုဘဲ Selfie ပုံတွေ ရိုက်ကူးနိုင်ပါတယ်။
100 mAh ဘက္ထရီ ပါဝင်တာကြောင့်လည်း Charging Time တနာရီကို ဓာတ်ပုံ ရိုက်ချက်ပေါင်း ငါးသောင်းကျော်အထိ ရိုက်ကူးပေးနိုင်တယ်လို့ သိရပါတယ်။
ရိုးရိုး Selfie Stick နဲ့ Bluetooth Selfie Stick တို့ရဲ့ တူညီတဲ့ အချက်တွေကတော့ ဖုန်းနဲ့အပြင် သာမန် Point and Shoot ကင်မရာတွေနဲ့ပါ အသုံးပြုလို့ရတဲ့ Monopod Mount ပါ ပါဝင်ပါတယ်။
ဒါ့အပြင် Screen အကြီး ဖုန်းတွေအထိ သုံးလို့ရတဲ့ Mobile Phone Holder လည်း ပါဝင်ပါတယ်။
Selfie Stick ဟာ ခေါက်ထားတဲ့အခါ အရွယ်အစား ၈ လက်မ သာသာ ခေါက်ထီး အရွယ်အစားမျှသာ ရှိပြီး ဆန့်ထုတ် လိုက်ရင် ၃ ပေ အရှည်ထိ ဆွဲထုတ်နိုင်ပါတယ်။
အဆစ်ပိုင်း ၇ ဆစ်စီ ပါဝင်ပြီးတော့ ကိုယ်ထည်က သတ္တု ကိုယ်ထည်နဲ့ ပြုလုပ်ထားတာပါ။
ဓာတ်ပုံရိုက်ဖို့ ခလုတ်နဲ့ ကြိုးပါဝင်တဲ့ Wired Selfie Stick ကတော့ ဈေးနှုန်း ၁၃,၅၀၀ ကျပ်ဖြစ်ပြီး သူကလည်း Android ရော iOS မှာပါ အသုံးပြုလို့ရပါတယ်။
ကဲ … Selfie Stick သုံးပြီး ပုံ လှလှလေးရိုက်၊ Facebook ပေါ် တင်လိုက်ကြရအောင်လား။
ပုံမှာပြထားတဲ့ Selfie Stick တွေကိုတော့ Myanmar Life Style Online Shopping ကနေ ရယူ ထားတာပါ။
www.myanmarlifestyle.com -
www.facebook.com/MMR.Lifestyle တို့မှာ ဝယ်ယူနိုင်ပါတယ်။
သီဟတိုး

Bluetooth Selfie Stick ၂၂,၅၀၀ နဲ့ ရိုးရိုး Selfie Stick- ၆,၉၀၀

Wired Selfie Stick - ၁၃,၅၀၀
- ဆက်စပ် ဆယ်ဖီ
စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ လီရှန်လွန်းနဲ့ အတူ Selfiehttp://blog.irrawaddy.org/2014/10/selfie.html
.
0 comments :
Post a Comment