.
.
ပြည်မြို့အတွက် ပထမဆုံးသော နာမည်ရအမျိုးသမီးအဆိုတော်များ တင်ဆက်တဲ့ စင်မြင့်ဖျော်ဖြေပွဲကို စနေနေ့ ညနေပိုင်းက ကျင်းပရာမှာ
ပရိသတ်က Coke အချိုရည်ပုလင်း/ဗူးတွေ ၀ယ်ပြီး အားပေးခဲ့ကြပါတယ်။
Coca-Cola ကုမ္ပဏီက စီစဉ်တဲ့ ဒီပွဲမှာ လက်မှတ် ရောင်းချခြင်းမျိုး မဟုတ်ဘဲ Coke အချိုရည်ပုလင်း/ဗူး ၀ယ်ယူအားပေးသူတွေ ကြည့်ရှုအောင် စီစဉ်ထားတာကြောင့်ပါ။
ပြည်မြို့စတိတ်ရှိုးကို အိမ့်ချစ်၊ မိစန္ဒီ နဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ Me N Ma Girls တို့ လာရောက်ခဲ့ကြပါတယ်။
"ဒါမျိုး အဆိုတော်တွေ လာဆိုတာ တခါမှမကြည့်ဖူးဘူး။
ပိုက်ဆံလည်း မကုန်ဘူး။ အချိုရေဗူးခွံတွေနဲ့ လက်မှတ်လဲပြီးလာကြည့်တာ။
ခဏခဏ လာလုပ်ပေးစေချင်တယ်။ နယ်မှာဆိုတော့ တနှစ်တခါတောင် Show ပွဲတွေ မလာကြဘူး။
များများလာစေချင်တယ်" လို့ ပြောပါတယ်။
ပြည်မြို့ရဲ့ ထူးခြားတဲ့ စတိတ်ရှိုးမှာ ဒီအမျိုးသမီးအဆိုရှင်တွေကပဲ ထောင်နဲ့ချီပြီးရှိတဲ့ ပရိသတ်တွေကို အစအဆုံး ထိန်းသွားနိုင်ခဲ့ကြပါတယ်။
Me N Ma Girls အဖွဲ့ထဲက အမွန်းက "အမွန်း အနေနဲ့ ဒီလိုမျိုး လာဖို့ ရှားပါတယ်။
ပြည်မြို့ကို အခုလိုလာတာ ဒါ ပထမဆုံးပွဲလို့ ပြောလို့ရပါတယ်။
Coca- Cola Brand ကြီးကလည်း တနိုင်ငံလုံး မသိတဲ့လူ မရှိဘူး။ ပေါက်ပြီးသားပဲ။
... သူတို့ရဲ့ Customers တွေကို တင်ဆက်တဲ့ပွဲမှာ အမွန်းတို့ ပါဝင်ခွင့်ရတဲ့အတွက် ပျော်ပါတယ်" လို့သူကပြောပါတယ်။
Me N Ma Girls အဖွဲ့ကတော့ မြူးမြူးကြွကြွ သီချင်းတွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါ သီဆိုပြီး အကအလှတွေနဲ့လည်း ပရိသတ်ကို မမောမပန်း ဖျော်ဖြေခဲ့ပါတယ်။
" Me N Ma Girls အဖွဲ့ အားပေးကြပါ။ အနုပညာလုပ်ငန်းတွေဖြစ်တဲ့ သီချင်း ရေးတာရယ်၊ ဆိုတာတွေကို ခြေလှမ်းကျဲကျဲနဲ့ ကြိုးစားနေပါတယ်။
နောက်ပြီး အမွန်းရဲ့ မင်းပေးတဲ့အချစ်ဆိုတဲ့ Title အဲဒီ အခွေအတွက် Promotion တွေ အမွန်း လုပ်နေပါတယ်။
မကြာခင် ဒီတန်ဆောင်မုန်းလပြည့်နေ့ အဲဒီ မှာလည်း အမွန်းတို့ တိရစ္ဆာန်ဥယျာဉ်မှာ ဖျော်ဖြေဖို့ ရှိပါတယ်" လို့ အမွန်းက ဆက်ပြောပါတယ်
ပြည်မြို့ မင်္ဂလာရွှေပြည်အားကစားကွင်းမှာ နေ့လည် ၃ နာရီခွဲက စတင်ပြီး ညနေ ၆ နာရီခွဲအထိ သီဆိုဖျော်ဖြေခဲ့ကြတာပါ။
စင်တင်ဖျော်ဖြေပွဲမြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

- ကောင်းမြတ်မင်း
Myanmar Girls အဖွဲ့အဖြစ် ပြောင်းလဲလိုက်တဲ့ တချိန်က Me N Ma Girlshttp://blog.irrawaddy.org/2014/10/myanmar-girls-me-n-ma-girls.html
.
0 comments :
Post a Comment