ပရဟိတအတွက် Dance for Life ပါတီပွဲ

Thursday, October 30, 2014



Dance for Life ပါတီညမြင်ကွင်း (ဓာတ်ပုံ- စိုင်းဇော် / ဧရာဝတီ)


Sexy Model များအဖြစ် လူသိများနေကြတဲ့ ဇွန်သဉ္ဖာ၊ ဇာဇာထက်၊ ကဗျာကိုကိုတို့ရဲ့ Sexy အက တွေနဲ့ ပွဲ ဆူသွားခဲ့တဲ့ Dance for Life ပါတီပွဲကို မှတ်မိကြဦးမှာပါ။

ဒီပါတီပွဲကို လာမယ့် ဒီဇင်ဘာလမှာ ထပ်လုပ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့အကြောင်းကို ပွဲစီစဉ်သူ တွေဆီက သိရပါတယ်။  ဒီတခါမှာတော့ sexy အကတွေနဲ့ ဖျော်ဖြေမယ့်ပွဲ မဟုတ်တော့ပါဘူးတဲ့။

အောက်တိုဘာလ ၁ ရက်နေ့က VIP Bar မှာ လုပ်သွားတဲ့ ဒီပါတီပွဲက Sexy Model တွေရဲ့ အကအလှ တွေကြောင့် ဝေဖန်ဆူညံသံတွေ ထွက်ခဲ့လေတော့ ဒါကြောင့်များလားဆိုတာ စိတ်ဝင်စားစရာပါ။

ပွဲစီစဉ်သူတဦးဖြစ်တဲ့ DJ.Japan က “အဲ့ဒါနဲ့တော့ မဆိုင်ပါဘူး။ အခုပွဲမှာလည်း သူတို့ ပြန်ပါချင်လည်းပါမှာပဲ။ ကျနော်တို့ အတိအကျပြောလို့မရသေးဘူး။ ကျနော်တို့ sexy အကကို လက်မခံဘူးဆိုတာ ဒီတပွဲကိုပဲလက်မခံမှာ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့က ဒီဇိုင်းမျိုးစုံသုံးမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ ပွဲတိုင်း sexy dance ဆို လူတွေက ဒါကို ရိုးသွားမှာ စိုးလို့။ ကျနော်တို့ အနေနဲ့ကလည်း ပြောမယ်ဆိုရင် ဒီလို sexy အကကို sexy party ဆိုပြီး ပွဲတိုင်းကို လုပ်ချင်တယ်။ ဒါပေမယ့် နောက်တပွဲကျမှ ပြန်လုပ်မှာ” လို့ ဆိုပါတယ်။

ဒုတိယအကြိမ် ကျင်းပမယ့် Dance for Life ပါတီပွဲမှာ အဆိုတော်တွေ၊ မော်ဒယ်လ်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ တက်ဆက်ဖို့ရှိတယ်လို့ DJ. Japan က ပြောပါတယ်။

ဒီပွဲဟာ HIV/AIDS ရောဂါ ဝေဒနာရှင်များအတွက် ရံပုံငွေအဖြစ် ပြုလုပ်တဲ့ ပွဲဖြစ်လို့ အခု တခေါက်မှာတော့ ပွဲထဲမှာတင် အလှူငွေကောက်ခံမယ့် ကောင်တာတွေဖွင့်ပြီး ကောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာ ပွဲ စပွန်ဆာများအဖြစ် Red Bull နဲ့ Grand Royal တို့ရရှိထားပြီး ပွဲလက်မှတ်ကို လူအယောက် နှစ်ရာ သတ်မှတ်ထားတယ်လို့ပြောပါတယ်။ ဘယ်နေရာမှာ ပြုလုပ်ဖြစ်မယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးပါဘူးတဲ့။

“ဒီလို ပါတီဖျော်ဖြေမှုနဲ့ ပေါင်းပြီး ပရဟိတလုပ်တယ်ဆိုပေမယ့်  လူတွေတော်တော်များများကတော့ ကျနော်တို့ Dance for life ကို လက်မခံကြသေးဘူး။ နောက်ပိုင်းတော့ ဒါကြီးကို လက်ခံစေချင်တယ်။ လူငယ်တွေ ပါတယ် ဆိုပေမယ့် လူကြီးတွေကိုလည်း ကြိုဆိုပါတယ်။ လှူတဲ့ပွဲဖြစ်တဲ့အတွက်လည်း အားလုံးကို ကျနော်တို့က လာစေ ချင်တယ်။ လူတွေထင်သလိုမျိုး ဒီပွဲကြီးက sexy တွေပဲ လုပ်တယ်တို့ အဲ့လိုမျိုးကြီးလည်း ကျနော်တို့က အမြဲ တမ်း မမြင်စေချင်ဘူး။ ကျနော်တို့က အဓိက HIV/AIDS ရောဂါ ဝေဒနာသည်တွေအတွက် ရည်စူးပြီး ရံပုံငွေ တွေကောက်ခံတဲ့အတွက်ကြောင့်မို့ ဒီပွဲက sexy နဲ့ သက်ရောက်မှုမရှိပါဘူး။ ကျနော်တို့ကလာတဲ့ ဧည့်သည် တွေကို ပါဖောမန့်စ်(performance) ပေးမယ်။ အဓိကကတော့ ကျနော်တို့က ရတဲ့ငွေတွေကို လှူမယ်။ ပြီးရင် ကျနော်တို့ရဲ့ အရင်းနဲ့ နောက်တခါ ပါတီပြန်လုပ်မယ်။ ဒီ့ထက်ကြီးသွားအောင် လုပ်သွားမယ်။” လို့ DJ.Japan က သူ့သဘောထားကိုပြောပါတယ်။


Dance for Life ပါတီညမြင်ကွင်း (ဓာတ်ပုံ- စိုင်းဇော် / ဧရာဝတီ)

အခါကြီးရက်ကြီးနဲ့ တခြား ဖျော်ဖြေရေးပွဲကြီးတွေ ရှိမယ့်အချိန်တွေကို ရှောင်ပြီး သူတို့ရဲ့ Dance for Life  ပါတီကို ၂ လတခါ ပုံမှန်လုပ်သွားနိုင်ဖို့ ကြိုးစားနေဦးမှာပါတဲ့…။


2 comments :

  1. Anonymous said... :

    HIV/AIDSအတွက်ရန်ပုံငွေရှာတာလား ပြန့်ပွားအောင်လှုံ့ဆော်နေတာလားSexyတွေကနေတာဆိုတော့

  1. Anonymous said... :

    ရွှေလင်ပန်းဗန်းပြပြီး ကန်စွန်းရွက်မရောင်းခြင်စမ်းပါနဲ့
    မြန်မာ့ယဉ်ကျေးမှုကိုပျက်ပြားစေတဲ့အပြုအမူမျိုးကို အားမပေးပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved