Gay ဖြစ်တာကို ကျနော် ဂုဏ်ယူတယ် : Apple CEO တင်မ်ကွတ်ခ်

Friday, October 31, 2014

ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်ခ် ( Tim Cook) ဟာ မိန်းမလျှာဖြစ်ရတာကို သူက ဂုဏ် ယူတယ်လို့ ကြာသပတေးနေ့က လူသိရှင်ကြား ပြောလိုက်ပါပြီ။ 

Apple ရဲ့ CEO တင်မ်ကွတ်ခ်၊ ဓာတ်ပုံ- Apple Insider


“Gay ဖြစ်တာကို ကျနော် ဂုဏ်ယူတယ်” လို့ Apple CEO တင်မ်ကွတ်ခ်(Tim Cook) က Bloomberg သတင်းဌာနနဲ့ ပြောတာကို Appleinsider.com ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ 

တကယ်တော့ သူ့ရဲ့ လိင်မှု ကိစ္စအကြောင်းကို သူ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက သိကြတာ 
နှစ်ပေါင်းများစွာ ရှိနေပါပြီ။ ဒါပေမယ့် အခုလို အတိအလင်း ထုတ်ပြောဖို့ ဆုံးဖြတ်တာတော့ အတော်ခက်ခဲ ပါလိမ့်မယ်လို့ သတင်းမှာ ရေးထားပါတယ်။ 

"So let me be clear: I'm proud to be gay, and I consider being gay among the greatest gifts God has given me." လို့ တင်မ်ကွခ် က ပြောထားပါတယ်။ 

လိင်တူချင်း ချစ်ခင်စုံမက်တဲ့ မိန်းမလျှာတဦးဖြစ်တာကို တင်မ်က ဂုဏ်ယူပြီး ဒါဟာ ဘုရားသခင်ပေးတဲ့ အကောင်းဆုံး လက်ဆောင်လို့ သူက မှတ်ယူထားတယ်လို့ ပြောထားတာပါ။ 



သူက မိန်းမလျှာဖြစ်ခြင်းကြောင့် သူလို လူနည်းစုတွေနေ့စဉ်ကြုံတွေ့ရတဲ့အခက်အခဲတွေအပေါ် နက်နက် ရှိုင်းရှိုင်း နားလည်လာပြီး ဒါတွေဟာ သူ့ရဲ့ အောင်မြင်မှုတွေဆီ ဦးတည်သွားခဲ့တာပါတဲ့။ 

ကွယ်လွန်သွားပြီဖြစ်တဲ့ Apple ရဲ့ ဗိသုကာလို့ အများသိကြတဲ့ စတိဗ်ဂျော့(steve jobs) ရာထူးက နုတ် ထွက်ပြီး တင်မ်ဟာ Apple ရဲ့ CEO ဖြစ်လာသူပါ။ 

အခုလို Apple ရဲ့ CEO ဟာ မိန်းမလျှာတဦးဖြစ်တယ်ဆိုတာ လူတွေ သိသွားကြတဲ့အခါ ဘဝမှာ အထီးကျန် ဆန်ဆန် ရုန်းကန်နေရသူတွေအတွက် ဖြေသိမ့်နိုင်မယ်လို့ သူက ယုံကြည်ထားပုံလည်း ရပါတယ်။ 



အိမ့်သံစဉ် ~











 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved