ဒံပေါက် အော်ဒါလက်ခံသည်

Wednesday, November 19, 2014

-

 





အိုဘားမားရဲ့ ခရီးစဉ်အပြီး ပေါ်ပေါက်လာတဲ့ ကာတွန်းတကွက်ဖြစ်ပါတယ်။ သီဟ (စခန်းသစ်)ရဲ့ လက်ရာပါ။

မကြာသေးခင်ရက်ပိုင်းအတွင်း စီစဉ်ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတခုမှာ ပါဝင်သူတို့ကို ဒံပေါက်နဲ့ ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ ဒံပေါက် သုံးဆောင်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ အနည်းနဲ့အများ ဖြစ်ကြပါလိမ့်မယ်။

ကျေးဇူးတင်ရမယ်ဆိုရင်တော့ ကျေးဇူးတင်ထိုက်သူတွေအများအပြား ရှိပါလိမ့်မယ်။
ပွဲစီစဉ်သူ၊ ဒံပေါက်ဝယ်ကျွေးသူ၊ ပွဲစီစဉ်သူကို ဒေါသဖြစ်အောင် ပြုလုပ်သူ စသဖြင့် စသဖြင့်။

နောင်မှာ  ဆန္ဒပြပွဲတွေ လုပ်ဦးမှာလား၊ လုပ်မယ်ဆိုရင် ဘာနဲ့ ဧည့်ခံမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ဒီကိစ္စကို ကာတွန်းဆရာတွေ စောင့်ကြည့်နေမယ်လို့ ယူဆရပါတယ်။

 စည်သူလင်း


-

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved