ချင်းမိုင်မှာ စိတ်ကြွဆေး ၅ သိန်းနဲ့ လူငယ် ၂ ဦးကို ဖမ်းမိ

Friday, November 28, 2014


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ဦးတည်မောင်းနှင်လာတဲ့ ခရီးသည်တင် ထရပ်ကားမှာ ၀ှက်သယ်လာတဲ့ မက်သာ ဖက်တမင်း စိတ်ကြွဆေး ၅ သိန်းကျော်နဲ့ လူငယ် ၂ ဦးကို ထိုင်းရဲတွေက မနေ့က ဖမ်းဆီးလိုက်ပါတယ်။ 


 ဓာတ်ပုံ- Khaosod

မနေ့က မနက် ၆ နာရီခွဲလောက်က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ဆီ ဦးတည် မောင်းလာတဲ့ ကား တစီးကို စစ် ဆေးရေး ဂိတ်မှာ မသင်္ကာလို့ တားပြီးစစ်ဆေးတာကို လက်မခံပဲ မောင်းနှင်ထွက်ပြေးတဲ့ ကား ကို ထိုင်းရဲတွေက လိုက်လံဖမ်းဆီးတဲ့အခါ စိတ်ကြွဆေး ၅ သိန်းကို ဖမ်းမိတာဖြစ်တယ်လို့ ထိုင်းသတင်း စာမျက်နှာ တခုဖြစ်တဲ့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။ 




အသက် ၂၈ နှစ်ယာဉ်မောင်းနဲ့ အသက် ၂၅ နှစ်အရွယ် ခရီးသည် အမျိုးသားတို့ လိုက်ပါလာတဲ့ ကားနံပတ် ၄၀၁၅ တိုယိုတာ MTX အစိမ်းရောင်ကားဟာ ချင်းမိုင်နယ် Mae Rim စစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့ ရပ်တန့် စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ 

အခု ဖမ်းမိတဲ့ စိတ်ကြွဆေး ၅ သိန်းဟာ ဘယ်ကနေ သယ်လာပြီး ဘယ်သူ့ဆီ ပို့ဖို့ ဆိုတာကို ထိုင်းရဲတွေက စစ်ဆေး နေဆဲဖြစ်ပြီး အခုဖမ်းမိတဲ့ ကားမောင်းသူနဲ့ အခြား အမျိုးသား တဦးကိုတော့ တရားစွဲဆို အရေး ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ထိုင်းရဲတွေ ဖမ်းဆီးလိုက်တဲ့ အမျိုးသား ၂ ဦးဟာ မည်သူဖြစ်တယ်ဆိုတာ သတင်းမှာ ဖော်ပြမထားပါဘူး။ 


အိမ့်သံစဉ် ~ 


 မူရင်း သတင်း။      ။

จับสองหนุ่มมีพิรุธ ซุกยาบ้า 500,000 เม็ด ใต้รถกระบะ

ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved