တိုက်ပုံ၊ ပုဆိုးနဲ့ ရှူးဖိနပ်

Saturday, November 15, 2014

-




  ရန်ကုန်ရောက် အိုဘားမားနဲ့ တွေ့ဆုံတဲ့  Yangon Heritage Fund အကြီးအကဲ ဒေါက်တာ သန့်မြင့်ဦး ဝတ်စားဆင်ယင်ထားပုံကို အံ့အားသင့်သူ အများအပြား ရှိပါတယ်။


  • ဦးသန့်ရဲ့မြေးတော်စပ်သူ ဒေါက်တာ သန့်မြင့်ဦးအကြောင်းကို   "ရန်ကုန်မြို့ က သမိုင်းဝင် အဆောက်အဦးတွေ ကို ကာကွယ် စောင့်ရှောက်နေပြီး ရန်ကုန် မြို့တော်ကို အာရှမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်အောင်။ tourist တွေ လာကြည့်ချင်အောင်။ tourism မှ ဝင်ငွေ ဒေါ်လာ ဘီလီယံ ချီပြီး ရနိုင်အောင် ကြိုးစား ပေးနေတဲ့ ရှာမှရှားတဲ့ မြန်မာလူမျိုး လူတော် တစ်ယောက်" လို့ မှတ်ချက်ရေးပါတယ်။ (ဓာတ်ပုံများ - ကျော်ဖြိုးသာ/ဧရာဝတီ)

 ဒေါက်တာ သန့်မြင့်ဦး ဝတ်ဆင်ထားတာက တိုက်ပုံ၊ ပုဆိုး၊ ရှူးဖိနပ်နဲ့။

ရှေးဟောင်းအဆောက်အအုံဖြစ်တဲ့ ယခင် ဝန်ကြီးများရုံးမှာ တွေ့ဆုံတဲ့အခါ "ရှေးမူအတိုင်း ဆင်ယင်တာကိုက အဓိပ္ပာယ်ရှိနေတယ်" လို့ ဧရာဝတီပရိသတ်တဦးက မှတ်ချက်ချပါတယ်။

နောက်တယောက်ကလည်း ... " နိုင်ငံတကာမှာဝတ်စုံပြည့်ဝတ်ရင်ခြေညှပ်ဖိနပ်စီးလို့မရပါ ဟော်တယ်ထဲတောင်အဝင်မခံပါ
 မြန်မာအမျိုးသားဝတ်စုံမှာလဲ မင်းညီမင်းသားတွေနောက်ပိတ်ခြေနင်းစီးတာပါ
ဘယ်လိုကနေခြေညှပ်ဖိနပ်ပြောင်းသွားလဲတော့မသိ
ဗိုလ်ချုပ်တို့ခေတ်မှာလဲဒီပုံစံပဲဝတ်ကျပါတယ်
ခြေညှပ်နဲ့စာသင်ခန်းထဲပေးမဝင်ပါ
ဒီနေ့ခေတ်မြန်မာပြည်ကလူငယ်တွေသိပ်မသိကျပါ" လို့ ရေးပါတယ်။

ဒီနေရာမှာ ဒီလိုဝတ်တာ သင့်လျော်တယ်၊  ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ထိပ်သီးခေါင်းဆောင်များနဲ့တွေ့တဲ့အခါ မြန်မာဝတ်စုံကို ရှူးဖိနပ်၊ နောက်ပိတ်ဖိနပ်နဲ့ တွဲဝတ်ကြတယ်လို့ ထောက်ပြသူတချို့လည်း ရှိပါတယ်။

ခေတ်နောက်ကျသွားပြီလို့ ဝေဖန်သူတွေ ရှိပါတယ်။ အစိုးရအဖွဲ့ဝန်ကြီးများ မြန်မာဝတ်စုံဝတ်တဲ့အခါ ခြေညှပ်ဖိနပ် မစီးဘဲ ရှူးဖိနပ် စီးသင့်တယ်လို့ ထောက်ပြသူလည်း ရှိပါတယ်။

သူ့ရဲ့ ဝတ်ပုံစားပုံနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ အမျိုးမျိုး ထွက်နေပါတယ်။

  • စည်သူလင်း



 

.

1 comments :

  1. Yin Mon said... :

    It doesn't matter how he dresses, it only matters what is in his mind.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved