အကောင်းဆုံး ပရဟိတစိတ်ထားဆုနှင့် အမျိုးသားဝတ်စုံဆုရ မြန်မာအလှမယ်

Saturday, November 15, 2014

ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ထိုင်ဝမ်နိုင်ငံ ထိုင်ကျုံးမြို့မှာ ကျင်းပခဲ့တဲ့ Face of Beauty International 2014 မှာ မြန်မာအလှမယ် ဟင်လင်မျိုးကိုက I AM ME ဆိုတဲ့ ဆုနဲ့ National Costume ဆုတို့ကို မြန်မာပြည်ကိုယ်စားပြုအနေနဲ့ ရရှိခဲ့ပါတယ်။


Face of Beauty International 2014 ရဲ့ National Costume ဆုရ ဒေါင်းဝတ်စုံ (ဓာတ်ပုံ- Face of Beauty Myanmar Official Facebook)

 I AM ME award ဆိုတာက "အကောင်းဆုံးပရဟိတ စိတ်ထားဆု"လို့ ရည်ရွယ်ပါတယ်။ အလှမယ်တယောက်ရဲ့ ပရဟိတ လုပ်ငန်းတခုအပေါ်မှာ ထားရှိတဲ့  ဖြူစင်တဲ့စိတ်နှလုံးသားရှိမှုကို ပေးတဲ့ ဆုဆိုရင်လည်း မမှားပါဘူး။

National Costume award ကတော့ နိုင်ငံကို ကိုယ်စားပြုတဲ့ အကောင်းဆုံး အမျိုးသားဝတ်စုံဆုဖြစ်ပါတယ်။ ဟယ်လင်မျိုးကို ရရှိခဲ့တဲ့ မြန်မာကိုယ်စားပြု အမျိုးသားဝတ်စုံ ကတော့ ဒေါင်းပျိုမလေး တယောက်အသွင် ဖန်တီးထားတဲ့ ၀တ်စုံနဲ့ပါ။ ဒီဝတ်စုံကို ဖန်တီးပေးခဲ့တဲ့ ဒီဇိုင်နာကတော့ မပုံ့(My Favourite) ပါ။

အသက် ၂၅ နှစ်ရှိပြီး မန္တလေးသူ အလှမယ် ဟယ်လင်မျိုးကိုဟာ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ ပွဲစဉ်အလိုက် ယှဉ်ပြိုင်ကြရတဲ့ Title ဆုတွေအနေနဲ့ ပြိုင်ပွဲတခုထဲမှာ ဆုနှစ်ဆုကို တပြိုင်နက်တည်း ရရှိလာခဲ့တဲ့ ပထမဆုံး မြန်မာအလှမယ်ဆိုရင်လည်း မမှားပါဘူး။

ဒီပြိုင်ပွဲရဲ့ Miss Face of Beauty International 2014 ကို Argentina  အလှမယ်က ရရှိခဲ့ကာ 1st runner up ကို Fiji ၊ 2nd runner up ကို England ၊ 3rd runner up ကု Australia ၊ 4th runner up ကို Taiwan တို့က ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၁ နိုင်ငံက အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved