မီဒီယာသမားလွှတ်ပေးရေးပြောဆိုဖို့ အိုဘားမားကို ဖိအားပေး

Friday, November 7, 2014


-

လာမယ့်ရက်ပိုင်း မြန်မာပြည်ခရီးစဉ်အတွင်း  အိုဘားမား တောင်းဆိုသင့်တဲ့အချက်ထဲမှာ အကျဉ်းကျ စာနယ်ဇင်းသမား လွတ်မြောက်ရေးဆိုတာလည်း ပါဝင်သင့်တယ်လို့ ပြောနေကြပါပြီ။



  • မွန်းတည့်နေဂျာနယ်တိုက်မှ သတင်းသမားတို့ ယခင်လက ထောင်ဒဏ်စီရင်ချက်ချခံရတဲ့ ပန်းဘဲတန်းမြို့နယ်တရားရုံးမှ အထွက်   (Photo: Sai Zaw / The Irrawaddy)


အမေရိကဘက် ခရိးထွက်နေတဲ့ ဘလော်ဂါနေဘုန်းလတ်၊ စာရေးဆရာမ မသီတာ (စမ်းချောင်း) တို့က အဲဒီလို ပြောလိုက်တာဖြစ်ကြောင်း ဧရာဝတီ အင်္ဂလိပိုင်းစာမျက်နှာသတင်းတပုဒ် http://www.irrawaddy.org/burma/us-pressure-urged-jailed-journalists-burma.html မှာ ရေးထားပါတယ်။

 စာနယ်ဇင်းသမားတချို့က သူတို့ရဲ့ ရေးသားဖော်ပြချက်တွေကြောင့်   ထောင်ကျသွားတာပါ။

စာနယ်ဇင်းမှာ ရေးသားဖော်ပြရုံနဲ့ ရာဇဝတ်မှုကျူးလွန်ရာမရောက်ပါဘူးလို့ မသီတာ (စမ်းချောင်း)ကပြောပါတယ်။

သတင်းထဲမှာတော့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ သတင်းသမားတွေကို နှိပ်ကွပ်ခံရခြင်းတွေကို ဖော်ပြထားတာပါ။

- အလွတ်သတင်းသမား ကိုပါကြီး ဖမ်းဆီး သတ်ဖြတ်ခံရမှု။
- ဓာတုလက်နက်စက်ရုံ ဆိုတဲ့အကြောင်း ရေးသားဖော်ပြမငနဲ့ ထောင်ကျသွားတဲ့ ယူနတီဂျာနယ် ၀ိုင်းတော်သား ၄ ဦး အမှု။
- မွန်းတည့်နေဂျာနယ်တိုက်က ၃ ဦး။ သူတို့က ဒေါ်အောင်ဆန်းစုကြည် နဲ့ ကြားဖြတ်အစိုးရ ဆိုတာနဲ့ ပတ်သက်ပြီး ရေးသားမှု။

ဘလော်ဂါနေဘုန်းလတ်ကတော့ မြန်မာပြည်မှာ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့် ရှိနေပါပြီ။ သို့သော်လည်း အကန့်အသတ်တော့ ရှိနေပါတယ်လို့ ဆိုပါတယ်။

ဇာနည်ဝင်း

မူရင်းသတင်း

http://www.irrawaddy.org/burma/us-pressure-urged-jailed-journalists-burma.html


-


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved