တရုတ်ဝန်ကြီးချုပ် မြန်မာခရီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီး

Friday, November 7, 2014

-



တရုတ်ဝန်ကြီးချုပ်  Li Keqiang  လာမယ့်ရက်ပိုင်းအတွင်း မြန်မာပြည် ရောက်လာတဲ့အခါ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိပါဘူးလို့ တရုတ်အရာရှိတို့က ကြာသပတေးနေ့မှာ ပြောပါတယ်။

 

  • ယခင်လက ပီကင်းမြို့တော်မှာ တွေ့ရတဲ့ တရုတ်ဝန်ကြီးချုပ်  Li Keqiang (Photo: Reuters)

ဒီအကြောင်း http://www.irrawaddy.org/burma/china-premier-wont-meet-suu-kyi-burma-visit-will-offer-aid.html မှာ ရေးထားတာကို အကြမ်း ဘာသာပြန်ရမယ် ဆိုရင်....

လွန်ခဲ့သော ၄ နှစ်မတိုင်ခင်တုန်းကဆိုရင် အနောက်တိုင်းပိတ်ဆို့မှုခံနေရတဲ့ မြန်မာပြည်ဟာ စီးပွားရေး၊ သံတမန်ရေးအတွက် တရုတ်ကို အားကိုးအားထားပြုရတဲ့အတွက် နှစ်နိုင်ငံ(အစိုးရ) နီးစပ်မှု ရှိခဲ့ပါတယ်။

မြန်မာအစိုးရသစ်က အမေရိကန်နဲ့ အဆင်ပြေလာတဲ့နောက်ပိုင်းမှာတော့ တရုတ်က အထိတ်တလန့် စောင့်ကြည့်နေရပါပြီ။ သို့သော်လည်း တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားဆဲပါပဲ။

ဒီတပတ်ထဲမှာ NLD ထိပ်တန်းခေါင်းဆောင်တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို မကြာခင် သွားရောက်မယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီခရီးစဉ်ကို အတည်မပြုသေးပါဘူးလို့လည်း နောက်ပိုင်းမှာ ထပ်ပြောပါတယ်။

တရုတ်ဝန်ကြီးချုပ်  Li Keqiang မြန်မာပြည်လာမယ့် ကိစ္စကတော့ အာဆီယံဆက်စပ်အစည်းအဝေးတွေ လာတက်ဖို့ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ မရှိပါဘူး လို့ တရုတ်နိုင်ငံခြားရေးဌာန ဒုဝန်ကြီးက ဆိုပါတယ်။

ဦးသိန်းစိန်နဲ့ တွေ့မယ်၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့မယ် ... တခြား တွေ့ဆုံမှုတွေ မရှိပါဘူး လို့ ဒုဝန်ကြီးက ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်လာဖို့လည်း အတည်ပြုချက် မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
(လာမယ်ဆိုတဲ့အကြောင်း) မြန်မာပြည်ဘက်က သတင်းတွေ ထွက်နေတယ်၊ ဒါပေမယ့် ဘာဆက်ဖြစ်မယ်ဆိုတာ သူ မသိပါဘူး တဲ့။

ဇာနည်ဝင်း

မူရင်းသတင်း

  • China Premier Won’t Meet Suu Kyi During Burma Visit, Will Offer Aid
http://www.irrawaddy.org/burma/china-premier-wont-meet-suu-kyi-burma-visit-will-offer-aid.html

-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved