မြန်မာဖြစ်ရတာ ဂုဏ်ယူစရာ

Friday, November 21, 2014

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အလှူ အတန်း ရက်ရောမှု အရှိဆုံး နိုင်ငံများထဲမှာ နံပတ် ၁ နေရာရှိနေတယ် ဆိုတဲ့ စစ်တမ်းတစောင် ထွက်ပေါ်လာပါတယ်။ 




ဗြိတိန်အခြေစိုက် Charities Aid Foundation ရဲ့ အမှုဆောင်အရာရှိချုပ် Dr John Low လက်မှတ်ရေး ထိုးထားတဲ့ ယခုနိုဝင်ဘာလထုတ် ပဉ္စမနှစ်မြောက် နှစ်စဉ် အစီရင်ခံစာမှာ ကမ္ဘာတလွှား နိုင်ငံများစွာထဲက ရက်ရောမှုအရှိဆုံး အလှူ အတန်းအများဆုံး နိုင်ငံများစာရင်း နံပတ် ၁ နေရာမှာ အမေရိကန် ပြည်ထောင်စုနဲ့အတူ မြန်မာနိုင်ငံ ရပ်တည်လျှက်ရှိတဲ့အကြောင်း ထုတ်ပြန်ထားတာကို ၀ါရှင်တန်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 



၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ထိ နှစ်စဉ် CAF ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့ အလှူ အတန်းရက်ရောတဲ့ အမှတ် ၁ အဆင့်ရှိ မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုတို့ နောက်မှာတော့ ကနေဒါ၊ အိုင်ယာလန်နဲ့ နယူးဇီလန်တို့က အသီးသီးရှိတယ်လို့ ဆိုပါတယ်။ 

အခုလို မြန်မာရဲ့ အလှူ အတန်း ဒါနဆိုင်ရာ အဆင့် ၁ ဖြစ်ရတာဟာ ဘာသာရေး ကိုင်းရှိုင်းမှုနဲ့ မြန်မာ့ ယဉ်ကျေးမှုတို့က အခြေခံတယ်လို့ ဆိုပါတယ်။ 

မြန်မာတွေဟာ အလှူ ရေစက် လက်နဲ့မကွာဆိုတဲ့ စကားပုံအတိုင်း ကိုယ့်မှာရှိတာရဲ့ အစိပ်အပိုင်းတချို့ကို ပေးကမ်းရတဲ့အပေါ် သဒ္ဒါထက်သန်ကြတာ ကမ္ဘာကပါ သိသွားကြပြီလို့ ဆိုနိုင်ပါတယ်။ 

 မြန်မာ့ ဓလေ့ထုံးစံမှာ ဒါန ဆိုတဲ့ အခန်းကဏ္ဍဟာ ရှေ့တန်းက ပါဝင်လေ့ရှိပါတယ်။ မြန်မာနိုင်ငံဖွား ရှမ်းတိုင်းရင်းသား စကားပုံတခုမှာလည်း "တပဲရလို့ တမူးလှူ  တို့ရှမ်းတောင်သူ လှူ နိုင်ရိုးလား" ဆိုတာမျိုးရှိသလို အခြားသော တိုင်းရင်းသားအသီးသီးတွေမှာလည်း အလားတူ အလှူ အတန်းနဲ့ပတ်သက်တဲ့ ဆိုရိုးစကားတွေရှိကြပါတယ်။ 

မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ချမ်းသာတဲ့ နိုင်ငံမဟုတ်ပဲ ဆင်းရဲတဲ့ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် အလှူ အတန်း သဒ္ဓါ စိတ်ထက်သန်မှုကတော့ တကယ်လေးစားစရာ ကောင်းပါတယ်။ 

ဒါနဆိုတာ ဗုဒ္ဓကျမ်းတော်တွေအရ ပါရမီ ၁၀ ပါးထဲက တခု အပါအ၀င်ဖြစ်တာမို့ အလှူ အတန်း ဒါန အလုပ်ဟာ သူတော်ကောင်းတို့ရဲ့ လက္ခဏာတခုလို့လည်း မြန်မာတွေက သတ်မှတ်ထားကြပါတယ်။ ဒါကြောင့်လည်း ဘုရားဟော ကျမ်းတော်တွေမှာ သပ္ပုရိသ ဒါန ၅ ဖြာလို့ မိန့်ဆိုခဲ့တာဖြစ်မှာပါ။ 

ဒါနဆိုတဲ့ ပေးကမ်းခြင်းအပေါ် ကိုယ်ပိုင်ကျင့်သုံးတဲ့ အဓိပ္ပါယ်အမျိုးမျိုးလည်း ရှိကောင်း ရှိနိုင်ပါတယ်။ 

တချို့က အကျိုး လိုလို့ ညောင်ရေလောင်းတာမျိုးဖြစ်ကြသလို စေတနာနဲ့ပြည့်စုံပြီး ဖြူ စင်တဲ့ ဒါနမျိုးလည်း ပြု ကြသူတွေ ရှိကြပါတယ်။ 

အခုလို 2014 World Giving Index အရ မြန်မာနိုင်ငံက သဒ္ဓါစိတ် အလှူ အတန်း ကမ္ဘာ နံပတ် ၁ ဖြစ်လို့ မြန်မာ ဖြစ်ရတာ ဂုဏ်ယူစရာလို့ ပြောနိုင်ပါတယ်။ 

ကမ္ဘာပေါ်မှာ ဒါန တရားအကောင်းဆုံးသော နံပါတ်တစ် စာရင်းဝင်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်လို့
အောက်ကလင့်ခ်မှာ အသေးစိတ်သွားဖတ်နိုင်ပါတယ်လို့ လမ်းညွှန်ပေးလိုက်ပါတယ်။

http://futureworldgiving.org/2014/11/19/burma-leads-the-world-in-people-giving-money-to-charity/



အိမ့်သံစဉ် ~ 


 




2 comments :

  1. Anonymous said... :

    The right proverb is "ta muu ra loh ta pae hluu". Tradasional counting system in Myanmar is: 2 pae- 1muu, 2 muu- 1 matt, 4 Matt-1 kyat.Myanmar use that 16 pae yee is best in gold quality.

  1. Anonymous said... :

    http://blog.irrawaddy.org/2012/11/blog-post_1073.html

    သံချပ်၊ ရွှေညောင်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပဒေသာပင်
    ရိုးရာသံချပ်သံတွေထဲမှာ "တမူးရလို့ တပဲလှူ ...တို့ရှမ်းတောင်သူ တူနိုင်ရိုးလား........" ဆိုတဲ့ နိုင်ငံကျော် သံချပ်သံလည်း ပါဝင်သလို

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved