စင်္ကာပူကလာတဲ့ လိင်ပိုင်းဆိုင်ရာ စစ်တမ်း

Friday, November 21, 2014

.


စင်္ကာပူမှာ လူ ၃၀၀ ကို စစ်တမ်းကောက်ရာမှာ သူတို့ထဲက သုံးပုံတပုံဟာ  လိင်ဆက်ဆံနှုန်း တလတကြိမ်ထက် နည်းတယ်လို့ ဖြေဆိုကြပါတယ် တဲ့။

 

  အရေအတွက်နည်းပါးရခြင်းဟာ လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြောင့် ဖြစ်နိုင်သလို စိတ်ဖိစီးမှု နဲ့ အိမ်တွင်းရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် လို့ စင်္ကာပူနိုင်ငံက ကျန်းမာရေးပညာရှင်တဦးက သုံးသပ်ပါတယ်။

အိမ်တွင်းရေးအခြေအနေတွေ ဆိုတဲ့ထဲမှာ အိမ်ပိစိထဲ ကလေးတွေနဲ့ နေရတာ၊ အိမ်ထောင်ဘက်ရဲ့မိသားစုဝင်တို့နဲ့ နေရတာမျိုး ဖြစ်ကြောင်း
Society of Men's Health Singapore ဆိုတဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့ရဲ့ ဥက္ကဋ္ဌ  Dr Colin Teo က ပြောဆိုတယ်လို့ The Straits Times သတင်းစာက ရေးပါတယ်။

ဒီစစ်တမ်းရလဒ်အကြောင်း  ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ခဲ့တာပါ။

စင်္ကာပူမှာ နေထိုင်သူ (Singapore residents) အသက် ၂၅ နှစ်အထက်တွေကို မေးမြန်းထားတာလို့ ဆိုတယ်။

ဒီစစ်တမ်းထွက်ပေါ်လာ၊ ဒီသတင်းစာက ရေးလိုက်တဲ့အတွက် တခြားသော သတင်းဌာန အများအပြားကလည်း ကိုးကားပြီး လိုက်ရေးနေတာ တွေ့ရပါတယ်။

ဒီစစ်တမ်းက ဘယ်လောက်အထိ ယုံကြည်စိတ်ချရသလဲတော့ မသိပါဘူး။

ကောက်ယူတဲ့စစ်တမ်းတွေမှာ လူတွေက အမှန်အတိုင်း ဖြေကြားမလား ဆိုတာကလည်း မေးစရာပါပဲ။

မေးမြန်းတာကလည်း လိင်ဆက်ဆံမှုအကြိမ်အရေအတွက် ဖြစ်ပါတယ်။ အင်း.....ဘယ်လောက်ပွင့်လင်းတဲ့နိုင်ငံ၊ လူ့အဖွဲ့အစည်းဖြစ်ဖြစ် ဒီလိုမေးခွန်းမျိုးကို အမှန်အတိုင်း ဖြေကြပါ့မလား။

လိုအပ်ချက်အရ ဆရာဝန်နဲ့ သွားတွေ့တဲ့အခါတော့ အမှန်အတိုင်း ဖြေချင် ဖြေကြပါလိမ့်မယ်။

စစ်တမ်းကောက်သူကို ကိုယ်ရေးကိုယ်တာ လိင်ကိစ္စအကြောင်းအရာတွေ အမှန်အတိုင်း ဖြေလိုက်တယ် ဆိုရင်တော့ အံ့အားသင့်စရာလို့ ဆိုသူက ဆိုပါလိမ့်မယ်။

အင်း... ဒီစစ်တမ်းက ဖြစ်ရပ်မှန်ကို ထင်ဟပ်နေတာလည်း ဖြစ်နိုင်ပါတယ်လို့ တွေးတဲ့သူလည်း ရှိနိုင်ပါတယ်။

စည်သူလင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved