ကက်သလစ်သာသနာ မြန်မာပြည်ရောက်ရှိခြင်း နှစ် ၅၀၀ ပြည့် ပွဲတော်

Tuesday, November 25, 2014

.
 
  
မြန်မာနိုင်ငံသို့ ကက်သလစ်ခရစ်ယာန် သာသနာ ရောက်ရှိတဲ့ နှစ် ၅ဝဝ ပြည့် အထိမ်းအမှတ်အစီအစဉ်ကို  ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီကာသီဒြယ်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ 





  • (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)


ဒေသအသီးသီးက ကက်သလစ်ဘာသာဝင်တွေ ရန်ကုန်ကို စုဝေးရောက်ရှိလာတဲ့ပွဲလည်း ဖြစ်ပါတယ်။

နှစ် ၅ဝဝ ပြည့်သွားတာကတော့ ၂၀၁၁ ခုနှစ် ကတည်းကပါ။
 သို့သော်လည်း အဲဒီကာလတုန်းက ဘာသာရေးလွပ်လပ်ခွင့် အကန့်အသတ် ကြီးမားဆဲကာလဖြစ်တဲ့အတွက် ပိုမိုပွင့်လင်းလာတဲ့ ဒီနေ့ ဒီကာလ ရောက်မှ ပွဲတော် ကျင်းပရခြင်းဖြစ်ပါတယ် တဲ့။

ကက်သလစ်ဘာသာကို မြန်မာပြည် ဆောင်ကျဉ်းလာသူတွေကတော့ ပေါ်တူဂီသင်္ဘောသားတွေဖြစ်ပါတယ်။

ပွဲတော်ကျင်းပ ခမ်းနားတင့်တယ်လှတဲ့ စိန့်မေရီ ဘုရားကျောင်းကြီးကတော့ သက်တမ်း နှစ် ၁ဝဝ ရှိပါပြီ။

ဘုရားကျောင်းအပြင်ဘက်မှာလည်း အမှတ်တရ ပစ္စည်းဆိုင်တွေကိုတွေ့ရပါတယ်။ အများစုကတော့ ကချင်ပြည်နယ်ဘက်က ဖြစ်ပါတယ်။



ဇာနည်ဝင်း


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved