အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနဲ့အဖွဲ့ ထိုင်းနိုင်ငံကို ဘာကြောင့်ရောက်နေ

Monday, November 24, 2014

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဟာ လိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာ 
ရွှေ့ပြောင်း အလုပ်သမားလေး ၂ ဦးကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံကို ရောက်နေပါတယ်။ 

 အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာသံရုံးက လိပ်ကျွန်း လူသတ်မှု ကိစ္စ ဖွဲ့စည်းပေးထားတဲ့ အထူး အဖွဲ့နဲ့လည်း နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးပြီလို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို
ပြောပါတယ်။ 

ထိုင်း ရှေ့နေများ ကောင်စီ၊ ထိုင်း လူ့အခွင့်အရေး ကော်မရှင် အပါအဝင် မြန်မာ သံရုံးအထူးအဖွဲ့တို့အနေ နဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာတော့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ရဲ့ အာမခံရရေး လုပ်ဆောင် မှု ကိစ္စတွေ ပြီးရင် ဦးခင်အောင်မြင့် နဲ့ အတူ ပါလာတဲ့ မြန်မာနိုင်ငံက ရှေ့နေ၊ ဥပဒေအရာရှိ၊ တရားရေး ပညာရှင်၊ လွှတ်တော်အမတ်တချို့တို့ကလည်း ထိုင်း နိုင်ငံ တောင်ပိုင်းက ကော့စမွေ အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံဖို့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ တရားရုံးချိန်းမှာ ထိုင်းတရားသူကြီးက မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ ၂ ဦးကို အာမခံ 
လျှောက်ထားမယ်ဆိုရင် ငြင်းစရာ မရှိဘူးလို့ ပြောကြောင်း ဦးအောင်မျိုးသန့်က ရှင်းပြပါတယ်။ 

မြန်မာလူငယ်နှစ်ဦးအာမခံရရေး တဦးကို ဘတ် ၅ သိန်း အာမခံကြေး ပေးဆောင်ရမှာဖြစ်ပါတယ်။


ဦးခင်အောင်မြင့်ဦးဆောင်တဲ့ အဖွဲ့အနေနဲ့ ထိုင်း နိုင်ငံကို ရောက်နေရခြင်းဟာ လိပ်ကျွန်းက ဖမ်းဆီးခံ မြန် မာ ၂ ဦး ကိစ္စအပြင် အခြားကိစ္စတွေလည်း ပါဝင်နိုင်တယ်လို့ သံရုံးအသိုင်းအဝိုင်းက ပြောကြပါတယ်။



အိမ့်သံစဉ် ~ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved