ကမ္ဘာကျော် ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတွေရဲ့ဆုပေးပွဲ ကျင်းပ

Sunday, November 16, 2014


၁၈ ကြိမ်မြောက် ဟောလီးဝုဒ် ရုပ်ရှင်ဆုပေးပွဲ(Hollywood Film Awards)အခမ်းအနားကို ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်( Los Angeles )မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ သောကြာနေ့ညက ကျင်းပခဲ့ပါတယ်။

Gone Girl ဇာတ်ကားဆုအတွက် သရုပ်ဆောင် Ben Affleck ဆုတက်ယူစဉ် (ဓာတ်ပုံများ- Hollywoodawards.com)

ဒီ ဆုပေးပွဲမှာ ဇာတ်ကားဆုကို ဒါရိုက်တာ David Fincher ရဲ့ "Gone Girl" ဇာတ်ကားရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ စာရေးဆရာမ Gillian Schieber Flynn ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Gone Girl" ဆိုတဲ့ ၀တ္တုကို ပြန်လည် ကိုးကားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။

ဒါရိုက်တာဆုကို Morten Tyldum က "The Imitation Game" ဇာတ်ကားနဲ့ ရခဲ့ပါတယ်။

အမျိုသားသရုပ်ဆောင်ဆုကို Benedict Cumberbatch က "The Imitation Game" ဇာတ်ကားနဲ့ပဲ ရရှိခဲကာ  အမျိုးသမီးသရုပ်ဆောင်ဆုကို Julianne Moore က " Still Alice" ဇာတ်ကားနဲ့ ရခဲ့တာပါ။



Hollywood Comedy ဆုရ Chris Rock
 ဟောလီးဝုဒ် ရုပ်ရှင်အနုပညာရှင်တွေကို ဆုအမျိုးအစားပေါင်း ၂၉ မျိုး ပေးအပ်ခဲ့တဲ့ ဒီ ရုပ်ရှင်ဆုပေးပွဲကို လော့အိန်ဂျယ်လိစ်မြို့ရဲ့ Hollywood Palladium ခန်းမမှာ ကျင်းပခဲ့တာပါ။

ဒီရုပ်ရှင်ဆုပေးပွဲကို ၁၉၉၇ ခုနှစ်က စတင် ကျင်းပလာခဲ့တာ အခုဆိုရင် ၁၇ နှစ်တိုင်ခဲ့ပါပြီ။ ဒီ ဆုပေးပွဲရဲ့ပထမဆုံးအကြိမ် အခမ်းအနားကိုတော့ လော့အိန်ဂျယ်လိစ်မြို့မှာရှိတဲ့ ဟောလီးဝုဒ်ရဲ့ သမိုင်းဝင် ဟိုတယ်တခုဖြစ်တဲ့ Hollywood Roosevelt Hotel မှာ ကျင်းပခဲ့ပါတယ်။ “

Hollywood Screenwriter ဆုကို Gone Girl ၀တ္တုရေးခဲ့တဲ့ စာရေးဆရာမ  Gillian Schieber Flynn ရရှိခဲ့သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved