.jpg)
ကမ္ဘာတဝှမ်းရှိ လိင်တူချစ်သူတို့၏ ဘဝကို ထင်ဟပ်သည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရုပ်ရှင်အတိုနှင့် ဇာတ်လမ်းရှည် ၃၃ ကား ပါဝင်ပြသနေသည်။
Rainbow Reels Project မှ လိင်တူချစ်သူလူငယ် ၁၀ ဦးက ပွဲတော်အတွက် ရိုက်ကူးထုတ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားတို ၃ ကား အပါအဝင် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတို ၇ကား ပါဝင်သည်။
လိင်တူချစ်သူများ ကြုံတွေ့နေရသော မမျှတခြင်းတို့ကို ရုပ်ရှင်များမှ တဆင့်ပြသပြီး မြန်မာနိုင်ငံရှိ လိင်တူချစ်သူတို့အတွက် တန်းတူညီမျှအခွင့်အရေးရရှိရေး ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပသည့်ပွဲတော်ဖြစ်ကြောင်း သိရသည်။
Equality Myanmar အဖွဲ့မှ ဦးအောင်မျိုးမင်း ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး မာ့ခ်မက်ဒိုဝယ်၊ ပြင်သစ်ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူတို့က ဖွင့်ပွဲနေ့တွင် အမှာစကား ပြောကြားခဲ့ကြသည်။
- (ဓာတ်ပုံများ - တင်ထက်ပိုင်/ဧရာဝတီ)
0 comments :
Post a Comment