လိင်တူချစ်သူအလှမယ်ပြိုင်ပွဲမှာ ဗင်နီဇွဲလားက သရဖူဆွတ်ခူး

Saturday, November 8, 2014



ဓာတ်ပုံများ- Miss International Queen Beauty Pageant

 နိုင်ငံတကာက လိင်ခွဲစိတ်ပြီးသား ဒါမှမဟုတ် မခွဲစိတ်ရသေးပေမယ့် မိန်းမလို ၀တ်ဆင်တဲ့ "နိုင်ငံတကာ လိင်တူချစ်သူ အလှမယ်ပြိုင်ပွဲ" Miss International Queen 2014 "ကို  နိုဝင်ဘာလ ၇ ရက်နေ့ ထိုင်းစံတော်ချိန် ည ၁၀နာရီခွဲ မှာ ကျင်းပခဲ့တာ အလှမယ် သရဖူဆုကို ဗင်နီဇွဲလားနိုင်ငံက အလှမယ်က ရခဲ့ပါတယ်။

နိုင်ငံတကာက အလှမယ် ၂၅ ယောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒီပြိုင်ပွဲဟာ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ နိုဝင်ဘာလ ၁ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့တာပါ။

1st runner up ကို ထိုင်းနိုင်ငံက အလှမယ်နဲ့ 2nd runner up ကိုတော့ လာအိုနိုင်ငံက အလှမယ်တို့က ရခဲ့ပါတယ်။ ဒီအလှမယ်ပြိုင်ပွဲကို ၂၀၀၄ ခုနှစ်က စလို့ ကျင်းပလာခဲ့တာ အခုဆိုရင် ၁၀ နှစ်ရှိခဲ့ပါပြီ။

ဒီနိုင်ငံတကာအလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ သညာမောင် ကစလို့ ၀င်ပြိုင်ခဲ့တာ ဒီနှစ် ၂၀၁၄ မှာလည်း  မျိုးကိုကိုစန်းက ၀င်ပြိုင်ခဲ့ပါတယ်။

" Miss International Queen 2014 " ပြိုင်ပွဲရဲ့ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ ထိုင်းနိုင်ငံ ပတ္တရားမြို့ရဲ့ နာမည်ကြီး Tiffany Show ပွဲများက လိင်တူချစ်သူအနုပညာရှင်တို့ရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေအပြင် ပြီးခဲ့တဲ့နှစ်တွေက သရဖူရခဲ့တဲ့ အလှမယ်တွေရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ ပြုလုပ်သွားခဲ့ပါတယ်။


 
ဓာတ်ပုံ- Miss International Queen 2014 အလှမယ်

1st runner up ဆုရ ထိုင်းအလှမယ်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved