အာဆီယံထိပ်သီးခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေ စီးဖို့ BMW ကားများပံ့ပိုးကူညီမည်

Saturday, November 8, 2014


လာမယ့် နိုဝင်ဘာ ၁၂ နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်မယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်းမှာ နေပြည်တော်ကို လာကြမယ့် နိုင်ငံထိပ်သီးခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ စီးနိုင်ဖို့ BMW က Limousine ကား ၉၉ စီးကို ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။




ဒါကို နိုဝင်ဘာလ ၇ ရက်နေ့မှာ Prestige Automobiles ကုမ္ပဏီက အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာနဲ့ သတင်း ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်လိုက်တာပါ။

သူတို့ရဲ့ မြန်မာဘာသာနဲ့ သတင်းထုတ်ပြန်ချက်အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

~ သတင်းထုတ်ပြန်ချက်
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်

 
မြန်မာနိုင်ငံတွင်ကျင်းပမည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်း အသုံးပြုရန်အတွက် BMW မှ Limousine မော်တော်ကားများ ကူညီပံ့ပိုး

•    ယခုလတွင် နေပြည်တော်၌ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲများသို့ တက်ရောက်ကြမည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အသုံးပြုစီးနင်းနိုင်ရန်အတွက် BMW မှ Limousine မော်တော်ကား ၉၉ စီးအား ပံ့ပိုးကူညီ မည်ဖြစ်သည်။
 

ရန်ကုန် - BMW Group Asia နှင့် မြန်မာနိုင်ငံတွင် BMW မော်တော်ကားများကို တရားဝင်တင်သွင်း ဖြန့်ချိခွင့်ရရှိထားသော Prestige Automobiles တို့ ပူးပေါင်းပြီး ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြမည့် အာဆီယံခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အစည်းအဝေးကာလအတွင်း အသုံးပြု စီးနင်းနိုင်ရန်အတွက် အရည်အသွေးမြင့် BMW Limousine မော်တော်ကား ၉၉ စီးကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။

Myanmar International Convention Centre 2(MICC 2) တွင်ကျင်းပခဲ့သည့် မော်တော်ကားများ ပေးအပ်ခြင်း အခမ်းအနားတွင်  BMW 7 Series ၊ BMW 5 Series Executive Sedan နှင့် BMW X5 Sports Activity စသည့် မော်တော်ကားများကို Prestige Automobiles Co. Ltd ၏ Managing Director ဦးချမ်းမြနှင့် BMW Group Asia ၏ International Direct and Special Sales မှ Senior Regional Manager ဖြစ်သူ Mr.Thierry Weidenbach တို့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တွဲဖက်ဥက္ကဌ အာဆီယံထိပ်သီးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေး ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အဆိုပါအစီအစဉ်သည် ယခုနှစ်မေလတွင် နေပြည်တော်၌ကျင်းပခဲ့သည့် ASEAN Summit  အစည်းအဝေးကာလအတွင်း တက်ရောက်ကြသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံအဖွဲ့ကြီး၏ ဆွေးနွေးဖက် နိုင်ငံများ၏ ခေါင်းဆောင်များ၊ ၀န်ကြီးများ အသုံးပြုစီးနင်းရန် အတွက် လိုအပ်သည့် မော်တော်ယာဉ် အစီး ၇၀ ကို BMW Group Asia နှင့် Prestige Automobiles တို့က ပံ့ပိုးဆောင်ရွက်ခဲ့ခြင်း၏ နောက်ဆက်တွဲအစီအစဉ် တစ်ရပ်ဖြစ်ပါသည်။

"ယခုလိုအခါသမယမျိုးမှာ  BMW နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ၀မ်းမြောက်မိပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ နှစ်ပတ်လည်အစည်းအဝေးဟာ  အာဆီယံဒေသတွင်း လုံခြုံရေး၊ စီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စတာတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိကထားဆွေးနွေးကြတဲ့  အဆင့်မြင့်ဆုံး ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အစည်းအဝေးတက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို အစည်းအဝေးကာလအတွင်းမှာ အခုလို BMW ရဲ့ အရည်အသွေးမြင့် မော်တော်ကားတွေနဲ့ သယ်ယူ ပို့ဆောင်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်တာဟာ အထူးပြည့်စုံကောင်းမွန်တဲ့ အစီအစဉ် တစ်ခုပါပဲ " ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် က ပြောကြားခဲ့ပါသည်။

 " မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ်လက်ခံကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကျွန်တော်တို့ Prestige Automobiles အနေနဲ့ ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီအစည်းအဝေးကို တက်ရောက် လာကြတဲ့ အာဆီယံခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့ အစည်းအဝေး ကာလအတွင်း ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့် BMW မော်တော်ကားများကို လိုက်ပါစီးနင်းတဲ့ အခါမှာ  ထူးခြားပြည့်စုံသော ခံစားမှုနဲ့ လုံခြုံမှုတွေကို ရရှိခံစားနိုင်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ အပြည့်အ၀ယုံကြည်ထားပါတယ်။  ဒါ့အပြင် ကျွန်တော်တို့ Prestige Automobiles အနေနဲ့ CSR Activity ကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်သွားဖို့  သံဓိဋ္ဌာန်ချမှတ်ထားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုလို အာဆီယံထိပ်သီးအစည်းအဝေးပွဲကြီးမှာ နိုင်ငံ့ဂုဏ်ကိုမြင့်တင့်နိုင်စေရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ဆောင်ရွက်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်" ဟု Prestige Automobiles ရဲ့ Managing Director ဦးချမ်းမြက ပြောကြားခဲ့ပါသည်။

 BMW Group Asia ၏ International Direct and Special Sales မှ Senior Regional Manager Mr. Thierry Weidenbach ကလည်း " ကမ္ဘာ့ထိပ်တန်းအရည်အသွေးမြင့် မော်တော်ကား Brand အနေနဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို တတိယအကြိမ်အဖြစ် တွဲဖက်ပါဝင် ပံ့ပိုးခွင့်ရတဲ့အတွက် BMW အနေနဲ့ ဂုဏ်ယူမိပါတယ်။ BMW သည် အကောင်းဆုံးအရည်အသွေး၊ တီထွင်ဆန်းသစ်မှုနဲ့ ဒီဇိုင်းပိုင်း တို့ကို  ထိန်းသိမ်းထားနိုင်ဖို့အတွက် စဉ်ဆက်မပြတ် အာရုံစိုက်အလေးထား ဆောင်ရွက်လျက် ရှိပြီး ဒါကို BMW limousine မော်တော်ကားတိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။  ဒါဟာ ဂုဏ်သိက္ခာရှိ၊ ထင်ရှား အရေးပါသော ယခုလို အာဆီယံထိပ်သီးအစည်းအဝေးမှာ BMW အနေနဲ့ သင့်လျော်လိုက်ဖက်တဲ့ မိတ်ဖက် အဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရစေတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။ လို့ Prestige Automobiles ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ထက် သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိလိုတယ်ဆိုရင်လည်း ဆက်သွယ်နိုင်ဖို့ရန် ဂျီမေးလ် လိပ်စာများနဲ့  ဖုန်းနံပါတ်တွေကို ဖော်ပြထားပါသေးတယ်။

~ သတင်းအချက်အလက်များစုံစမ်းမေးမြန်းလိုပါက ဆက်သွယ်ရန်
Prestige Automobiles Co. Ltd.
Ms. San San Myint
95-9-5122569

TODAY Ogilvy Public Relations
Ms. Chaw Su Mon
95-9-253814215

chawsu.mon@todayogilvy.com
 Mr. Shane Neubronner






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved