ပုဂံမှာ တင်ဆက်နေတဲ့ ကမ္ဘာအဆင့်မီ Dandaree Show

Monday, November 17, 2014

-




ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့တဲ့  အနော်ရထာမင်းရဲ့ ရွှေနန်းတော်ကြီးအတွင်း ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပုံကို  တင်ဆက်ပြသနေတာကတော့ ပုဂံမြို့ နန်းတော်ရာမှာ ဖြစ်ပါတယ်။

 

  • (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)

  နိုဝင်ဘာလဆန်းပိုင်းက စတင်ပြီး ညစဉ်ကပြဖျော်ဖြေလျက်ရှိတဲ့ ဒီပွဲကိုDandaree Show လို့ အမည်ပေးထားတာပါ။

ယခင်က ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို မြေ၀ိုင်းအကများနဲ့သာ  နန်းတော်ရာအတွင်း ညခင်းဖျော်ဖြေခဲ့တာပါ။

အခုတော့  ကမ္ဘာ့အဆင့်မှီ ဆက်တင်အခမ်းအနားများ၊ မီးအလင်းအမှောင်များ ၊ ရင်သပ်ရှုမောဖွယ် သရုပ်ဖော်မှုများ ၊ အသံစနစ်များနဲ့ တင်ဆက်နေပါပြီ။

  ပုဂံဒေသရောက်လာတဲ့  ခရီးသွားများကို  မိနစ် ၈၀ ကြာတဲ့ Dandaree Show နဲ့ မိတ်ဆက်ပေးတာကတော့ Bagan Myanmar ကုမ္မဏီ ဖြစ်ပါတယ်။

 ကပြဖျော်ဖြေသူတွေက ဒေသခံအင်အား ၈၀ ရာခိုင်နှုန်း၊   ထိုင်းနိုင်ငံဘက်က ၂၀ ရာခိုင်နှုန်း ပါဝင်ကြောင်း၊
  ခေတ်မီအသံစနစ်၊ မီးအလင်းအမှောင်နည်းပညာများအတွက် ထိုင်းနိုင်ငံဘက်က တတ်ကျွမ်းသူတချို့နဲ့ လက်တွဲလုပ်ဆောင်ထားကြောင်း သိရပါတယ်။

ဝင်ကြေးကတော့  ပြည်တွင်းဧည့် (၅၀,၀၀၀)ကျပ် ဝန်းကျင်၊  ပြည်ပဧည့် ဒေါ်လာ ၆ဝ ခန့်နဲ့ ညစဉ် တင်ဆက်ပေးနေပါတယ်။

 


Dandaree Show ဓာတ်ပုံတွေကို ဧရာဝတီဖေ့စ်ဘုတ်မှာ တင်လိုက်အပြီး ရောက်လာတဲ့ စာဖတ်သူများရဲ့မှတ်ချက်တွေထဲက တချို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

- "ချင်းမိုင် မှာလဲ အဲလို ပွဲ ရှိပါတယ် ..ဝင်ကြေးကလဲ ဈေးကြီးတာပါဘဲ ...
အခုဝင်ကြေး ၅၀၀၀၀ ကလဲ သူဆားဗစ် ပေးထားတဲ့ အခန်းအနား ဆက်တင် နဲ့ ဝန်ထမ်းတွေ ပေးရမဲ့ ညကြေးနဲ့ ဆို သူလဲ အဲ့လောက်တော့ တောင်းမှာ ပါဘဲ .. ၂ဦး၂ ဘက် တန်းပါတယ် ..
 မြန်မာတွေ အတွက်ကတော့ ဈေးကြီးချင် ကြီးနေမှာပေါ့ ..နိုင်ငံခြားသား တွေကတော့ အဲ့လောက် ဈေး ဆို ကြည့် ကြ မှာပါ"

- "အကပေါင်းစုံနဲ့မြန်မာ့ ယဉ်ကျေးမှုကို အဆင်မြင့်နည်းပညာနဲ့ပြသထားတယ်
အလင်းရော အသံပါပြောစရာမရှိပါဘူး
 ကြည့်ရတာနဲ့တင် ဈေးက အရမ်းတန်နေပါပြီ
အပန်းမကြီးရင် လက်လွတ်မခံသင့်တဲ့ပွဲပါ"

- "အီဂျစ်မှာပြတာကြာလှပြီ သိတ်ကောင်းတဲ့အစီအစဉ်ပါ နောက်တော့လူများများကြည့် နိုင်အောင်တခါတရံဈေးလျှော့ ပေးပါ်
အနော်ရထာ ကောင်းခဲ့တာတွေချည်းပြမှာလား တစ်ကယ့်သမိုင်းအမှန်ပြမှာလား ...သမိုင်းအမှန်မခြွင်းမချန်ပြယင်တော့ ကြည့်ရတာတန်မှာပါ ၊
အနော်ရထာဘုန်းတော်ဘွဲ့ချည်း ပြနေယင်တော့ လူငယ်တွေအတွက် အဆိပ်တစ်မျိုးဘဲ"

- ထိုင်းနိုင်ငံ အကသမားတွေကို ငှားမယ့်အစား မြန်မာပြည်တွင်းအနုပညာကျောင်းဆင်းတွေကို ဒီကပွဲမှာ ထည့်သွင်းသင့်တယ်၊

- "ကိုယ်တို့က နည်းပညာပိုင်းမှ မတိုးတက်တာ လိုတာတော့ ငှားရမှာပေါ့ မငှားရင် ဒီလိုလည်း ပုံမပေါ် ကြည့်မကောင်း ဝင်ငွေမရဘူးပေါ့ဗျာ"




-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved