မြန်မာ ideabox ကို အမေဇုန် ကူညီ

Tuesday, November 11, 2014


ရန်ကုန်အခြေစိုက် နည်းပညာဆိုင်ရာအဖွဲ့အစည်းတခုဖြစ်တဲ့  ideabox ကို အမေဇုန်က နည်းပညာပိုင်းအရ အကူအညီပေးမယ်လို့ သိရပါတယ်။
 



ဒီအကြောင်းနဲ့ ပတ်သက်ပြီး အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

၂၀၁၄ နိုဝင်ဘာလ ၁၀

 Amazon Web Service က မြန်မာပြည်ရှိ သတင်းအချက် အလက်နှင့် နည်းပညာ လုပ်ငန်းကို ကူညီထောက်ပံ့မှု အတွက် ideabox နှင့် ပူးပေါင်း

ရန်ကုန်၊ မြန်မာ။

Amazone Web Service ၏ AWS Activate Program အတွက် ideabox နှင့် ပူးပေါင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
 ယင်း Program သည် Startups (စီးပွားစတင်သူများ) အတွက် လိုအပ်သည့် Cloud နည်းပညာကို ထောက်ပံ့ကူညီပေးမည့် အစီအစဉ် ဖြစ်သည်။
AWE ၏ Cloud နည်းပညာ တွင် အရင်းအမြစ် များစွာပါဝင်ပြီး ယင်းအရင်းအမြစ်များ ကို အသုံးပြုနိုင်စေမည် ဖြစ်သည်။

“Amazon Web Service ရဲ့ AWS Activate Program ကို မြန်မာပြည်မှာ စတင်ဖို့ ideabox နဲ့ ပူးပေါင်းတာကို ဝမ်းသာပါတယ်။
 ဒေသတွင်းမှာ ရှိတဲ့ နည်းပညာ ဆိုင်ရာ စီးပွား စတင်သူတွေကို ကမ္ဘာမှာ ဒီနေ့ အသုံးပြုနေတဲ့ Cloud infrastructure ကို ထိတွေ့ခွင့်ရမယ့်၊ အကြံဥာဏ် သစ်တွေ ရလာပါတော့မယ်။
Application တွေကို ထုတ်လုပ်တာတွေ ၊ နည်းပညာ နယ်ပါယ် ဖွံ့ဖြိုးတိုးတက် လာဖို့ အတွက် ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် ဖြစ်လာနိုင်ပါတယ်။” ဟု ideabox ၏ ပူးတွဲ တည်ထောင်သူ ကိုကောင်းစစ်က ပြောကြားခဲ့သည်။

Cloud technology လို့ ခေါ်တဲ့ အပြင်မှာ စက်ပစ္စည်းမရှိ ကွန်ရက်ထဲမှာပဲ သိမ်းဆည်း ထားတဲ့ နည်းပညာ ကို တချိန်တုန်းက မြန်မာပြည်တွင် အသုံးပြုဖို့ မဖြစ်နိုင်ခဲ့ပါ။
မိုဘိုင်းဖုန်း အသုံးပြုမှု ပိုမိုမြှင့်တက်လာခြင်း၊ ဆက်သွယ်ရေးစနစ် ၏ အဆင့်အတန်း ပိုမို မြင့်မားလာခြင်း၊ အင်တာနက် ကွန်ရက်များ ပိုမို ကောင်းမွန် တိုးတက်လာခြင်း ၊ အစရှိတဲ့ အကြောင်းအချက် များသည် ယင်းနည်းပညာ ကို မြန်မာပြည်မှာ အသုံးပြု လာနိုင်စေခြင်း ဖြစ်ပါတယ်။
Cloud technology သည် ကုမ္ပဏီများ မိမိတို့ရဲ့ လုပ်ငန်းဆိုင်ရာ နည်းပညာ အရင်းအမြစ်များကို မိမိတို့ ကုမ္ပဏီမှာ သိမ်းဆည်း ထားခြင်း မပြုလုပ်ပဲ ဌာနနေရာတစ်ခုမှာသာ သိမ်းဆည်းထားပြီး လိုအပ်သည်ကို အင်တာနက်ကွန်ရက်မှ တစ်ဆင့် အလွယ်တကူ ထုတ်ယူ အသုံးပြုခြင်း၊ ယင်း ကွန်ရက်အတွင်းမှာပင် အလုပ်ပြီးမြောက်စေခြင်း တို့ကို ပြုလုပ်နိုင်သည့် နည်းပညာ ဖြစ်ပါသည်။

Bindez မှ ပူးတွဲတည်ထောင်သူ၊ နည်းပညာ အမှုဆောင်အရာရှိ ဖြစ်သူ ကိုရဲဝင့်ကို က ယခုလို ပြောကြားသည်။
“Cloud Computing ကို စတဲ့အထဲမှာ AWS က ဦးဆောင်လမ်းပြတဲ့ ကုမ္ပဏီထဲက တစ်ခုပါပဲ။
အခု သူတို့မှာရှိတဲ့ အရင်းအမြစ်တွေကို တွေကို ကျွန်တော်တို့ အသုံးပြုရမယ် ဆိုတော့ တကယ်ပဲ ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။
ပြည်တွင်း က နည်းပညာ အထူးကျွမ်းကျင်သူ တွေကလည်း ဒါကို မျော်နေကြတာပဲလေ။
ကျွန်တော်တို့ရဲ့ ဖွင့်ဖြိုးတိုးတက်မှု လုပ်ငန်းတွေ မှာ သူက အများကြီး အထောက်အကူ ပြုနိုင်မှာမို့ ဖြစ်ပါတယ်။”

အူရီဒူး မြန်မာ ၏ လူမှုဆက်ဆံရေး နှင့် ပြန်ကြားရေး အကြီးတန်း မန်နေဂျာ ဖြစ်သူ မသီရိကြာညို ကလည်း ယခုလို ပြောကြားသည်။
“တိုင်းပြည်တွင်းက စွန့်ဦး တီထွင်သူတွေ ဟာ နည်းပညာ ကုန်ပစ္စည်း အသစ်တွေ ထွက်လာအောင် ကြိုးပမ်းနေကြပါတယ်။
တချိန်တုန်းက ဒီအတွက် လုံလောက်တဲ့ အရင်းအမြစ်၊ အထောက်အပံ့တွေ မရှိခဲ့ပါဘူး။
ယခုတော့ ကျွန်မတို့ ဒီအတွက် ကူညီပေးနိုင်ခဲ့ပြီး မြန်မာပြည်က စီးပွားစတင်သူများနဲ့ စွန့်ဦးတီထွင်သူများရဲ့ နည်းပညာ လုပ်ငန်းတွေကို ပုံမှန် လည်ပတ်နိုင်တဲ့ အခြေခံ အဆင့် အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။
AWS Activate နဲ့ ပူးပေါင်း လိုက်တာကြောင့် တိုင်းပြည်ရဲ့ နည်းပညာ နဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်လာတာတွေကို အင်မတန် အထောက်အကူ ဖြစ်လိမ့်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။”

AWS Activate program မှ ပေးအပ် ကူညီမည့် နည်းပညာ အရစ်အမြစ်များ ဖြစ်သည့် AWS service credits နှင့် နည်းပညာ ဆိုင်ရာ အကူအညီများကို ideabox Myanmar ၏ Startup Community တွင် စာရင်းသွင်းပါဝင်ထားသော နည်းပညာ ကုမ္ပဏီများ ရရှိမည် ဖြစ်သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved