MPT ကြော်ငြာထဲက မင်းဘုန်းမြတ်

Tuesday, November 18, 2014





မင်းဘုန်းမြတ်၊
Star & Models Intl Agency,
အသက် ၁၈ နှစ်၊
ပထမနှစ်၊ အဝေးသင်တက္ကသိုလ်။

 
  • ဓာတ်ပုံများ - သော်ဟိန်းထက် / ဧရာဝတီ

ကျနော်က အနုပညာအလုပ်ကို အရမ်းဝါသနာပါတယ်။ ဒါကြောင့် ဆရာ ဂျွန်လွင်ရဲ့ Star & Model Intl Agency မှာ သင်တန်းတက်ခဲ့တယ်။
သင်တန်းပြီးတော့ ဆရာဂျွန်လွင်က ကျနော့်ကို စာချုပ်ချုပ်ပြီး အနုပညာ အလုပ်လုပ်ဖို့ ကမ်းလှမ်းတော့ လုပ်ဖြစ်ခဲ့ပါတယ်။ အခုတော့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဖွင့်တဲ့ သရုပ်ဆောင် သင်တန်းမှာ တက်နေ ပါတယ်။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်တာတွေ အားလုံး ဆရာဦးမျိုးမင်းဆီက ကျနော် ကြိုးစားပြီးသင်ယူနေပါတယ်။

မော်ဒယ်လ်အလုပ်နဲ့ပတ်သက်ရင်တော့ ဆရာဂျွန်လွင်က ကျနော် အရမ်းလေးစားရတဲ့ ကျနော့်ရဲ့ ကျေးဇူးရှင်ဆရာပါ၊ အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ကျနော့်ကို ကြော်ငြာတွေရိုက်ဖို့ ကမ်းလှမ်းထားတာတွေ ရှိပါတယ်။ ဆရာဂျွန်လွင်စီစဉ်တဲ့ Model Show ပွဲ တော်တော်များများမှာလည်း လျှောက်ဖြစ်တယ်၊ နောက်ပြီး ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေအတွက်လည်း ကျနော် ဓာတ်ပုံတွေ ရိုက်ပေးထားပါတယ်။

MPT ကြော်ငြာ ရိုက်ဖြစ်ခဲ့တာကလည်း ကျနော့်ဆရာရဲ့ ကျေးဇူးကြောင့်ပါပဲ။ အခု အဲဒီ MPT ကြော်ငြာကို တီဗီက ဆက်တိုက်လွှင့်နေတာ တွေ့ရတော့ အရမ်းပျော်ပါတယ်။ ကိုယ့်ကြော်ငြာကို ကိုယ်ပြန်ကြည့်ရတော့ ရင်ထဲမှာ ပီတိဖြစ်သလိုမျိုး ခံစားရပါတယ်။ MPT ကြော်ငြာအတွက် ရိုက်ကူးပေးခဲ့တဲ့ သူတွေ၊ ကူညီပေးတဲ့သူတွေ အကုန်လုံးကိုလည်း ကျနော် အရမ်းကျေးဇူးတင်ပါတယ်။ အဲဒီ ကြော်ငြာနဲ့ပတ်သက်ပြီး ပရိသတ်တွေဆီက ဘာမှ မကြားရသေးပေမယ့် ကျနော့် သူငယ်ချင်းတွေကတော့ ကျနော့်ကို နောက်ကြ၊ ဟြေင်ကြပါတယ်။ MPT က မင်း ကြော်ငြာလိုက်မှပဲ လိုင်းတွေ ပိုနှေးသွားတယ်၊ လိုင်းမကောင်းတော့ဘူး ဆိုပြီး စကြ နောက်ကြပါတယ်။

ပရိသတ်တွေဆီက ဝေဖန်သံ ကြားချင်ပါတယ်။ ကျနော့် ရည်ရွယ်ချက်က ရသ အမျိုးမျိုးပေးနိုင်တဲ့ သရုပ်ဆောင်ကောင်းတယောက် ဖြစ်ချင်တယ်။ သီချင်း ဆိုတာလည်း ကျနော် ဝါသနာပါပါတယ်။ ကိုယ်ဝါသနာ ပါတာကို လုပ်နေရတဲ့အချိန်က ကျနော့်အတွက် အပျော်ဆုံး အချိန်ပါပဲ။ ကျနော့်မိဘတွေကလည်း ကျနော့် ဝါသနာကို အားပေးကြပါတယ်။ အခုချိန်မှာတော့ ကျနော် သင်ယူ စရာ၊ မှတ်သားစရာတွေက လောကမှာ အများကြီးရှိနေပါ သေးတယ်။

 

လူတိုင်းက ဘဝမှာ အခက်အခဲ ဆိုတာနဲ့ ရင်ဆိုင်ရမယ့်သူတွေ ချည်းပါပဲ။ အဲဒီအခက်အခဲတွေကို ကျနော် ကျော်ဖြတ်နိုင်အောင် ကြိုးစားမှာပါ။ ကျနော်တို့လို လူငယ်တွေအတွက် ဘဝကို တန်ဖိုးရှိရှိ ကုန်ဆုံးဖို့နဲ့ နာမည်ကောင်းနဲ့ ဘဝမှာ ရပ်တည်ဖို့က အရေးအကြီးဆုံး ပဲလို့ ကျနော်ထင်ပါတယ်။ အချိန်ဆိုတာက ပြန်ပြီး အစားထိုး မရနိုင်တဲ့အတွက် လူငယ်ဘဝမှာ အစစအရာရာ ကြိုးစားမှ အောင်မြင်နိုင်မှာပါ။

ကျနော့်ဆရာ ကျနော့်ကို ဟြေနေကျ၊ ဆုံးမနေကျ စကားတခွန်း ရှိပါတယ်။ လူဆိုတာ ကိုယ့်ဘဝကိုယ် နားလည်ရမယ်တဲ့။ ဆရာဟြေတာအမှန်ပါပဲ။ လူဆိုတာကိုယ့်ဘဝကိုယ် နားလည်မှသာ လူဖြစ် ရကျိုး နပ်မှာပါ။ ဘာပဲဟြေဟြေ ကျနော့်ကို အစစအရာရာ နားလည်အောင် ဟြေပြတဲ့၊ ဆုံးမတဲ့သူတွေကို ကျနော် ကျေးဇူးတင်ပါတယ်။

ကျနော်က စာဖတ်တာတော့နည်းတယ်၊ ကျနော်က ကိုယ့်ထက်သိတဲ့သူ၊ တတ်တဲ့ သူတွေက ဟြေပြကြတာတွေကို မှတ်သားထားပါတယ်။ လူငယ်ဆိုပေမယ့် ဘဝကို ကိုယ်နေချင်သလိုနေတာ မကောင်းပါဘူး။ လူဖြစ်လာရင် စည်းနဲ့ကမ်းနဲ့ ရှိရမယ်၊ အရာရာကို အလေးထားတတ်ရမယ် ဆိုတာတွေကိုတော့ ကျနော် နားလည်လက်ခံထားပါတယ်။ ကျနော်သိထားတာတွေက ဘဝမှာကြိုးစားမှုရှိရမယ်၊ နားလည်မှုရှိရမယ်၊ ကောင်းတာတွေကို အတုယူရမယ်၊ အမှန်အမှားကို ခွဲခြား တတ်ရမယ်၊ စိတ်ဓာတ်ကောင်းပြီး အရည်အချင်းရှိတဲ့သူတယောက် ဖြစ်ရမယ် ဆိုတာတွေကို ကျနော် မှတ်သားထားပါတယ်။

မြတ်သူအောင်

ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာ သူတို့ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ြွကမှုတွေနဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက်အကျတွေ တပါတည်း ပါလာတတ်စမြဲ ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်းပုံစံ ကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကို လေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြနေပါတယ်။
အခုတပတ်မှာတော့ MPT ကြော်ငြာနဲ့ လူသိလာတဲ့ မင်းဘုန်းမြတ်ရဲ့ အမြင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved