အမြဲတမ်းနေထိုင်ခွင့် PR အစီအစဉ် ဒီဇင်ဘာလဆန်း အစပြုမယ်

Monday, November 10, 2014


 -


 
နိုင်ငံခြားသားများ မြန်မာပြည်မှာ အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်ကို အကောင်အထည် ဖော်ရေး ပြင်ဆင်နေတာ အတော် ခရီးရောက်နေပြီဖြစ်တယ်၊
လာမယ့်လ ဒီဇင်ဘာ ၅ ရက်နေ့ဆိုရင် လျှောက်လွှာတင်တာ လုပ်နိုင်ပါတော့မယ် တဲ့ - လ၀ကရုံး အရာရှိတဦးက ဆိုပါတယ်။

 

  • ABSDF  ဥက္ကဋ္ဌဟောင်း ကိုမိုးသီးဇွန် ၂၀၁၂ ခုနှစ်က ရန်ကုန်လေဆိပ် ရောက်ရှိစဉ် သူ့ကို လာရောက် ကြိုဆိုသူများ၊ သတင်းသမားများကို စကားပြောနေပုံဖြစ်ပါတယ်။  အစိုးရက သူ့ကို အမည်ပျက်စာရင်း ပြန်သွင်းထားတဲ့အတွက် မြန်မာပြည် ပြန်လာလို့ မရသေးကြောင်း သိရပါတယ် (Photo: The Irrawaddy)

Permernant Resident  (PR) လို့ ခေါ်ကြတဲ့ အဲဒီအစီအစဉ်က ပညာရှင်၊ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်၊   မြန်မာနိုင်ငံသားဟောင်း စတဲ့သူတွေကို မြန်မာပြည်မှာ ရေရှည်နေထိုင်နိုင်တဲ့ အစီအစဉ်ပါ။
 အမြဲတမ်းနေထိုင်ခွင့် ဆိုပေမယ့် ၅ နှစ်သက်တမ်း ရှိပါလိမ့်မယ်။
၅ နှစ်ပြည့်ရင် သက်တမ်းထပ်တိုးဖို့ လျှောက်လွှာတင်ရပါမယ်။

လျှောက်လွှာကြေး ဘယ်လောက်ရှိမယ် ဆိုတာကို ဒီလ လယ်ပိုင်း ထုတ်ပြန်မယ် လို့ ဆိုပါတယ်။

ဒီအစီအစဉ်ဟာ တခြားနိုင်ငံများမှာ ရှိတတ်ပေမယ့် မြန်မာပြည်မှာတော့ ပထမဆုံးအကြိမ် ကျင့်သုံးဖို့ စီစဉ်နေခြင်းပါ။

ဒါကတော့ ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာ သတင်းတပုဒ် ‘Permanent’ Residence for Former Citizens, Foreigners to Start Next Month မှာ ပါတဲ့ သတင်းကို ကောက်နှုတ်ဖော်ပြခြင်းပါ။
အပြည့်အစုံကို http://www.irrawaddy.org/burma/permanent-residence-former-citizens-foreigners-start-next-month.html မှာ ဖတ်နိုင်ပါတယ်။

မြန်မာပြည်သားဟောင်းတွေ နိုင်ငံသားပြန်လျှောက်ခွင့်နဲ့ ပတ်သက်ပြီး ရေးသားထားတာကိုလည်း အဲဒီမှာ တွေ့ရပါမယ်။

AAPP လို့ ခေါ်တဲ့ နိုင်ကျဉ်းအဖွဲ့ တာဝန်ခံတဦးဖြစ်သူ ကိုဘိုကြည်က ချက်သမ္မတနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူပါ။

သူ မြန်မာပြည်ပြန်လာပြီး နိုင်ငံသား ပြန်လျှောက်ထားတာ အလုပ်မဖြစ်သေးတဲ့အကြောင်းလည်း အဲဒီမှာ ရေးထားပါတယ်။

စည်သူလင်း


 -

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved