ဘက်ခမ်းတို့ ဇနီးမောင်နှံ ဖက်ရှင်လောကမှာ ကျော်ကြားဆဲ

Monday, December 1, 2014


အင်္ဂလန်ဘောလုံး အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ သူ့ဇနီး ဗစ်တိုးရီးယား ဘက်ခမ်း 
တို့မောင်နှံဟာ တနင်္ဂနွေနေ့ညပိုင်းက လန်ဒန်မှာရှိတဲ့ Evening Standard Theatre Awards ဆုပေးပွဲကို တက်ရောက်လာတဲ့အခါ ပရိသတ်ရဲ့ အထူးစိတ်ဝင်စားမှု ခံကြရပါတယ်။ 


ဓာတ်ပုံများ - The Mirror



 အဲဒီပွဲမှာ စတာလင်ပေါင် ၂၈၀၀ တန်တဲ့ အမည်းရောင် ဖက်ရှင်ကို ဇနီးသည် ဗစ်တိုးရီးယားက   ၀တ်ဆင်ထားပြီး နီလာ လက်စွပ်၊ နီလာ နားကပ်တို့ ၀တ်ဆင်ထားတာ သတိပြုမိကြမယ်ထင်ပါတယ်။ 

သူတို့ စုံတွဲရဲ့ ၀တ်စားဆင်ယင်မှုက ဗြိတိန်မှာသာမက အမေရိကန်အပါအ၀င် နိုင်ငံတကာ ဖက်ရှင်လောက က လူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်လို့ The Mirror သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ထူးခြားတာကတော့ မကြာသေးခင်ရက်ပိုင်းကပဲ ယာဉ်မတော်တဆဖြစ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းကို မြင်ရတာ ထိခိုက် ဒဏ်ရာရထားဟန်မပြခဲ့ဘူးလို့ သတင်းတွေက  ရေးကြပါတယ်။ 




လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အာဆင်နယ် အသင်း ( ယူ ၁၆ ) တွင် လေ့ကျင့်သင်ကြားနေတဲ့ သားဖြစ်သူ ဘရွတ်ကလင်းကို ကြိုပြီး ပြန်အလာ ယာဉ်မတော်တဆဖြစ်လို့ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့  
ဒေးဗစ်ဘက်ခမ်းဟာ ပုခုံးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရခဲ့တယ်လို့ သိရပါတယ်။ 

ဘောလုံးသမားရဲ့ သားလည်းဖြစ် ဘောလုံးသမားဖြစ်ဖို့ကိုပါ စိတ်ဝင်တစားရှိလှတဲ့ ဘရွတ်ကလင်း ဟာ အခုဆို အသက် ၁၅ နှစ်ရှိနေပါပြီ။

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယား ဘက်ခမ်းတို့ မိသားစုဟာ အခုချိန်ထိ ဖက်ရှင်လောကမှာ ဦးဆောင်နေဆဲပါဘဲတဲ့။ 


 အိမ့်သံစဉ် ~ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved