ထိုင်းအိမ်ရှေ့စံရဲ့ ကြင်ယာတော် မိသားစုတွေရဲ့ တော်ဝင်ဘွဲ့ ရုပ်သိမ်းရန် မင်းသား ဆို

Monday, December 1, 2014


ထိုင်းဘုရင့် အိမ်ရှေ့မင်းသားက ကြင်ယာတော်ရဲ့မိသားစုအနေနဲ့ လက်ရှိသုံးစွဲနေတဲ့ တော်ဝင်ဘွဲ့ အမည်နာမတွေကို ရုပ်သိမ်းပေးဖို့ ထိုင်းအစိုးရအဖွဲ့ဆီတောင်းဆိုလိုက်ပါတယ်။ 


ဓာတ်ပုံ - BBC News



ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေး ရဲအဖွဲ့ CIB အကြီးအကဲနဲ့ အပေါင်းအပါတွေ ကို တော်ဝင် နန်းတော်ရဲ့ ဂုဏ်ကျက်သရေကို ထိခိုက်စေမှုအပါအ၀င် အကျင့်ပျက်ခြစားမှု၊ ရာဇ၀တ်မှု  
တွေနဲ့ ဘတ်ငွေဘီလျံနဲ့ ချီတဲ့ ပိုက်ဆံနဲ့ ရတနာပစ္စည်းတွေ၊ နေအိမ်၊ တိုက်ခန်း၊ မြေယာပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေ၊ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တွေကို သိမ်းဆည်းရမိအပြီး ဒီသတင်းထွက်ပေါ်လာ တာလို့ ဘီဘီစီသတင်းတပုဒ်က ဆိုပါတယ်။ 

ထိုင်းဘုရင့် အိမ်ရှေ့စံမင်းသား Vajiralongkorn ဟာ တတိယမြောက် ကြင်ယာတော်အဖြစ် Srirasmi ကို ၂၀၀၁ ခုနှစ်က လက်ဆက်ထိမ်းမြားခဲ့တာပါ။ 

မင်းသမီး Srirasmi ရဲ့ ဦးလေးတော်စပ်သူ ရဲအရာရှိကြီးဟာ  မှောင်ခိုလုပ်ငန်း၊ လောင်းကစား လုပ်ငန်းတွေနဲ့ မတရား လာဘ်ယူမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး သူ့နေအိမ်က ပိုင်ဆိုင်မှု အမြောက်အများ သိမ်းဆည်းရမိခဲ့တာပါ။ 

ထိုင်းဘုရင့် အိမ်ရှေ့မင်းသားဟာ ထိုင်းဘုရင်ကြီးရဲ့အရာကို ဆက်ခံရမယ့်သူလည်းဖြစ်ပြီး သူ့ရဲ့ ကြင်ယာတော်ရဲ့ ဆွေမျိုးတွေ အနေနဲ့ ခုလို ဖမ်းဆီးအရေးယူခံရပြီးနောက်ပိုင်း တချိန်ကပေးအပ်ထားတဲ့ တော်ဝင် ဘွဲ့အမည်တွေ ကို ရုပ်သိမ်းဖို့ထိ ဖြစ်လာတာလို့ ဆိုပါတယ်။ 


 "ကိုးကားသတင်းလင့်ခ်"

http://www.bbc.com/news/world-asia-30258759

 အိမ့်သံစဉ် ~ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved