သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု-၃)

Friday, December 5, 2014




ဘ၀မှာ ပျင်းတတ်ပြီး အောင်မြင်ချင်တဲ့ လူငယ်တွေအတွက် အကောင်းဆုံးနည်းလမ်းတွေနဲ့ စိတ်ဓာတ်ခွန်အားတွေပေးနေတဲ့ ဒီစာစုလေးကို အပတ်စဉ် သောကြာနေ့တိုင်း ဧရာဝတီ ဘလော့ဂ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးနေတာ အခုတပတ်နဲ့ဆို သုံးပတ်မြောက်ရှိသွားပြီပေါ့။

ဒီတပတ်မှာလည်း ပျင်းတတ်တဲ့ လူငယ်တွေအတွက် “အောင်မြင်မှုဆိုတာ ဘယ်လိုလူတွေအတွက်လဲ” ဆိုတဲ့ စာစုလေးကို ထပ်မံ တင်ဆက်ပေးချင်ပါသေးတယ်။ ပျင်းရင်တောင် ဘယ်လိုပျင်းရမလဲလို့ ဆိုတာလိုပေါ့။

အောင်မြင်မှုဆိုတာ ဘယ်လိုလူတွေ အတွက်လဲ

ပျင်းပျင်းနဲ့ နည်းနည်းတော့ ပြောရဦးမှာပဲ။ အရင်ခေတ်က ပုလိပ်တွေရဲ့ လက်သုံးစကားရှိတယ်။ မလုပ် မရှုပ် မပြုတ်..တဲ့။ ပျင်းတဲ့ လူငယ်တွေနဲ့ ကိုက်ညီတယ်လို့ မထင်လိုက်နဲ့နော်။ Doing nothing is doing ill ဆိုတာ မမေ့ပါနဲ့။ ဘာမှ မလုပ်ခြင်းဟာ အပြစ်ကျူးလွန်တာပဲတဲ့။ တနည်းပြောရရင် ဘာမှ မလုပ်ရင် ဘာမှ ဖြစ်မလာနိုင်ဘူး ပေါ့။  ပျင်းပျင်းနဲ့ ခိုင်မာတဲ့ အတွေး စိတ်ကူးကို ထင်ရှားမြင်အောင် ကြည့်ဖို့ မမေ့ပါနဲ့။

Success in life is not reserved for the people who are the most talented. It is not reserved for the ones who have the highest I. Q. It is not reserved for the people with the best physical appearance. Success is almost totally dependent on desire, drive and persistence.

အောင်မြင်မှုဆိုတာ မွေးရာပါ ပါရမီအခံကောင်းတဲ့လူတွေအတွက်၊ ပြီးတော့ ဉာဏ်ရည် ဉာဏ်သွေး အမြင့်ဆုံးဆိုတဲ့ လူတွေအတွက်၊ ဥပဓိ ရုပ်ချောမော ကောင်းမွန်တဲ့သူတွေအတွက်ချည်း မဟုတ်ဘူး။ အောင်မြင်မှု တကယ် တည်နေတာက (လူတိုင်းအတွက်) ပြင်းပြတဲ့ ဆန္ဒ၊ ဇွဲ နဲ့ မောင်းနှင်အားပေါ် မူတည်တယ်။ မောင်းနှင်အား ဆိုတာက ဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင် ရအောင် ကျင့်ကြံအားထုတ် လုပ်ကိုင်ခြင်းပဲ။

ပျင်းတတ်တဲ့ တို့လူငယ်တွေအတွက် ပျင်းရင် ဖျင်းတတ်တယ်နော်။ ပ စောက်နဲ့ ဖ ဦးထုပ်က နီးနီးလေးပါ။ ပျင်းလို့ မလုပ်တာမျိုး မဖြစ်စေပါနဲ့။ ပျင်းလို့  ဖျင်းသွားရင် ဘ၀ပျက်ပြီလို့သာ မှတ်ပေရော့။ သိတယ် မဟုတ်လား.. အဖျင်းအမှော် ဆိုတာ လူတကာ နင်းဖတ်ပဲ ဆိုတာ အားလုံး သိမှာပါ။ သို့ပေမယ့် သက်သောင့်သက်သာနဲ့ ကိုယ့်ရဲ့ ဘ၀ ရည်မှန်းပုံရိပ်ကို အထင်အရှား မြင်အောင် ကြည့်ရမှာ ဖြစ်တယ်။

ကိုယ်လိုချင်၊ ကိုယ်ဖြစ်ချင်၊ ကိုယ်ရချင်တဲ့ ဘ၀အနေအထားကို အထင်အရှားရှုမြင်ပြီး အဲဒီ အနေအထားနဲ့ လိုက်လျောညီထွေတဲ့ အကျင့်အကြံ ရှိပါစေ၊ ဆက်စပ်တဲ့ အသိ ဗဟုသုတကိုရှာဖွေ ဖြည့်ဆည်းနိုင်ပါစေ။ ဒါဆိုရင် ဘ၀လိုအင် အမြန်ဆုံး ပြည့်စုံပြီပေါ့။ ဖြစ်ချင်တာက အောင်မြင်တဲ့ စာရေးဆရာ၊ တွေးနေပုံက ဆိုက်ကားသမား အတွေး မဖြစ်ရပါဘူး။ ရချင်တာက လုပ်ငန်းရှင် သူဌေးကြီးဘ၀၊ ဒါပေမယ့် ပြုမူနေတာက ကလေကချေ ဆိုရင် ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားကြည့်ရင် အလွယ် သိနိုင်တယ်။

အရေးအကြီးဆုံး သတိပြုရမှာက အပျင်းတတ်ဖို့ စာစုလေးတွေ ဖြစ်လို့… ပျင်းရုံသက်သက် မဟုတ်ဘဲ ပျင်းပျင်းနဲ့ အတွေးစိတ်ကူးကို ခိုင်မာစေဖို့ ဖြစ်တယ် ဆိုတာပဲ။ ပြီးတော့ အဲဒီ အတွေးစိတ်ကူးကို လက်တွေ့နဲ့ ဆက်စပ်ပြီး ယူနိုင်ရင်… အောင်မြင်ဖို့ အတွက်  သေချာတယ် စိတ်ချလိုက်… တို့လူငယ် လို့ ပျင်းပျင်းနဲ့ ပြောပြလိုက်တာပါ။



ပျင်းတဲ့  
နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved