အကယ်ဒမီဆုပေးပွဲမှာ ခိုင်သင်းကြည် ရွှေလက်ကောက်ပျောက်

Monday, December 29, 2014

၂၀၁၃ ခုနှစ် အကယ်ဒမီ ဆုရှင် တဦးဖြစ်တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က အကယ်ဒမီ ဆုပေးပွဲ မှာ သူ ဝတ်ဆင်ထားတဲ့ ရွှေလက်ကောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ 

 အကယ်ဒမီဆုပေးပွဲ ညက ခိုင်သင်းကြည်တို့ မိသားစု မြင်ကွင်း၊ ဓာတ်ပုံ- ခန့်နိုင်ရဲ့ ဖေ့စ်ဘုတ်


ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ် ရှင်စောပုလမ်း MEP ( Myanmar Event Park ) ခန်းမမှာ ကျင်းပခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲ အတွင်း ခိုင်သင်းကြည့်ရဲ့ ရွှေလက်ကောက် ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး ခင်ပွန်းသည် ကိုခန့်နိုင်က သူ့ ဖေ့စ်ဘုတ်ကနေ ရွှေလက်ကောက်ကို တွေ့ရှိသူအနေနဲ့ အကြောင်းကြားဖို့ တယ်လီဖုန်း နံပတ်နဲ့ တကွ ကြေညာထားပြီး ကျေးဇူးဆပ်မယ်လို့လည်း ရေးထားတာပါတယ်။ 



မခိုင်သင်းကြည်ကတော့ ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲမှာ စုန်းပြူး ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ပို့ဆု ကို ဆွတ်ခူးရရှိသွားခဲ့တာပါ။ 

၂ဝ၁၃ ခုနှစ်အတွက် အကယ်ဒမီဆုရှင်တွေကတော့ 

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဒါရိုက်တာ ဝိုင်းရဲ့ နင်စေရင် ဆိုတဲ့ ဇာတ်ကားနဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆွတ်ခူးရရှိပြီး အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို အဲဒီဇာတ်ကားနဲ့ပဲ သရုပ်ဆောင် ပြေတီဦးက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ 

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ စုန်းပြူးဇာတ်ကားနဲ့ သရုပ်ဆောင် ခိုင်သင်းကြည်က ဆွတ်ခူးရရှိ ပြီး အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို နင်စေရင် ဇာတ်ကားနဲ့ သရုပ်ဆောင် မင်းဦးက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ 

အကောင်းဆုံး ဒါရိုက်တာ ဆုကို စေတန်ရဲ့ ကချေသည် ဇာတ်ကားနဲ့ ဒါရိုက်တာ ဝိုင်းက ဆွတ်ခူးရရှိသွားပါ တယ်။ 

ဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့ နင်စေရင် ဇာတ်ကားဟာလည်း အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်း ဆုံး အသံဆုနဲ့ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုတို့ကို ဆွတ်ခူးရရှိသွားပါတယ်။ 

အကောင်းဆုံး နောက်ခံ တေးဂီတဆုကိုတော့ ကြယ်စင်မော်ကွန်း ဇာတ်ကားနဲ့ စန္ဒရား တင်ဝင်းလှိုင်က ဆွတ်ခူး ရရှိ သွားပါတယ်။ 





 အိမ့်သံစဉ် ~




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved