ပျောက်ဆုံး အဲအေးရှားလေယာဉ်ကို အပြင်းအထန် ရှာဖွေနေဆဲ

Monday, December 29, 2014

အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်က စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားတဲ့ အဲအေးရှား ခရီးသည်တင် 
လေယာဉ် A320-200 ၊ ခရီးစဉ် QZ 8501 ဟာပျောက်ဆုံးနေ ဆဲဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေက ရှာဖွေရေး လုပ်ငန်းတွေကို အပြင်း အထန်လုပ်ဆောင်နေပါတယ်။ 


မနေ့ညပိုင်းကတော့ ပျောက်ဆုံးအဲအေးရှားလေယာဉ်ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် ရာသီဥတု ဆိုးရွား လာ တဲ့အတွက် ရပ်နားပြီး ဒီကနေ့ မနက်ပိုင်းမှာ ဆက်လက်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ 
ပြန်လည် စတင်နေတယ်လို့ သိရပါတယ်။ 

ပျောက်ဆုံးအဲအေးရှား လေယာဉ်မှူးဟာ စတင်ပျံသန်းခဲ့ပြီး မိနစ်ပိုင်းအကြာမှာ ရာသီဥတုဆိုးရွားလာတဲ့ အတွက် လေယာဉ် လမ်းကြောင်း ပြောင်းပျံသန်းမယ်လို့ အင်ဒိုနီးရှားလေကြောင်းထိန်းချုပ်ရေး စခန်းကို အကြောင်းကြားခဲ့သေးတယ်လို့ အင်ဒို သတင်းတွေက ဖော်ပြကြပါတယ်။ 

လေယာဉ်ပေါ်မှာ စုစုပေါင်း ၁၆၂ ဦးပါပြီး ၁၅၅ ဦးက ခရီးသည်တွေ ဖြစ်ပါတယ်။ လေယာဉ်ပျောက်ဟာ ဂျာဗားပင်လယ်ပြင် ထဲမှာ ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင် ဆက်လက်လုပ်ဆောင်နေပါတယ်။ 

ပျောက်ဆုံး အဲအေးရှားလေယာဉ်ကို ရှာဖွေနေဆဲမှာပါဘဲ ၄င်းနဲ့ ခရီးစဉ် တူတဲ့ QZ 8501 အဲအေးရှား
လေယာဉ် နောက် တစီး ဟာ စင်ကာပူနိုင်ငံ ချန်ဂီ လေဆိပ်ကို ဒီကနေ့ မနက်ပိုင်းက လုံခြုံစွာ ဆင်းသက် လာတယ်လို့ စင်ကာပူ အခြေစိုက် Channel News Asia- ANA က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ သတင်း တင်ပြခဲ့တာမှာ စာဖတ်သူအများရဲ့ ဝေဖန်မှုတွေ ခံ နေရပါတယ်။ 




အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်က စင်ကာပူနိုင်ငံသို့ ဒီကနေ့ မနက်ပိုင်းကပဲ အဲအေးရှား လေယာဉ် QZ 8501 ဟာ လုံခြုံစွာ စင်ကာပူကို ဆင်းသက်ခဲ့တယ်လို့ CNA က ရေးခဲ့ပြီး ပထမ လေယာဉ်ပျောက် ဆုံးပြီး နောက်တရက်မှာ ထွက်ခွာ လာတဲ့ လေယာဉ်လို့ ပြန်လည် ပြင်ဆင် ရေးသားခဲ့ပါတယ်။ 

ဝေဖန်မှုတွေအနေနဲ့ လေကြောင်းလိုင်းအနေနဲ့ ပျောက်ဆုံး လေယာဉ်နဲ့ နံပတ်တူတာကို မသုံးသင့်ဘူးလို့ ဆိုကြသလို CNA အနေနဲ့ ထင်ယောင်ထင်မှားသတင်းမတင်ဘူးလို့လည်း ဆိုကြပါတယ်။

အိမ့်သံစဉ် ~ 













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved