ရန်ကုန် အိန္ဒိယသံရုံးမှာ ယောဂသင်တန်းဖွင့်မည်

Wednesday, December 10, 2014


ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး ယဉ်ကျေးမှုဌာနမှာ ပုံမှန်ယောဂသင်တန်းတွေကို လာမယ့် ဇန်န၀ါရီ ၂ ရက်နေ့၊ ၂၀၁၅ မှာ ဖွင့်လှစ်တော့မယ်လို့သိရပါတယ်။

ဒီ သင်တန်းကို စိတ်ပါဝင်စားသူ မည်သူမဆို အိန္ဒိယသံရုံးမှာ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၃ ရက် နံနက်ပိုင်း ၈ နာရီကနေ ၈နာရီ၄၅မိနစ် အတွင်း ဒါမှမဟုတ်ရင်  ညနေပိုင်း ၄နာရီမှ ၅နာရီအတွင်း လာရောက် စာရင်းပေးသွင်းနိုင်တယ်ပါတယ်တဲ့။

ယောဂဆရာ Mr. Sanjay Kumar က Ashtanga yoga, Hatha yoga နှင့် Bihar School of yoga တို့ကို သင်ကြားပြသပေးမှာပါ။

သင်တန်းသား တစ်ဦးအတွက် စာရင်းသွင်း မှတ်ပုံတင်ကြေးကတော့ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved