မန်ယူ သရေကျပြီး မန်းစီးတီး အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇

Sunday, December 21, 2014



 စနေနေ့ညက ယှဉ်ပြိုင်သွားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးအသင်းက ခရစ်တယ်ပဲလေ့စ် အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး မန်ယူအသင်းကတော့ အဝေးကွင်းမှာ အက်စတွန်ဗီလာနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။

မန်ယူအတွက် ချေပဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူးး ဖယ်ကာအို (ဓာတ်ပုံ - Premier League Fcaebook)

 မန်ယူနဲ့ အက်စတွန်ဗီလာတို့ရဲ့ ပွဲစဉ်မှာတော့ အက်စတွန်ဗီလာက ဦးဆောင်ဂိုး သွင်းယူသွားကာ မန်ယူအတွက် ချေပဂိုးကိုတော့ တိုက်စစ်မှူး ဖယ်လ်ကာအိုက သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ သရေကျသွားတဲ့အတွက် မန်ယူရဲ့ ၇ ပွဲဆက်တိုက် အနိုင်ရရေး မျှော်လင့်ချက် တွေဟာလည်း  အဆုံးသတ်သွားခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပေမယ့် သရေတမှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ဒီပွဲသရေကျလို့ မန်ယူက ၃၂ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။


မန်းစီးတီးအသင်းသားများ (ဓာတ်ပုံ - Premier League Fcaebook)

 မန်းစီးတီးကတော့ ခရစ်တယ်ပဲလေ့စ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဇယားထိပ်က တပွဲလျော့ ချဲလ်ဆီးနဲ့ အမှတ်တူနေပြီး ဆက်လက် ဖိအားပေးနေပါတယ်။ ဒီပွဲတွင် မန်စီးတီးက အိမ်ကွင်းမှာ ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ၃ ယောက် မပါဘဲနဲ့ ယှဉ်ပြိုင်သွားပြီး ခရစ်စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့တာပါ။ အနိုင်ဂိုးတွေကို ကွင်းလယ်သမားတွေဖြစ်တဲ့ ဆေးဗားက ၂ ဂိုးနဲ့ တိုရေးက ၁ ဂိုး သွင်းယူသွားပါတယ်။ ဒီပွဲနိုင်လို့ မန်စီးတီးက ၃၉  မှတ်နဲ့ ဇယားထိပ်က တပွဲလျော့ ချဲလ်ဆီးနဲ့ အမှတ်တူသွားပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၃ နာရီခွဲမှာ စတုတ်စီးတီးကွင်းကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

ဒ့ါထက် ဒီကနေ့ တနင်္ဂနွေည ၁၁ နာရီမှာတော့ လီဗာပူးကွင်းမှာ အာဆင်နယ် သွားရောက် ယှဉ်ပြိုင်မယ့် ပွဲစဉ်ကတော့ ဒီတပတ်ရဲ့ ဆွဲဆောင်မှု အရှိဆုံးပွဲ ဖြစ်နေပါတယ်။


စနေနေ့ည ပွဲစဉ်များရဲ့ ရလာဒ်များ

ဟူးလ်စီးတီး 0 – 2 ဆွမ်းစီး
ကျူပီအာ 3 - 2 ၀က်စ်ဘွန်း
မန်းစီးတီး 3 - 0 ခရစ်စတယ် ပဲလေ့စ်
ဆောက်သမ်တန် 3 – 0 အဲဗာတန်
တော့တင်ဟမ် ဟော့စပါး 2 -  1 ဘန်လေ
ဝက်စ်ဟမ်း 2 - 0 လက်စတာ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved