ဂျပန်-မြန်မာချစ်ကြည်ရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ ကျင်းပ

Monday, December 8, 2014


ဂျပန်နိုင်ငံနဲ့  မြန်မာနိုင်ငံတို့ရဲ့ ချစ်ကြည်ရေးတည်ဆောက်မှု နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမှာရှိတဲ့ ရွှေထွဋ်တင်ကွင်းမှာ ဒီဇင်ဘာလ(၆)ရက်နေ့နှင့်(၇)ရက်နေ့ညတွေက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ အဲ့ဒီ ပျော်ပွဲရွှင်ပွဲမှာ ဂျပန်ရိုးရာအစားအစာတွေ၊ မြန်မာ့ရိုးရာအစားအစာတွေကို စတုဒီသာကျွေးမွေးခြင်း ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားခြင်း အစီအစဉ်တွေ ရိုးရာဖက်ရှင်ပြသခြင်း ၊ တေးဂီတဖျော်ဖြေတာတွေကို ပြုလုပ်ခဲ့ပြီး  အထူးအစီအစဉ်အနေနဲ့ ဂျပန်နိုင်ငံက နာမည်ကြီးဗုံတီးအဖွဲ့ DRUM TAO က ဖျော်ဖြေတဲ့ အစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီပွဲကို  ပရိတ်သတ်ထောင်ပေါင်းများစွာလာရောက်အားပေးခဲ့ကြပါတယ်။

(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)























0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved