သုံးစွဲသူတွေ ပိုစိတ်ဝင်စားမှုရှိအောင် အရာင်တွေ သုံးလာခဲ့ပြီး အရည်အသွေးအနေနဲ့ကတော့ အခုခေတ် ဖုန်းတွေရဲ့ Display အရည်အသွေးထက်အများကြီးနိမ့်နေပါတယ်။အဲဒီ Display တွေဟာစာလုံးတွေ ပြတ်သား မှုမရှိတဲ့ pixel တွေမြင်နေရတဲ့ VGA အဆင့် Display တွေဖြစ်ပါတယ်။ စမတ်ဖုန်းတွေ ပေါ်လာတဲ့အချိန်မှာ တော့ကွန်ပျုတာစကရင်တွေလိုပြတ်သားတဲ့ စာလုံးတွေ နေရောင်၊ အလင်းများတဲ့အချိန်တွေမှာ မြင်တွေ့ကြည့်ရှုနိုင်ဖို့ ဝါးတားတား မဖြစ်တဲ့ ဗီဒီယိုတွေ လိုအပ်လာပါတယ်။ ထိတွေ့မှုကို အာရုံခံနိုင်စွမ်းရှိတဲ့ အလွှာအောက်မှာ အရည်အသွေးမြင့်တဲ့ ဒစ်စ်ပလေးတွေ ထုတ်လုပ်လာခဲ့ကြပြီး အခုအချိန်မှာ စူပါအာမိုလက်ဒ် (AMOLED) တွေ ဒါမှမဟုတ် စူပါအယ်လ်စီဒီ (Super LCD) Display တွေအထိသုံးလာကြပြီး ဖြစ်ပါတယ်။
အစောပိုင်းက TFT-LCD
မိုလ်ဘိုင်းတယ်လီဖုန်းတွေအများစုမှာ အသုံးပြုခဲ့တဲ့ အမျိုးအစားက TFT-LCD အမျိုးအစားဖြစ်ပါတယ်။ အလွယ်တကူ အယ်လ်စီဒီလို့ပဲခေါ်လေ့ရှိပြီး၊ ဈေးသက်သာတဲ့ဘတ်ဂျက် စမတ်ဖုန်းတွေ ဥပမာ HTC Desire C လိုမျိုး စမတ်ဖုန်းတွေနဲ့ Google Nexus 7 လို phablet တွေမှာသုံးထားပါတယ်။ အတိအကျခေါ်ရင် Thin-Film Transistor Liquid Crystal Display (TFT-LCD) ဖြစ်ပါတယ်။ အဲဒီ TFT-LCD တွေထုတ်လုပ်တဲ့ နေရာ မှာတော့ နည်းလမ်းတွေ အမျိုးမျိုးကွဲနေပြီး အဲဒီနည်းပညာတွေမတူညီတဲ့ အယ်လ်စီဒီတွေဟာ တစ်ခု နဲ့ တစ်ခု အရည်အသွေး သိသိသာသာ ကွာခြားမှုမရှိပါဘူး။ အကြမ်းဖျင်းပြောရရင်တော့ ဈေးသက်သာတဲ့ ဖုန်းတွေမှာ သုံးထားတဲ့ စကရင်တွေဟာ အရောင်မစိုပဲ မွဲခြောက်နေတာ၊ ကြည့်ရှုနိုင်တဲ့ ထောင့်ကျဉ်းတာမျိုးတွေဖြစ်ပြီး တည့်တည့် ကြည့်တာမျိုး မဟုတ်ပဲ ဘေးစောင်း ကြည့်ရင် ပုံတွေ မြင်တွေ့ရတာ မကောင်းတာမျိုးတွေဖြစ် တတ်ပါတယ်။ အဆင့်မြင့် အယ်လ်စီဒီတွေ သုံးထားတဲ့ ဖုန်းတွေကတော့ အရောင်အသွေး စိုပြီး ပုံတွေကို ဘေးတိုက်စောင်း ကြည့်ရင်လည်း အဆင်ပြေပါတယ်။ အယ်လ်စီဒီ တွေအားလုံးဟာ နောက်ဖက်ကနေ အလင်းပေးထားဖို့ လိုအပ်ပြီး၊ pixel လေးတွေကို တောက်ပစေပါတယ်။ စူပါအာမိုလက်ဒ်တွေကတော့ အဲဒီလို လုပ်စရာမလိုတဲ့အတွက် အယ်လ်စီဒီတွေထက် ပိုပါးအောင် လုပ်နိုင်ပါတယ်။
Active Matrix (AMOLED မှာလည်း AM ဆိုတာ Active Matrix ကို ပြောတာပါ။) ဆိုတာ pixel အသီးသီးမှာ ထရန်စစ္စတာနဲ့ ကက်ပက်စီတာတစ်ခုစီ တွဲထားပေးတဲ့ အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့အဓိက အားသာချက်က ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာတာနဲ့ သမားရိုးကျ အယ်လ်စီဒီတွေထက် ပြတ်သားမှု ပိုကောင်းစေတာ ဖြစ်ပါတယ်။ အားနည်းချက်ကတော့ ပါဝါစားနှုန်း များလာစေတာ၊ ထောင့်မြင်ကွင်း ကျဉ်းသွားတာနဲ့ အရောင်တွေ ပြန်ထုတ်လုပ်ပေးတဲ့ အလုပ်အားနည်းတာတွေ ဖြစ်ပါတယ်။
နောက်ပိုင်းသုံးတဲ့ IPS
အယ်လ်စီဒီ တွေမှာ TFT နည်းပညာတွေနဲ့အတူ ထုတ်လုပ်သုံးစွဲနေတဲ့ နည်းပညာ အမျိုးအစားနောက်ထပ် တစ်ခုက IPS(In-Plane Swithching) ဖြစ်ပါတယ်။ TFT ထက်အားသာချက်တွေရှိနေပြီး၊ အကြမ်းဖျင်း အတိုချုပ်ပြောရရင် ခရစ္စတယ်တွေဟာ လျှပ်စစ်ဓာတ်အားပေးတဲ့ပုံစံ မတူညီပါဘူး။ ခရစ္စတယ်တွေ အတန်းလိုက်နေရာချထားပုံခြင်း မတူပါဘူး။ အဲဒီလို ပြောင်းလဲပြုပြင်လိုက်တာဟာ ထောင့်မြင်ကွင်း၊ (Viewing Angle) ၊ ပြတ်သားမှုအချိုး (Contrast Vadio ၊ Colour Reproduction ) ပါဝါ စားနှုန်း စတာတွေပိုကောင်းလာ ပါတယ်။ TFT တွေကို ပိုကောင်းအောင် ပြုပြင်ပြောင်းလဲထားတဲ့ အမျိုးအစားလို့ ပြောနိုင်ပါတယ်။ ကုန်ကျစားရိတ် ဈေးနှုန်းကတော့ TFT တွေထက် ပိုမြင့်နေပါတယ်။ စမတ်ဖုန်းတွေမှာသုံးထားတဲ့ ဒစ်စ်ပလေးက TFT လား၊ IPS လားဆိုတာ အဲဒီဖုန်းတွေရဲ့ နည်းပညာ အချက်အလက်တွေကိုကြည့်မှ သိပါလိမ့်မယ်။
iPhone , iPad တွေမှာသုံးထားတဲ့ ရက်တီနာ (Retina) Displayကတော့
နည်းပညာတစ်ခုအနေနဲ့ မဟုတ်ပဲ IPS အယ်လ်စီဒီ တွေမှာပဲ ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ အကွာအဝေး အတွင်းသုံးစွဲသူတွေ ကြည့်ရှုဖို့ အဆင်ပြေအောင် လုံလောက်တဲ့ ရီဆိုလူးရှင်းသုံး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ iPhone 4 ဟာ 960x640 ရီဆို လူးရှင်း၊ အရွယ်အစား ၃.၅ လက်မ မှာ iPhone 5s မှာ IPS အယ်လ်စီဒီ သုံးထားပြီး 330 pixel per inch ရှိပါတယ်။ iPhone 5s က 326ppi IPS LCD,Nexus 5 မှာ True HD IPS+ LCD, 445 ppi သုံးထား ပါတယ်။လက်ရှိ အသုံးများနေတဲ့ ၅.၅လက်မ QHD (QuadHD) ဒစ်စ်ပ လေး တွေက 534 ppiရှိပါတယ်။ iphone 5, iphone 5c နဲ့5s တွေမှာ 1136×640 pixel resolution 360 ppi ရှိတဲ့ဒစ်စ် ပလေး၊ iphone 6 နဲ့ iphone 6 plus တွေ မှာ ဆမ်ဆောင်း ဂလက်ဆီ S5-LTE မှာ 577ppi, ဆမ် ဆောင်း ဂလက်ဆီ Tab S တက်ဘလက် တွေမှာ WQXGA display ရီဆိုလူးရှင်း 2560x1600 pixels သုံးထားပါတယ်။အတိအကျမသိရသေးပေမဲ့ အက်ပဲလ်ကနေ သူ့ရဲ့ipad တွေမှာ 5k (5000) ရီဆိုလူးရှင်း Display တွေ သုံးမယ်လို့ သိရပါတယ်။
အာမိုလက်ဒ် (AMOLED)
အာမိုလက်ဒ် (AMOLED) Active - Matrix Organic LED တွေဟာ သြဂဲနစ် ကွန်ပေါင်းတွေကို အခြေခံ လုပ် ဆောင်ထားပါတယ်။ အရည်အသွေးမြင့်တဲ့ ပုံရိပ်တွေကို ထုတ်ပေးနိုင်ပြီး ပါဝါစားနှုန်းလည်း အလွန်နိမ့်ပါတယ်။ အယ်လ် စီဒီစကရင်တွေနဲ့ မတူတဲ့အချက်က နောက်ဖက်က မီးထိုးပေးစရာ (back-light) မလိုပဲ pixel အသီးသီးကနေ ကိုယ်ပိုင်အလင်းထုတ်ပေးနိုင်ပါတယ်။အယ်လ်စီဒီတွေကို ပါးအောင်လုပ်နိုင်တာဟာ၊ စမတ်ဖုန်းတွေကို ပိုပါးအောင် ထုတ်လုပ်နိုင်လာစေပါတယ်။ ဗီဒီယိုတွေကြည့်ရာမှာ အနက်ရောင်အစစ်ကို ထုတ်ပေးနိုင်ပြီး တခြားစကရင်တွေက မီးခိုးရောင်အရင့်ကိုပဲထုတ်ပေးနိုင်ပါတယ်။ အနက်ရောင်စကရင်တွေ ဖော်ပြပေးဖို့အတွက် လျှပ်စစ်အားသုံးစွဲမှု အလွန်နည်းပါတယ်။ ဒါပေမဲ့ အလားတူ အယ်လ်စီဒီတွေထက် အာမိုလက်ဒ် စကရင်တွေ ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်နေပြီး ထုတ်လုပ်မှု နည်းပညာလည်း ခက်ခဲနေပါတယ်။ HTC Desire ဟာ အာမိုလက်ဒ် စကရင်တွေအစား စူပါ အယ်စီဒီ (Super-LCD) တွေကို ပြောင်းလဲသုံးခဲ့ ပါတယ်။ အာမိုလက်ဒ် တွေဟာ subpixel တွေ နေရာချထားတဲ့ပုံစံ အယ်လ်စီဒီတွေနဲ့ မတူပဲ ပုံရိပ်တွေရဲ့ ပြတ်သားမှုကို ထိခိုက်စေပါတယ်။
အဆင့်မြင့် အယ်လ်စီဒီတွေကတော့ အာမိုလက်ဒ်တွေထက် အရောင်ထုတ်ပေးနိုင်တဲ့ အရည်အသွေးပိုကျယ် ပြန့်များပြားပါတယ်။ အဲဒီအချက်က နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေအရ ပြောတာဖြစ်ပေမယ့် ပုံမှန်သုံးစွဲသူတွေကနေ နည်းပညာ မတူညီတဲ့ Display နှစ်ခုရဲ့ ကွဲပြားမှုကို ကြည့်ရုံနဲ့ သိနိုင်မှာ မဟုတ်ပါဘူး။
စူပါအာမိုလက်ဒ် (Super AMOLED)
စူပါ အာမိုလက်ဒ် နဲ့ စူပါ အယ်စီဒီ တွေဟာ လက်ရှိ စကရင်နည်းပညာတွေထဲမှာ အကောင်းဆုံးနဲ့ ရေပန်း အစားဆုံး နည်းပညာနှစ်မျိုး ဖြစ်ပါတယ်။ ဥပမာ ပြောရရင် HTC ရဲ့ One အုပ်စုထဲက ဖုန်းတွေဟာ စူပါအယ်လ်စီဒီတွေသုံးထားပြီး ဆမ်ဆောင်းအုပ်စုကတော့ စူပါအာမိုလက်ဒ်တွေကို သုံးထားပါတယ်။ ဆမ် ဆောင်းရဲ့ Note3 မှာနဲ့နောက်ပိုင်းထုတ် ဖုန်းတွေမှာ စူပါအာမိုလက်ဒ် အယ်စီဒီတွေ သုံးထားပါတယ်။ စူပါအာမိုလက်ဒ် စကရင်တွေဟာ OLED pannel တွေရဲ့ နောက်မှာတစ်ပိုင်း လျှပ်ကူးဖလင် (Sem- iconducting Film) အလွှာတစ်ခုထည့်ထားပြီး pixel တွေကို အသက်ဝင် (activate) လုပ်တာ ပိုမြန်စေပါတယ်။ ဒါဟာ ပိုပြီး အရွယ်အစားကြီးမားတဲ့ ၊ high defination display တွေရဲ့ များပြားလှတဲ့ pixel တွေကိုလုပ်ဆောင်ရာမှာပိုမို မြန်ဆန်စေပြီး ပုံမှန်သုံးနေကြတဲ့ အယ်လ်စီဒီတွေထက်အဆ ၁၀၀၀ လောက် ပိုမြန်စေပါတယ်။
အာမိုလက်ဒ်တွေဟာ pixel အသီးသီးကနေ အလင်းတောက်ပမှုဖြစ်စေတဲ့အတွက် ပြတ်သားမှု (contrast) အပိုင်းမှာလည်း တော်တော်ကောင်းပါတယ်။ မြင်ကွင်းထောင့်ကျယ်ပြီး အလင်းပေါက်ပစ္စည်းတွေ ဒါမှမဟုတ်ပျော့ပြောင်းကွေးညွတ်နိုင်တဲ့ပစ္စည်းတွေထုတ်လုပ်နိုင်တဲ့အတွက် ဟန်းဒ်ဆက်အခုံး၊ အခွက်တွေထုတ်လုပ်ဖို့ လုပ်ဆောင် နေကြပါတယ်။ ဆမ်ဆောင်းရဲ့ ဂလက် ဆီရောင်းဒ် (Galaxy Round) လို ဟန်းဆက်တွေမှာ အဲဒီလို ဒစ်စ်ပလေးတွေ သုံးထားပါတယ်။ အာမိုလက်ဒ် touchscreen တွေက ထိတွေ့မှုအာရုံခံနိုင်စွမ်းရှိတဲ့ အလွှာက သီးခြားထားပေးရလေ့ရှိပေမယ့် ဆမ်ဆောင်းရဲ့ အာမိုလက်ဒ်တွေက အဲဒီထိတွေ့မှု အာရုံ ခံနိုင်တဲ့အလွှာကို စကရင်မှာ တပါတည်း ထည့်သွင်းလုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ အကျိုးဆက်ကတော့ ပိုပါး ပိုပေါ့ပြီး ထိတွေ့မှု အာရုံခံနိုင်စွမ်း ပိုမြင့်ပြီး၊ ပါဝါစားနှုန်း ပိုနည်းတဲ့ Displayတွေ ဖြစ်လာစေပါတယ်။ ဒါတွေတင်မကသေးပါဘူး၊ ထိတွေ့မှု အာရုံခံ လုပ်ဆောင်ပေးတဲ့ အလွှာကို သီခြားမထားတဲ့အတွက် အလင်းပြန်မှု ပိုလျော့စေပြီး အလင်းအားမြင့်တဲ့ နေရာတွေနဲ့ နေရောင်ကျတဲ့ နေရာမျိုးတွေမှာ စကရင်ကို ကြည့်ရတာ ပိုအဆင်ပြေစေပါတယ်။
တခြားတစ်ဖက်မှာတော့ အာမိုလက်ဒ် တွေဟာ ပုံရိပ်တွေနည်းနည်း burn ဖြစ်လေ့ရှိပြီး အလားတူ အရွယ် အစား၊ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်တဲ့ အယ်လ်စီဒီတွေထက် စာရင် sub pixel တွေရဲ့ အရေအတွက်ကို လျော့ချထားတဲ့ PenTile matrix ကိုတော့ ဆမ်ဆောင်းရဲ့ S2 မှာ သုံးထားပါတယ်။ အဲဒီမှာ သတိထားရမှာက ဆမ်ဆောင်း ကနေ အာမိုလက်ဒ်စကရင်တွေသုံးထားတယ် ဆိုပေမဲ့နောက်ကွယ်က အာမိုလက်ဒ် စကရင်နည်း ပညာတွေ အများကြီး ရှိနေပါတယ်။ Galaxy S2 လိုဖုန်းတွေမှာ သုံးခဲ့တဲ့ စူပါ အာမိုလက်ဒ် ပလပ်စ် (Super AMOLED Plus) ဟာ သမရိုးကျ RBG matrix ကိုသုံးမထားပဲ PenTile Matrix ကို သုံးထားပါတယ်။ ဒါဟာ subpixel တွေကို ၅၀ရာခိုင်နှုန်းလောက် ပိုသုံးထားတာဖြစ်ပြီး၊ ပုံရိပ် ပြတ်သားမှု ပိုကောင်းပေမဲ့ စူပါ အာမိုလက်ဒ်တွေထက် ပိုနှေးနေပါတယ်။ အဲဒီအတွက် ဆမ်ဆောင်းက အဲဒီနည်းပညာသုံး စူပါ အာမိုလက်ဒ် ပလပ်စ် Display တွေကို သူ့ရဲ့နောက်ပိုင်းထုတ် ဖုန်းတွေမှာ ဆက်ပြီး မသုံးတော့တာ တွေ့ရပါတယ်။ ဆမ်ဆောင်းကနေ တခြားနည်းပညာသုံး အာမိုလက်ဒ်တွေကိုပြောင်းသုံးခဲ့ပါတယ်။ လက်ရှိ သုံးနေတဲ့ အာမို လက်ဒ်စကရင်တွေက ရီဆိုလူးရှင်း 720x1280 ရှိတဲ့ စူပါအာမိုလက်ဒ် စကရင်တွေနဲ့ Full HD ရီဆိုလူးရှင်း 1080x1920 ရှိတဲ့ အမျိုးအစား နှစ်ခုရှိနေပါတယ်။
စူပါ အယ်လ်စီဒီ (Super LCD)
စူပါ အာမိုလက်ဒ် ရဲ့နောက်မှာထုတ်လုပ်ဖြန့်ချိခဲ့တဲ့ အမျိုးအစားဖြစ်ပြီး၊ အာမိုလက်ဒ်နဲ့ မတူပဲ အယ်လ်စီဒီ တွေထုံးစံ အတိုင်းနောက်ဖက်က မီးထွန်းပေးဖို့ လိုပါတယ်။ အဲဒီအတွက် စကရင် တစ်ခုလုံး အနှံလင်းနေစေပြီး၊ အမည်းရောင် ဧရိယာတွေကိုပါ မီးထွန်းပေးထားပါတယ်။ အဲဒီအမျိုးအစားက အယ်လ်စီဒီ အုပ်စုဝင်ဖြစ်လို့ ခရစ္စတယ် အရည်တွေကို သုံးထားပြီး၊ လိုအပ်တဲ့ pixel တွေကို ရော၊မလိုအပ်တဲ့ pixel တွေကိုပါ လျှပ်စစ် ဓါတ်အား (Electrical Charge) ပေးထားရတဲ့အတွက် အားလုံးကို အလင်းပေးထားသလိုဖြစ်နေပြီး၊ အလင်းအနည်းနဲ့ အများပဲ ကွာခြားမှုရှိပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့ နည်းပညာကြောင့် အမည်း ရောင်တွေဟာ ဘယ်တော့မှ ရာခိုင်နှုန်းပြည့် အမည်းရောင် အစစ်ရလေ့ မရှိပါဘူး။ ဖော်ပြမပေးနိုင်ပါဘူး။
ပုံမှန်သုံးနေကျ အယ်လ်စီဒီ တွေဟာ အပြင်ဖက်က မှန် (glass) နဲ့ Display ပစ္စည်း (display element) တွေ ကြားထဲက နေရာလွတ်မှာ လေတွေ ရှိနေပြီး၊ အယ်စီဒီ တွေရဲ့ကြားထဲမှာ အဲဒီလိုဟနေတဲ့ နေရာလွတ် မရှိအောင် ဖယ်ထုတ်ထားပါတယ်။ အဲဒီအချက်ဟာ စူပါအာမိုလက်ဒ် တွေလို ရလဒ်ကောင်းတွေ ရရှိစေပါတယ်။
အလင်းပြန်တာကို လျော့ချထား နိုင်တဲ့အတွက်အခန်းပြင်ပမှာနဲ့ နေရောင် တောက်ပနေတဲ့နေရာမျိုးမှာ အလွယ် တကူ ကြည့်နိုင်စေပါတယ်။ သုံးနေကျ အယ်စီဒီတွေထက် ပိုပါးပြီး၊ ပါဝါစားနှုန်းလည်းပိုလျော့ပါတယ်။စူပါ အယ်လ် စီဒီတွေက အရောင်ဖျော့တွေ ဖော်ပြတဲ့အချိန်မှာ ပါဝါစားနှုန်းသိသိသာသာနည်းတာကြောင့် ၀က်ဘ်ထဲဝင်ကြည့်တဲ့အခါ အဖြူရောင်နောက်ခံ ၀က်ဘ်ဆိုက်တွေ ကြည့်ရာမှာ ပိုသိသာပါတယ်။ ဒါပေမဲ့ စူပါအာမိုလက်ဒ်တွေရဲ့အနက်ရောင်ဖော်ပြတဲ့ အချိန်ပါဝါစားနှုန်းနည်းသလောက်တော့ မလျော့ချနိုင်ပါဘူး။
စူပါအယ်လ်ဒီစီတွေက ပိုပြီး ရှုပ်ထွေးတဲ့ စူပါအယ်စီဒီ ၂၊ စူပါ အယ်လ် စီဒီ ၃ ဆိုပြီး ဖြန့်ချိထား ပါတယ်။ စူပါ အယ်လ်စီဒီ ၃ ဟာ အယ်လ်စီဒီ ၂ ထက် ပိုတောက်ပမှု၊ မြင်ကွင်း ထောင့်အကျယ် ပိုကောင်းမှု၊ ဗီဒီယိုတွေကြည့်ရာမှာ ၀ါးတားတား မဖြစ်အောင် ပိုမြန်တဲ့ refresh rate တွေတိုးတက်လုပ်ဆောင် ပေးပါလိမ့်မယ်။
စူပါအယ်လ်စီဒီ ၃ ဒစ်စ်ပလေးကို HTC One(M8) ၊ HTC J-Butterfly စတဲ့ စမတ်ဖုန်းတွေမှာသုံးထားပြီး၊ စူပါအယ်စီဒီ တွေကို S-LCD ကော်ပိုရေးရှင်းက ထုတ်လုပ်ထားပါတယ်။ အဲဒီ ကော်ပိုရေးရှင်းကလည်း ဆမ်ဆောင်းအီလက်ထရောနစ်ရဲ့ထောက်ပံ့ရင်းနှီးမြုပ်နှံမှုနဲ့ ၂၀၀၄ ဧပြီလက တည်ထောင်ထားတဲ့ တောင်ကိုရီးယားကုမ္ပဏီ ဖြစ်ပါတယ်။
အာမိုလက်ဒ်တွေကို ဆမ်ဆောင်းကပဲ ထုတ်လုပ်ထားပြီး အက်ပဲလ် ရဲ့ရက်တီနာ(Retina) တွေကိုတော့ လက်ရှိ အချိန်မှာ LG က ထုတ်လုပ်ထားပါတယ်။ iPad ရဲ့ screen တွေကို ဆမ်ဆောင်းကထုတ်လုပ်ထားပြီး၊ ဆမ် ဆောင်း ပစ္စည်းတွေအားလုံးဟာ အာမို လက်ဒ်တွေချည်းပဲ မဟုတ်ပါဘူး။ဈေးသက်သာတဲ့ စမတ်ဖုန်းတွေကို တခြား Display တွေ သုံးထားပါတယ်။
အခုရေးထားတာတွေက နည်းပညာပိုင်းဆိုင်ရာအချက်အလက်တွေ ဖြစ်ပြီး၊ သင့်အနေနဲ့ အဲဒီအချက်အလက် တွေ အတိုင်းလက်တွေ့ရွေးချယ် ၀ယ်ယူဖို့ မဖြစ်နိုင်တာမျိုး ဒါမှမဟုတ် လက်တွေ့ စမ်းသပ်ကြည့်ဖို့ မဖြစ်နိုင် တာမျိုး ကြုံနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အလားတူ၊ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေ အနီးစပ်ဆုံး တူတဲ့ မိုလ်ဘိုင်းဖုန်း နှစ်လုံးကို လက်တွေ့နှိုင်းယှဉ်စမ်းသပ်ကြည့်တာမျိုး လုပ်သင့်ပါတယ်။
ဖိုးနိုင်ဝင်း (မာစတာပိစ်)
“အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အမှတ်စဉ်(၅၀)တွင် ဖော်ပြထားပါသည်”
0 comments :
Post a Comment