ပျက်ကျ အဲအေးရှားလေယာဉ်ရဲ့ Black Box ကို ရှာတွေ့ပြီ

Monday, January 12, 2015


အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပျံသန်းရင်း ဂျာဗားပင်လယ်ပြင်မှာ ပျက်ကျသွားခဲ့တဲ့ အဲအေးရှား QZ8501 လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းများ သိုလှောင်ထားရာ Black Box ကို ရှာဖွေတွေ့ရှိသွားပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ကြေညာလိုက်ပါပြီ။ 

 အဲအေးရှားလေယာဉ်ပျက်ကို ပင်လယ်တွင်းမှ ဆယ်ယူမှု မြင်ကွင်း၊ ဓာတ်ပုံ-CNA

 လေယာဉ်ပျက်ကျအပြီး ရှာဖွေရေးများ နေ့စဉ် လုပ်ဆောင်လာနေရင်း ၁၆ ရက်မြောက်နေ့မှာ ပင်လယ်
ကြမ်းပြင်အောက် မီတာ ၃ဝ မှ ၃၂ မီတာလောက်အနက်မှာ လေယာဉ်ရဲ့ Black Box ကို အင်ဒိုနီးရှား ရေ တပ် သင်္ဘော KN Jadayat က တွေ့ရှိခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား ပို့ ဆောင်ရေးဝန်ကြီး Tonny Budiono က ပြောပါတယ်။ 

ပျက်ကျ အဲအေးရှားလေယာဉ်ရဲ့ Black Box ဆိုတာကို အင်ဒိုနီးရှားအာဏာပိုင်တွေက အတည်ပြုပြီး တဲ့နောက် ဒီကနေ့ တနင်္လာနေ့ နံနက်ပိုင်းမှာ Black Box ကို ရေငုတ်သမားတွေက ဆယ်ယူတော့ မှာဖြစ် တယ်လို့လည်း စင်ကာပူအခြေစိုက် CNA သတင်းတပုဒ်က ရေးပါတယ်။ 

အဲအေးရှားလေယာဉ်ဟာ လူပေါင်း ၁၆၂ ဦးကို သယ်ဆောင်ရင်း ပျက်ကျသွားတာဖြစ်ပြီး လေယာဉ်ပေါ် ပါသွားသူအားလုံး အသက် ဆုံးရှုံးသွားကြပြီလို့ ယုံကြည်ထားကြပါတယ်။ 

အခု လေယာဉ်ပျက်ကျမှု အကြောင်းအရင်းနဲ့ပတ်သက်ပြီး Black Box က မှတ်တမ်းများကို စစ်ဆေးမှုတွေ လုပ်ပြီးရင် သိရှိရမှာဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 


ကိုးကားသတင်း။   ။ http://www.channelnewsasia.com/news/asiapacific/airasia-qz8501-black-box/1583208.html?cid=TWTCNA



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved