အကြမ်းဖက်မှုကို အံတုတဲ့ သမိုင်းဝင် ပါရီ လူထု ချီတက်ပွဲ

Monday, January 12, 2015


ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မကြာသေးခင်က အကြမ်းဖက်တိုက်ခိုက်ခံရလို့ ကွယ်လွန်သွားကြသူတွေအတွက် 
အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ လူပေါင်း ၂ သန်းလောက်ဟာ တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့လယ်က Place de la Republique ရင်ပြင်ကို ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက်ကာ အကြမ်းဖက်မှုကို အံတု ခဲ့ကြ ပါတယ်။ 

 အကြမ်းဖက်မှု အံတုနေတဲ့ ပါရီမြို့လယ်က သမိုင်းဝင် လူစုလူဝေးကြီး၊ ဓာတ်ပုံ- France 24

စုဝေးရောက်ရှိလာကြတဲ့ လူထောင်ပေါင်းများစွာဟာ “ချာ လီ” “ချာလီ”လို့ ညီညာစွာ သံပြိုင်အော်ကြကာ အံတုကာ စည်းလုံး ညီညွတ်မှုကို ပြသရင်း အကြမ်းဖက်ဝါဒကို ကန့်ကွက် ရှုတ်ချကြတယ်လို့ ပြင်သစ် ၂၄ သတင်းဌာနက ဆိုပါတယ်။ 

သမိုင်းဝင် ပါရီ လူထု စုဝေးပွဲကြီးကို ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန် အပါအဝင် ဗြိတိန်၊ ဂျာမနီ၊ နေတိုး နဲ့ အာရပ် အဖွဲ့ချုပ်နိုင်ငံများ စတဲ့ နိုင်ငံတကာ ခေါင်းဆောင်ပေါင်း ၅ဝ ကျော်နဲ့ ဒါဇင်နဲ့ချီတဲ့ မွတ်စလင်၊ ဂျူး၊ ခရစ်ယာန် ဘာသာရေး ခေါင်ဆောင်တွေလည်း တက်ရောက်ကြပါတယ်။ 

အကြမ်းဖက်မှုကြောင့် သေဆုံးသွားကြသူ ဂျာနယ်လစ်တွေနဲ့ ရဲဝန်ထမ်း စုစုပေါင်း ၁၇ ဦးအတွက် ပြင်သစ်
နိုင်ငံက အောက်မေ့ ဂုဏ်ပြုကြတဲ့ လူစုလူဝေးကြီးဟာ Charlie Hebdo မဂ္ဂဇင်းနဲ့ အတူ ရပ်တည်မယ်လို့ လည်း သန္တိဌာန်ပြုကြပါသေးတယ်။ 

ဒါဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တို့အတွက် သမိုင်းဝင် အံတုတဲ့ ပွဲကြီးလည်း ဖြစ်ပါ တယ်။  

နောက်ဆုံးရရှိတဲ့သတင်းများအရ အကြမ်းဖက်မှုကို အံတု ကန့်ကွက်ကြတဲ့ပါရီ လူထုစုဝေးပွဲကြီးမှာ လူပေါင်း ၃.၇ သန်း ကျော် ရှိတယ်လို့ ဆိုကြပါတယ်။  



Charlie Hebdo မဂ္ဂဇင်းတိုက်မှာ လူ ၁၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရစေခဲ့တဲ့ အကြမ်းဖက်မှုကို ကျူးလွန် ခဲ့သူလို့ ယုံကြည်ရတဲ့ ပြင်သစ်နိုင်ငံသား မွတ်စလင် အစွန်းရောက် Kouachi ညီအကို ၂ ဦးကတော့ မနေ့တုန်းက ပါရီမြို့ အရှေ့ မြောက်ဘက် Dammartin-en-Goële မြို့မှာ အသေဖမ်းဆီးရမိခဲ့ပါတယ်။ 

Charlie Hebdo မဂ္ဂဇင်းတိုက် အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ နောက်ဆက်တွဲ ကြာသပတေးနေ့က ပါရီမြို့ က ဂျူးကုန်တိုက်တခုမှာ ဓားစာခံ ပြန်ပေးဆွဲအကြမ်းဖက်မှု ကျူးလွန်ခဲ့သူ Amedy Coulibaly ဆိုတဲ့ အမျိုး သားတဦးကိုလည်း မနေ့ တုန်းက အသေဖမ်းမိခဲ့ပြီး ဓားစာခံ ၄ ဦးကတော့ ဖြစ်စဉ်အတွင်းမှာ အသက်ဆုံး ရှုံးခဲ့ရပါတယ်။ 

 Amedy Coulibaly ဆိုသူ အမျိုးသားဟာ ပါရီမြို့မှာပဲ ကြာသပတေးနေ့က ပြင်သစ်ရဲအမျိုးသမီးကို ပစ် ခတ်ခဲ့လို့ အဆိုပါ အမျိုးသမီးလည်း သေဆုံးခဲ့ရပါတယ်။ 

Amedy Coulibaly ကို ဂျူးကုန်တိုက်တွင် ဓားစာခံတွေဖမ်းဆီးမှုမှာ ကူညီခဲ့သူလို့ ယုံကြည်ရတဲ့ သူ့ရဲ့ ရည်းစား Hayat Boumeddiene  ဆိုသူ အမျိုးသမီးကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ 

ပြင်သစ်အာဏာပိုင်တွေကတော့ အဆိုပါ အမျိုးသမီးဟာ ပြင်သစ်မြေပေါ် မှာ မရှိတော့လောက်ဘူး လို့ ပြောဆိုနေပါတယ်။ 

တချို့ပြင်သစ် သတင်းတွေကလည်း အဆိုပါ Hayat Boumeddiene ဆိုသူ အမျိုးသမီးဟာ ဆီးရီးယား
နိုင်ငံကို ရောက်နေလောက်ပြီလို့လည်း ဆိုနေကြပါတယ်။ 


 အိမ့်သံစဉ် ~ 


ကိုးကားသတင်း။  ။ http://www.france24.com/en/20150110-paris-rally-charlie-hebdo-sunday-leaders/




1 comments :

  1. Anonymous said... :

    မြန်မာပြည်ကမွတ်ဒေါင်းတွေနဲ့ ကွာပ..ပြင်သစ်ပြည်သူတွေအမှန်တရားကိုလက်ခံကျတယ်။
    မြန်မာပြည်ကဆန်ကုန်မြေလေးမွတ်ဒေါင်းတွေလီးပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved