"ပြည်သူတွေကို တောင်းပန်ရမယ်" နဲ့ အင်တာဗျူးစုစည်းမှု

Tuesday, January 20, 2015

.




ရုပ်သံအင်တာဗျူး စုစည်းမှု စာအုပ် ဒီရက်ပိုင်းအတွင်း စာအုပ်ဈေးကွက်ထဲ ရောက်လာပါတယ်။
ဟံသာဝတီ ဦးဝင်းတင်ရဲ့ အင်တာဗျူး ၂ ခုနဲ့ စာအုပ်ကို စဖွင့်ပါတယ်။
အမှားတရားတွေ ဖော်ထုတ်ရမယ်၊ ပြည်သူတွေကို တောင်းပန်ရမယ် ဆိုတဲ့ အင်တာဗျူးတွေပါ။

ကိုမင်းကိုနိုင်၊ ဆရာတော် ဦးဇ၀န၊ ဦးလှဖူး၊ နှင်းပန်းအိမ်၊ ကိုဝင်းချို၊ မခင်ဥမ္မာ၊ ဦးလှရွှေ၊ ကိုစောထွန်းထွန်း၊ ဒေါက်တာဇော်ဦး၊ မဝေနှင်းပွင့်သုန်၊ ဖဒိုမန်းရင်စိန်၊ ကိုဘိုကြည်တို့နဲ့ ဗျူးထားတာတွေလည်း ပါပါတယ်။

စုစုပေါင်း ၁၆ ပုဒ်။

အင်တာဗျူးထားသူကတော့ ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး ဖြစ်ပါတယ်။

ရန်ကုန်မြို့ စာနဒီ စာအုပ်တိုက်က ထုတ်တဲ့ ဒီစာအုပ်ရဲ့ ရောင်းဈေးကို ကျပ် ၃,၅၀၀ သတ်မှတ်ထားပါတယ်။ စာအုပ်ဆိုင်ကြီးတွေမှာ ၀ယ်ယူ ဖတ်ရှုနိုင်ပါပြီ။

စာအုပ် ရှေ့ဖုံး၊ နောက်ဖုံး၊ အမှာစာတို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဇာနည်ဝင်း






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved